အနောက်နိုင်ငံသားတွေဟာ အသား အရောင် နဲ့ လူမျိုးရေး ခွဲခြားမှု တွေ ကို ရှေ့ဆုံး ကနေ ဦးဆောင် ပြီး ပြင်းပြင်း ထန်ထန် ရှုံ့ချ ကန့်ကွက် နေပါတယ် ။ ဒါပေမယ့် သူတို့ ဒီလို အော်ဟစ် ကြွေးကြော် နေတဲ့ အချိန် မှာပဲ လူမျိုးရေး ခွဲခြား မှု တွေ ဟာ နောက်ဖေး ပေါက်တွေ ကနေ သူတို့တွေ ရဲ့ နေအိမ်တွေ ထဲ ကို ကျူးကျော် ၀င်ရောက် လို့ နေဆဲ . . . . ၀င်ရောက် နေမြဲ ဖြစ်နေ ခဲ့ ပါတယ် ။

ဒီအထဲ မှာ ဥရောပ ရဲ့ နာမည်ကျော် အီတလီ ဘောလုံး လောက လည်း အပါ အဝင် ဖြစ် ပါတယ် ။ ခရစ္စတီယာနို ရိုနယ်ဒို လို ပရိသတ် အင်အား တောင့်တင်း တဲ့ စတား ကစား သမားတွေ ရောက်ရှိ ကစား နေ ပေမယ့် အီတလီ က အကျင့်ဆိုးတွေ က တော့ ပျောက်ကွယ် သွားခြင်း မရှိ သေးပါဘူး ။

အီတလီ ပရိသတ် တွေ ဟာ လူမည်း ဘောလုံး သမား တွေကို အသား အရောင် ခွဲခြား လှောင်ပြောင် မှု တွေ ပြုလုပ် နေပြီး ပစ်မှတ် ထား ခံ ရတဲ့ ကစား သမား ရဲ့ အသင်း ပရိသတ် တွေ ကလည်း ဒါကို ပြစ်မှု တစ်ခု လို မရှု မြင် ခဲ့ ပါဘူး ။

ဘရက်စီယာ တိုက်စစ်မှုး မာရီယို ဘာလိုတယ်လီ ဟာ ဒီနှစ် ထဲ မှာ အသား အရောင် ခွဲခြား မှု ကို ပြင်းပြင်း ထန်ထန် ကြုံတွေ့ ခဲ့ရပြီး ပြဿနာ အချို့ ပင် ဖြစ်ပွား ခဲ့ ပါတယ် ။ ဒါပေမယ့် အီတလီ ဘောလုံး အဖွဲ့ ချုပ် ဘက်က တိကျ သေချာ တဲ့ အရေးယူမှု မျိုး တွေ မရှိ ခဲ့ တာကြောင့် အသား အရောင် ခွဲခြား ဆက်ဆံမှု တွေ ဟာ အပတ်စဉ် ၊ ပွဲစဉ် တိုင်းမှာ ဖြစ်ပျက် နေမြဲ ဖြစ် ခဲ့ ပါတယ် ။

အခု နောက်ဆုံး မှာတော့ အီတလီ ရဲ့ နာမည်ကျော် အားကစား သတင်းစာတွေ ကိုယ်တိုင် ကပါ အသား အရောင် ခွဲခြားတဲ့ အသုံးအနှုန်းတွေ ကို အသုံးပြု လာခဲ့ ပါပြီ ။ ယခု အပတ် ထဲ မှာ ကစားမယ့် အင်တာမီလန် နဲ့ ရိုးမား အသင်း တို့ရဲ့ ပွဲ ကို အီတလီ ရဲ့ နာမည်ကျော် Corriere dello Sport သတင်းစာ က မျက်နှာဖုံးမှာ ဖော်ပြခဲ့ ပြီး သတင်းစာ ရဲ့ အသုံးအနှုန်း ကြောင့် ဖတ်ရှုသူ တွေ ဟာ အကြီးအကျယ် အံ့အားသင့် ခဲ့ကြရ ပါတယ် ။

Corriere dello Sport သတင်းစာ ဟာ အင်တာ မီလန် တိုက်စစ်မှုး လူကာကူ နဲ့ ရိုးမား ခံစစ်မငး စမောလင်း တို့ရဲ့ ပုံတွေ ကို သတင်းစာ မျက်နှာဖုံး မှာ အသုံးပြု ခဲ့ပြီး “Black Friday” ဆိုတဲ့ ခေါင်းစီး စာလုံး ကို အသုံးပြု သွားခဲ့ ပါတယ် ။ ဒါဟာ လူကာကူ နဲ့ စမောလင်း တို့ ရဲ့ အသားအရောင် ကို ခွဲခြား ဆက်ဆံ တဲ့ အသုံးအနှုန်း ဖြစ်တယ် လို့ ပရိသတ်တွေ က ယူဆခဲ့ ပြီး အကြီးအကျယ် ပေါက်ကွဲ ခဲ့ကြ ပါတယ် ။

အထူး သဖြင့် အီတလီ ပြည်တွင်း မှာ နာမည် တစ်လုံး နဲ့ ရပ်တည် နေတဲ့ သတင်းစာ တိုက် တစ်ခု က အသား အရောင် ခွဲခြားတဲ့ အသုံးအနှုန်း ကို သတင်းစာ မျက်နှာဖုံး မှာ ရိုက်နှိပ်ပြီး စောင်ရေ သိန်းချီ ကာ ရိုက်နှိပ် ခဲ့မှု ဟာ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လုပ်ဆောင် နေသူတွေ ကို စော်ကား ရာ ရောက်သွားခဲ့ ပါတယ် ။

အင်တာမီလန် ဟာ စီးရီးအေ အမှတ်ပေး ဇယား ကို ဦးဆောင် နေပြီး ယူဗင်တပ် ရဲ့ ကျော်တက်ခြင်း ကို မခံ ရဖို့ အတွက် အမှားမခံ တဲ့ တိုက်ပွဲ ကို ဆင်နွဲ နေခဲ့ ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ တိုက်စစ်မှုး လူကာကူ ဟာ အင်တာမီလန် အတွက် အရေးပါတဲ့ ကစား သမား အဖြစ် ခြေစွမ်းပြ ပြီး ဂိုးတွေ သွင်းယူ ပေးခဲ့ ပါတယ် ။ ဒါပေမယ့် အသား အရောင် ခွဲခြားလှောင်ပြောင်မှု တွေ ကနေ တော့ မလွတ်ကင်း ခဲ့ ပါဘူး ။

ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ ဟာ အသား အရောင် နဲ့ လူမျိုးရေး ခွဲခြားမှု တွေ ကို အရှိန် အဟုန် နဲ့ တိုက်ဖျက် နေကြ ပါတယ် ။ ဒါပေမယ့် သူတို့ အထဲ မှာပဲ သစ္စာ ဖောက် သူတွေ က ရှိနေဆဲပါ . . . . .

SPORTS MYANMAR