မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယမန်နေ့ ညက တော့တင်ဟမ် ဟော့စပါး အသင်း ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား ပြီး ၂ – ၁ ဖြင့် အနိုင် ရရှိ ခဲ့ ပါတယ် ။ ဒီ နိုင်ပွဲ ကြောင့် ယူနိုက်တက် ဟာ ၃ ပွဲ ဆက် နိုင်ပွဲ ပျောက်မှု ကို အဆုံးသတ် နိုင် ခဲ့ပြီး ယနေ့ ည ပွဲတွေ မကစားမီ မှာ အဆင့် ၆ နေရာ ကို တက်လှမ်း သွားခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် က သွင်းယူ ပေးခဲ့ တာ ဖြစ် ပါတယ် ။ ရက်ဖိုဒ့် ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုး အထိ ရယူ ထားနိုင် ခဲ့ပြီး ဗာဒီ ၊ အေဘရာဟမ် နဲ့ အော်ဘားမီးယန်း တို့ ရဲ့ နောက် မှာ ရပ်တည် နေခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ပွဲရဲ့ အကောင်းဆုံး ကစား သမား ဆု ကိုလည်း ရရှိ ခဲ့ သလို အသင်းကြီးတွေ နဲ့ တွေ့ဆုံမှု မှာ ၁၄ ဂိုး သွင်းယူ ထားနိုင် ခဲ့တာ လည်း ဖြစ် ပါတယ် ။ ရက်ဖိုဒ့် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ကလပ် + နိုင်ငံ ၁၃ ပွဲ မှာ ၁၂ ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့တာလည်း ဖြစ် ပါတယ် ။

မော်ရင်ဟို ဟာ မနှစ် က ဒီဇင်ဘာ တုန်းက ယူနိုက်တက် နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံ ခဲ့ရပြီး နောက်ပိုင်း အိုးထရက်ဖိုဒ့် ကို သုံးသပ်သူ အဖြစ်နဲ့ ၂ ကြိမ် ပြန်ရောက်လာ ခဲ့ကာ ယခု အကြိမ် မှာတော့ ပြိုင်ဘက် နည်းပြ အဖြစ် နဲ့ ရောက်လာ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ပရိသတ် တွေ နဲ့ မော်ရင်ဟို တို့ အကြား ဆက်ဆံ ရေးတွေ ကောင်းမွန် ခဲ့သလို မော်ရင်ဟို ဟာ ပွဲ မစခင် မှာ ယူနိုက်တက် နည်းပြ အိုလီ ၊ ဂိုး သမား ရိုမဲရိုး ၊ ဒီဂီယာ တို့ နဲ့ တွေ့ဆုံ နှုတ်ဆက် ခဲ့ တယ်လို့ သိရ ပါတယ် ။

ပွဲ အပြီး မှာလည်း မော်ရင်ဟို ဟာ ယူနိုက်တက် တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် နဲ့ ကွင်းလယ်လူ တော်မီနေး တို့ ကို ချီးကျုး စကား ဆိုသွားခဲ့ ပြီး ယူနိုက်တက် ဟာ ထိုက်ထိုက် တန်တန် အနိုင် ရရှိ ခဲ့တာ ဖြစ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကလည်း မနေ့ ညက ပွဲ ဟာ ဒီရာသီ အတွက် အကောင်းဆုံး ကစားပုံ ပါပဲ လို့ ချီးကျုး ခဲ့သလို တော်မီနေး ဟာ ချန်လှပ် ထားလို့ မရတဲ့ အရေးပါသူ ဖြစ်ကြောင်း လည်း ပြောဆို သွားခဲ့ ပါတယ် ။

ယမန်နေ့ ညက ပွဲကို ယူနိုက်တက် ကစား သမား ဟောင်းတွေ ဖြစ်တဲ့ ဘာဘာတော့ဗ် နဲ့ ရှမိုက်ကယ် တို့ က သုံးသပ်သူ တွေ အဖြစ် ပါ၀င် တင်ဆက် ခဲ့ကြ ပါတယ် ။ ရှမိုက်ကယ် က တော်မီနေး ၊ ရက်ဖိုဒ့် နဲ့ မေဆင် ဂရင်းဝုဒ် တို့ ဟာ စပါး ကို အနိုင် ကစားခဲ့မှု မှာ အရေးပါတဲ့ သူတွေ ဖြစ်ခဲ့ ကြတယ်လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

ယနေ့ ဟာ ယူနိုက်တက် တိုက်စစ်မှုးလေး အန်တိုနီ မာရှယ် ရဲ့ ၂၄ နှစ်ပြည့် မွေးနေ့ ဖြစ်တယ် လို့ သိရ ပါတယ် ။ မာရှယ် ဟာ ဒဏ်ရာ ကြောင့် ယမန်နေ့ ညက ပွဲ ကို လွဲချော် ခဲ့ သလို တနင်္ဂနွေ နေ့ မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက် စတာ ဒါဘီ အတွက် လည်း မသေချာ တဲ့ အနေ အထား မှာ ရှိနေတယ် လို့ သိရ ပါတယ် ။

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် အသင်းသား တို့ရဲ့ Rating များ –
ဒီဂီယာ 7
ဘစ်ဆာကာ ၆ ။ လင်ဒီလော့ဖ် ၈ ၊ မက်ဂွဲယား ၆ ။ ယန်း ၆
လင်ဂတ် ၆ ။ တော်မီနေး ၈ ။ ဖရက်ဒ် 7
ရက်ဖိုဒ့် ၉ ။ ဂျိမ်းစ် 7 ။ ဂရင်းဝုဒ် 7
လူစားဝင် ကစားသမားများ – ပါရဲရား ၅ ၊ လုခ်ရှော ( ကစားချိန် နည်းပါး ) တို့ ဖြစ်ကြ ပါတယ် ။

SPORTS MYANMAR