အခုရက်ပိုင်း အတွင်း အင်တာ ဗျူး တခုမှာ ရီးရဲလ်တောင်ပံ ကစားသမား ဂါရတ်ဘေးလ်က စပါး အသင်းရဲ့ နည်းပြသစ် ဖြစ်သူ မော်ရင်ဟို ကို ထောက်ခံစကားပြောဆို ထားခဲ့တာဖြစ်ပါတယ်။ဘေးလ်ဟာ စပါးအသင်းရဲ့ ကစားသမားဟောင်း တဦးဖြစ်ပြီး သူ့အသင်းဟောင်းအတွက် အသင့်တော်ဆုံးနည်းပြ တဦးဖြစ်တယ်လို့ ဒီပေါ်တူဂီသား ကြီးကို အားပေးစကားဆိုထားခဲ့တာဖြစ်ပါတယ်။

စပါး အသင်းဟာ သူတို့ အသင်းကို ၅နှစ် ကျော်ကြာ ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့အပြီး မှာ မော်ရင်ဟိုကို ချက်ချင်း ဆိုသလို ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုလက်ထက်မှာတော့ ရလဒ်တွေ တိုးတက်နေခဲ့ပြီး ၃ပွဲဆက် အနိုင်ရခဲ့အပြီးမှ ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘေးလ်ကBT Sport နဲ့ အင်တာဗျူးမှာ – ” မော်ရင်ဟို လို နည်းပြ တဦးကို ရရှိထားပြီ လို့ ကြေငြာ လိုက်တာဟာ စပါး အသင်း ရဲ့အံ့မခန်းထုတ်ပြန်ချက်မျိုးဖြစ်ပါတယ်။သူဟာ အောင်မြင်မှု တွေကို တန်းစီ ပြီးရယူထားနိုင်သူတဦးဖြစ်တယ် လို့ ကျွန်တော်ထင်ပါတယ်။

ဆုဖလား အောင်မြင်မှုတွေလိုနေတဲ့ စပါး အသင်းအတွက်တော့ မော်ရင်ဟိုလို နည်းပြမျိုးနဲ့ ပူးပေါင်း ဆောင်ရွက်တာထက် ပိုတဲ့ ပေါင်းစည်းမှုမျိုး မရှိနိုင်တော့ ဘူးလို့ ကျွန်တော်ထင်ပါတယ်။သူတို့ဟာ အတူတကွကြိုးစားကြမှာဖြစ်ပြီး ဆုဖလားအချို့ ရရှိကြပါလိမ့်မယ် ” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

ဘေးလ်ရဲ့ အဆိုပါ အားပေး ထောက်ခံ စကားနဲ့ ပတ်သက် ပြီး မော်ရင်ဟိုက –
” ကျွန်တော့် အတွက် တကယ်ကို ကောင်းပါတယ်ဗျာ ။ ဒီအတွက် လည်းကျွန်တော် သူ့ကို ကျေးဇူး တင်မိပါတယ်။သူတကယ်ပြောခဲ့လားဆိုတာတော့မသိပါဘူး။ဘေးလ်သာဒီလို တကယ်ပြောခဲ့ရင်တော့ ကျွန်တော် လုံးဝကို ကျေးဇူးတင်ကျေနပ်မိပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဘေးလ်ဟာ လတ်တလောမှာ ရီးရဲလ် အသင်းနဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေပြီး ဘာနေဗျူးကို စွန့်ခွာဖို့ ရှိနေတယ်ဆိုတဲ့ ကောလာဟလ တွေ အတော်လေးကျယ်လောင်နေပါတယ်။မော်ရင်ဟို ဟာ ဒီ ဝေးလ်သား ရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်သူ တဦးလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ကို ခေါ်ယူသွားချင် လား လို့ မေးမြန်းရာမှာတော့ မော်ရင်ဟိုက – ” လုပ်လိုက်စမ်းပါ ဗျာ၊ ဒီမေးခွန်း နဲ့ ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ ဒီမေးခွန်းကို ဖြေစရာတောင် မလိုပါဘူး ” လို့အပြုံးမျက်နှာနဲ့ ပြောသွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ အသင်းသစ် နဲ့နိုင်ပွဲဆက် နေမှု ဟာ အသင်းဟောင်း ယူနိုက်တက် နဲ့ အတွေ့မှာ ရပ်တန့် သွားခဲ့ရပြီဖြစ်ပါတယ်။ဒီပွဲမှာ စပါး အတွက် ချေပဂိုးသွင်းယူပေး ခဲ့တဲ့ ကွင်းလယ်လူ ဒယ်လီအလီကတော့ မော်ရင်ဟိုလက်အောက် ပွဲတိုင်းမှာ သွင်းဂိုးတွေနဲ့ ပတ်သက်ထားနိုင်မှုကို ဆက်ထိန်း နိုင် ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဆို ပွဲစဉ်မှာယူနိုက်တက် အသင်းက ၂-၁ ဂိုး နဲ့ အနိုင်ရ ခဲ့ လို့ အဆင့် ၆နေရာအထိ တက်လှမ်းသွား နိုင် ခဲ့ပါတယ်။စပါး အသင်း ကတော့ အဆင့် ၈နေရာအထိ ကျဆင်း သွားခဲ့ပါတယ်။