The Times မှ ဖော်ပြ လိုက်တဲ့ သတင်း တွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာ အတွက် ရီးယဲ မက်ဒရစ် အသင်း ဖက်မှ ဂျိမ်းစ် ရိုဒရီဂွက် + ပေါင် 27.4 သန်း ဆိုတဲ့ ကမ်းလှမ်းမှု ကို ပယ်ချ လိုက်တယ် လို့ သိရှိ ရ ပါတယ် ။

ရိုဒရီဂွက် ဟာ ဒီနွေ မှာ ရီးယဲ မက်ဒရစ် ဆီကို ပြန်လည် ရောက်ရှိ ခဲ့သူ ဖြစ်ပြီး ဇီဒန်း ကတော့ ပေါ့ဂ်ဘာ ကို ခေါ်ယူ ရာမှာ ငွေကြေး လုံလောက်မှု ရှိစေ ဖို့ ကိုလံဘီယာ သားကို ရောင်းချ နိုင်ဖို့ ၊ ဒါမှမဟုတ် ကစားသမား အလဲ အထပ် လုပ်ဆောင် သွားဖို့ ဆန္ဒ ရှိနေ တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် ဖက်က ပေါ့ဂ်ဘာ အတွက် ပြောင်းရွှေ့ ကြေး ပေါင် 150 သန်း အထိ ရရှိ နိုင်ဖို့ မျှော်လင့် နေတာ ကြောင့် ရီးယဲ ဖက်က ကမ်းလှမ်း တဲ့ ရိုဒရီဂွက် + ပေါင် 27.4 သန်း ဟာ သရဲနီ တို့ မျှော်မှန်း ထားတဲ့ ပမာဏ ထက် အတော်လေး ကို နည်းပါး နေခဲ့ တာပဲ ဖြစ် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ဒီနွေ အတွင်း ရီးယဲ မက်ဒရစ် ၊ ဂျူဗင်တပ် အသင်း တို့နဲ့ အပြောင်း အရွှေ့ သတင်း တွေ များစွာ ထွက်ပေါ် ခဲ့ပေမယ့် ရာသီ ကြို ပွဲစဉ် တွေမှာ ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသ နိုင်ခဲ့ တာကြောင့် အပြောင်း အရွှေ့ သတင်း တွေ ခေတ္တ ဆိတ်ငြိမ် သွားခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် တို့ ကာဒစ်ဖ် မြေမှာ အေစီ မီလန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ပေါ့ဂ်ဘာ ဟာ အသင်း နဲ့ လိုက်ပါ နိုင်ခဲ့ မှု မရှိ ခဲ့တဲ့ အတွက် အသင်း ပြောင်းဖို့ လုပ်ဆောင် နေပြီ ဆိုတဲ့ ကောလဟာလ သတင်း တွေ ပြန်လည် ထွက်ပေါ် လာခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ပေါ့ဂ်ဘာ ဟာ နောက်ကျော နာကျင် နေတဲ့ ဝေဒနာ သာ ခံစား နေရတာ ဖြစ်ကြောင်း ၊ ဒီရာသီ ပေါ့ဂ်ဘာ ဟာ အသင်း မှာပဲ ဆက်လက် ရှိနေ မှာ ဖြစ်ကြောင်း ဆိုးလ်ရှား က အပြောင်း အရွှေ့ သတင်း တွေ အပေါ် ငြင်းဆန် စကား ဆိုခဲ့ ပါ သေးတယ် ။

ဒါ့အပြင် ပေါ့ဂ်ဘာ ဟာ နာကျင်မှု ဝေဒနာ အနည်းငယ် ခံစား နေရ ပေမယ့် ရာသီ အဖွင့် ပွဲစဉ် အဖြစ် ပြိုင်ဖက် ကောင်း ချဲလ်ဆီး နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် မှာ ပြင်သစ် လက်ရွေးစင် ဟာ အလျင်မီ ပြန်လည် ပါဝင် နိုင် လိမ့်မယ် လို့ မျှော်လင့် ထားကြောင်း ဆိုးလ်ရှား က ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ရီးယဲ မက်ဒရစ် အသင်း ဖက်မှ လက်မလျော့ သေးပဲ ပေါ့ဂ်ဘာ ကို ခေါ်ယူ နိုင်ရေး အတွက် ဂျိမ်းစ် ရိုဒရီဂွက် ၊ ဂါးရတ် ဘေးလ် နဲ့ မာရီယာနို ဒီယက်ဇ် တို့ကို ရောင်းချ သွားဖို့ ရှိနေ ကြောင်း သိရှိ ရပြန် ပါတယ် ။

2014 ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ တောက်ပ ခဲ့တဲ့ ဂျိမ်းစ် ရိုဒရီဂွက် ဟာ ရီးယဲ မက်ဒရစ် အသင်း မှာ ခြေစွမ်း ပြနိုင် ဖို့ ၊ ပွဲထွက် ကစားသမား အဖြစ် ပါဝင် နိုင်ဖို့ ရုန်းကန် ခဲ့ရ သူ ဖြစ်ပြီး အဲ့ဒီနောက် ဘိုင်ယန် မြူးနစ် အသင်း မှာ 2 ရာသီ အငှား သွားရောက် ကစား ခဲ့ရ သူပဲ ဖြစ်ပါတယ် ။

အခုတော့ ရီးယဲ မက်ဒရစ် အသင်း ဟာ သူ့ကို သြဂုတ်လ 15 ရက်နေ့ မတိုင်မီ ရောင်းချ သွားဖို့ ပစ်မှတ် ထားနေ ပါတယ် ။ ဂျိမ်းစ် ကို ခေါ်ယူ ဖို့ အတွက် တော့ စီးရီးအေ ကလပ် နာပိုလီ အသင်း က စိတ်ဝင်စား နေတယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar