ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ တန်းတက် အက်စ်တွန် ဗီလာ အသင်း ကို အေဘရာဟမ် ၊ မေဆင်မောင့် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၂ – ၁ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရခဲ့ကာ ၊ အဆင့် ၅ နေရာ ကို ဝုလ်ဗ် အသင်း ကို ၆မှတ် ဖြတ်ပြီး အဆင့် ၄ နေရာ မှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ မန်စီးတီး ၊ ဝက်စ်ဟမ်း အသင်း တွေကို အရေးနိမ့် ခဲ့တဲ့ ပွဲစဉ် တွေ အပြီးမှာ အခုလို ဗီလာ ကို အိမ်ကွင်း မှာ အနိုင်ယူ လိုက်နိုင်ခဲ့လို့ ၊ လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်းသား တွေ ဖိအား အတော်အသင့် လျှော့ချ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ တဖက်မှာလည်း ဗီလာ အသင်း မှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင် နေတဲ့ ချယ်လ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ အတွက်တော့ အခုလို စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြိုင်ဖက် အနေနဲ့ ပထမဆုံး အကြိမ် ရောက်ရှိ လာလို့ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ဖြစ်ခဲ့မှာတော့ သေချာလို့ နေပါတယ် ။

ချယ်လ်ဆီး ပရိသတ် တွေဟာလည်း တယ်ရီ ကို ပွဲ အစအဆုံး နွေးနွေးထွေးထွေး ကြိုဆို နှုတ်ဆက် ခဲ့ပေမယ့် ၊ အရှုံး ရလဒ် ကြောင့် ၄င်းရဲ့ အိမ်ပြန် ခရီး မလှမပ တော့ ဖြစ်ခဲ့မှာပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ချယ်လ်ဆီး အသင်း ဟာ ဒီ ပွဲကို ခြေအသာစီး နဲ့ ကစား နိုင်ခဲ့တာကြောင့် ထိုက်တန်တဲ့ နိုင်ပွဲ တပွဲ ကို ရရှိခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး အသင်း ရဲ့ မန်နေဂျာ ဖရန့် လမ်းပတ် ကတော့ ဗီလာ ကို အနိုင်ရအပြီး မှာ ၄င်းရဲ့ သူငယ်ချင်း အရင်း ဖြစ်တဲ့ တယ်ရီ က သူ့ကို ဂုဏ်ပြု စကား ဆိုခဲ့ကြောင်း နဲ့ ၄င်းတို့ ၂ယောက် အကြား တယောက် နဲ့ တယောက် လေးစားမှု အပြည့် ရှိနေဆဲ ဖြစ်ကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

လမ်းပတ် က ” ဘာမှတော့ ထူးထူးခြားခြား ပြောခဲ့တာတော့ မရှိပါဘူး ။ ကျွန်တော့ ကို ဂုဏ်ပြု စကား ပြောခဲ့တယ် ၊ ဒါပါပဲ ။ ဂျွန် ဟာ သူ့ရဲ့ အခိုက်အတန့်ကောင်း တွေကို ဒီနေ့ ပွဲစဉ် အတွင်း အပြည့်အဝ ခံစား ရရှိခဲ့ပြီးပါပြီ ။ အခုလို ပြိုင်ဖက် အနေနဲ့ ကိုယ့်ရဲ့ အသင်းဟောင်း ဆီကို လာပြီး ရင်ဆိုင်ရတာ အရမ်း ကို ခံစားရ ခက်လွန်းပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း မနှစ် က ဒီ အတွေ့အကြုံ ကို ခံစား ခဲ့ဖူးပါတယ် ။ ”

” ဒါပေမယ့် လည်း ပြီးခဲ့တဲ့ ရာသီ က ကျွန်တော် ချယ်လ်ဆီး အသင်း ကို ပြိုင်ဖက် အနေနဲ့ ရောက်လာ ခဲ့ပေမယ့် ၊ ပရိသတ် တွေကတော့ သောင်းသောင်းဖြဖြ ကြိုဆိုမြဲ ဖြစ်ခဲ့သလို ၊ အခု ဂျွန် ကိုလည်း ချယ်လ်ဆီး ပရိသတ် တွေဟာ ကျွန်တော် ဒါဘီ မှာ ရှိခဲ့တုန်း က အတိုင်း ဆက်ဆံ ခဲ့ကြပါတယ် ။ ခင်ဗျား ဟာ တခြား ကလပ် အသင်း တသင်း အတွက် အလုပ်လုပ် ပေးနေရပြီ ဆိုရင် ဘယ်လောက်ပဲ ကိုယ့် အသင်းဟောင်း အပေါ် သံယောဇဉ် ရှိနေပါစေ ၊ အလုပ် ကို အမြဲ လေးစားမှု ထားရပါမယ် ။ ”

” ဂျွန် ဟာ အက်စတွန် ဗီလာ အသင်း အပေါ် မှာ လေးစားမှု အပြည့် ရှိပါတယ် ။ ဒါကို ကျွန်တော် လည်း သိထားပြီးသားပါ ။ သူ့ အတွက် ကတော့ အိမ်အပြန် ခရီး အတွက် အကြီးအကျယ် အောင်ပွဲ ခံတာမျိုး လည်း မရှိသလို ၊ အသင်း ၂သင်းလုံး အတွက် လေးစားမှု ကို ပြသ သွားတာ တကယ် ကို ကြီးကျယ် လွန်းပါတယ် ။ ”

” ဂျွန် ဟာ အမြဲ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူ တဦးပါ ။ အခုလို သူ စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြန်ရောက် လာလို့ ၊ ကိုယ့်ကိုယ်ကို ထင်ပေါ်နေအောင် လုပ်နေတာမျိုး သူ့ဆီမှာ မရှိနေပါဘူး ။ ဒါပေမယ့် သူဟာ ဒီ ကလပ် ရဲ့ ဂန္တဝင် တဦး ၊ အကြီးကျယ်ဆုံး အသင်းခေါင်းဆောင် တဦး ဖြစ်ခဲ့တာကြောင့် ၊ ဒီလိုမျိုး ခမ်းနားတဲ့ ကြိုဆိုမှုမျိုး နဲ့ သူနဲ့ ထိုက်တန်မှု ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR