ဒီဗို့အိုရီဂီဟာ သူ့ရဲ့ ဒါဘီပွဲစဉ်တွေမှာ လီဗာပူး အတွက် အကောင်းဆုံး စွမ်းဆောင် ပေးနေမှုကို မနေ့ညက အဲဗာတန် နဲ့ပွဲမှာ ဆက်လုပ် နိုင်ခဲ့ပြီး ယာဂန်ကလော့ ဟာ ဘယ်ဂျီယံသား ရဲ့ ခြေစွမ်းပြခဲ့မှု အပေါ် ချီးကျူး သွားခဲ့ပါတယ်။ အိုရီဂီဟာ အဲဗာတန်ကို အန်ဖီးမှာ ၅-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ လီဗာပူး အတွက် ၂ ဂိုး သွင်းပေး ခဲ့ပြီး ကြိုးကြာနီ တို့ အမှတ်ပေးဇယားထိပ်မှာ ရမှတ် အသာနဲ့ ဆက်လက် ဦးဆောင် နိုင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ်။

ဘယ်ဂျီယံ စတားဟာ တိုက်စစ်မှာ ရော်ဘတ်တိုဖာမီနို ကို ကျော်ကာ ပွဲထွက်ခွင့် ရရှိ ခဲ့ပြီး လက်ရှိမှာတော့ မာဆေးဆိုက် ဒါဘီမှာ ၅ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်ကာ ပရီးမီးယားလိဂ် ခေတ်အတွင်း ရော်ဘီဖောင်လာ နဲ့ စတီဗင်ဂျာရတ် တို့ကသာ ဒီဒါဘီမှာ လီဗာပူး အတွက် ဂိုးပိုမို သွင်းထား ခဲ့ပါတယ်။

အိုရီဂီရဲ့ စွမ်းဆောင်ရည် အပေါ်ကလော့ က ‘ထူးချွန်လှ ပါတယ်။ ဒီပွဲမှာ သူဘယ်လောက် ကောင်းအောင် ကစား သွားသလဲဗျာ။ ဒါဟာ ဂိုးတွေ ကြောင့်ပဲ မဟုတ်ပါဘူး။ ဒါပေမယ့် ဂိုးတွေ ကတော့ ထူးခြား ပြောင်မြောက် လှပါတယ်။ ပထမဂိုးဟာ အရမ်း ကောင်းတဲ့ တိုက်စစ် ကစားပုံကြောင့် ဖြစ်ပါတယ်။ ဘောလုံး ပြန်လည် ရယူတယ်။ အဒမ်လယ်လာနာ ဟာ ဆာဒီယို ကို ထိုးပေးတယ်။ ဆာဒီယိုဟာ ပြေးလွှားမှုကို မြင်တယ်။ သူ့ရဲ့ ပြေးလွှားမှုနဲ့ အတူ တကယ့် အချိန်ကောင်းမှာ ဘောလုံး ပေးပို့ နိုင်ခဲ့ပြီး တစ်ချက်ထိ လိုက်ကာ အဖွင့်ဂိုး ဖြစ်သွား ခဲ့ပါတယ်။ အရမ်း ကောင်းပါတယ်။

ဒုတိယဂိုး .. ငယ်ငယ်တုန်းက ဂျာမနီမှာ အပတ်တိုင်း ကျွန်တော် အမြဲ လုပ်လေ့ ရှိတာ ကတော့ goals of the week နဲ့ goal of the month ကို အမြဲတမ်း ကြည့်လေ့ ရှိတာ ပါပဲ။ သူတို့ ဒါတွေကို ရွေးချယ်တဲ့ အခါ အိုရီဂီ ရဲ့ ဒီဂိုးဟာ ဆန်ကာတင် ထဲမှာ ပါ၀င် နို်င်မှာ ဖြစ်ပါတယ်။ အရမ်း ကောင်းတဲ့ ပထမထိချက်နဲ့ အတူ ယခုလိုမျိုး အဆုံးသတ် သွားခဲ့တာပါ။ ဒါ့အပြင် မယုံနိုင်လောင်အောင် ကျွန်တော်တို့ အတွက် အရေးပါတဲ့ ပြေးလွှားမှုနဲ့ အတူ ၊ ရွေ့လျားမှုတွေ ၊ သူ့ရဲ့ ပြေးအားကို အသုံးချပုံတွေဟာ တအား ကို သဘာဝ ကျပါတယ်။ ဒါဟာ အရေးပါဆုံး အရာ ပါပဲ။ ဆာဒီယို ၊ ရှက် တို့နဲ့ နားလည်မှု ကလည်း ကောင်းလွန်း နေခဲ့ပါတယ်။ ဒါ့ကြောင့် ဒေ့ဗ် ရဲ့ တကယ်ကို ကောင်းမွန် လှတဲ့ စွမ်းဆောင်မှုပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့ က “ဒါဟာ ကျွန်တော်တို့ အပြောင်းအလဲတွေ ပြုလုပ်တဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ မန်နေဂျာ တစ်ဦး အနေနဲ့ ဒါမျိုးကို မျှော်လင့် ထားခဲ့ပါတယ်။ ကောင်လေးတွေ ဒီညမှာ လုပ်ပြ ခဲ့သလိုမျိုး လုပ်နိုင် ခဲ့မယ် ဆိုရင် ဒါဟာ မန်နေဂျာ တစ်ဦး အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံး ခံစားချက် ပါပဲ။ ဒါဟာ ဒီလိုမျိုး အလုပ် ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို မအ့ံသြစေတဲ့ အပြင် ပြီးပြည့်စုံဖို့ အတွက်လည်း မျှော်လင့် မထား ခဲ့ပါဘူး။ ဒါပေမယ့် manner ကတော့ ကောင်းလွန်း ပါတယ်။

ဒါဟာ တကယ်ကောင်းပြီး ကျွန်တေ်ာတို့ကို အကူအညီ ဖြစ်စေ ပါတယ်။ ရမှတ် ၃ မှတ်တင် မကပါဘူး။ ကျွန်တေ်ာတို့ အပြောင်းအလဲတွေ လုပ်နိုင်လို့လည်း ဖြစ်ပါတယ်။ ကောင်လေးတွေ အခု ဒါကို သိသွားပါပြီ။ ဘာလို့လဲ ဆိုတော့ သူတို့ ဘယ်လောက် ကောင်းသလဲ ဆိုတာ ခဏခဏ ပြောဖို့ဟာ ကျွန်တော့် အတွက် အရမ်းကို လွယ်ကူလို့ပါ။

ဒါပေမယ့် သူတို့ဟာ အများကြီး ကစားခွင့် မရကြတာကြောင့် ကျွန်တော် ပြောတာကို အမြဲတမ်း နားလည်ဖို့ ဆိုတာ မလွယ်ကူ ပါဘူး။ ဒါပေမယ့် သူတို့ ဒီညလို ကစား နိုင်ရင် စွမ်းဆောင်နိုင်ရင် ဒါဟာ ကျွန်တော်တို့ တစ်သင်းလုံး အတွက် အရမ်းကို အရေးပါတဲ့ လက္ခဏာ ပါပဲ။ သေချာပေါက်ပါ။” လို့ ဆိုသွား ပါတယ်။

SM