ေနာက္ဆံုးေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ အသင္း ရဲ့ အဓိက အားနည္းခ်က္ တစ္ခု ျဖစ္တဲ့ ခံစစ္ ပိုင္းကို အင္အား ျဖည့္ဖုိ့ အတြက္ ဒီေႏြ အတြင္း အထူး ပစ္မွတ္ ထားေန ခဲ့တဲ့ လက္စတာ စီးတီး အသင္း ရဲ့ ခံစစ္မွဴး ဟယ္ရီ မက္ဂြားယား ကို တရားဝင္ ေခၚယူ နုိင္ခဲ့ ပါျပီ ။

ဒါ့အျပင္ ယူနုိက္တက္ မက္ဂြားယား ကို ေပါင္ 80 သန္း ( ေပါင္ 5 သန္း ) နဲ့ ေခၚယူ ခဲ့ျခင္း ျဖစ္တာ ေၾကာင့္ အခုေတာ့ မက္ဂြားယား ဟာ ေဘာလံုး သမိုင္း ရဲ့ ေျပာင္းေရႊ့ ေၾကး အျမင့္ဆံုး ဗဟို ေနာက္ခံလူ ျဖစ္လာ ခဲ့ ပါျပီ ။

ယခင္ တုန္းက ေတာ့ အဆုိပါ စံခ်ိန္ ကို ဗန္ဒိုက္ အတြက္ ေပါင္ 75 သန္း ေပးေခ် ခဲ့တဲ့ လီဗာပူး အသင္း က ပိုင္ဆုိင္ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။ ယူနုိက္တက္ ဟာ မက္ဂြားယား ကို 6 နွစ္ စာခ်ဳပ္ + တစ္နွစ္ ထပ္မံ တုိးခြင့္ ပါ ထည့္သြင္း ခ်ဳပ္ဆုိ ခဲ့တာ ျဖစ္တဲ့ အတြက္ ကာလရွည္ ရွိေစ လိုေၾကာင္း သိသာ ေစခဲ့ ပါတယ္ ။

အခုေတာ့ တရားဝင္ အေျပာင္း အေရႊ့ ျဖစ္ပြား ခဲ့တဲ့ ေနာက္ ယူနုိက္တက္ အသင္း နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား က ကစားသမား နဲ့ ပတ္သက္လို့ သူ သိရွိ ထားတဲ့ အထူး အရည္အေသြး ေကာင္း 5 ခ်က္ကို ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဟယ္ရီ ဟာ ယေန့ ေခတ္မွာ ေဘာလံုး ေလာက ရဲ့ အေကာင္းဆံုး ခံစစ္မွဴး ေတြ ထဲက တစ္ဦး ပါပဲ ။ က်ြန္ေတာ္ တုိ့ သူ့ကို ေခၚယူ ရရွိ နုိင္ ခဲ့တဲ့ အတြက္ အထူး ၾကည္ႏူး ဝမ္းေျမာက္ မိ ပါတယ္ ”

” သူဟာ ပြဲစဥ္ ကို အေကာင္းဆံုး ဖတ္ရွဳ နိုင္သူ ၊ ကြင္းထဲ မွာ သန္စြမ္းမွဳ အျပည့္ ရိွသူ ၊ ဖိအား ေတြ ၾကံဳေတြ့ ေနရတဲ့ အခ်ိန္ မွာေတာင္ စိတ္ေအးေအး ထား ေျဖရွင္း နုိင္သူ ၊ ေဘာလံုး ကို ေကာင္းမြန္စြာ ကိုင္တြယ္ ကစား နုိင္သူ နဲ့ ဂိုး ဧရိယာ ႏွစ္ဖက္ လံုးမွာ အစြမ္း ျပသ နုိင္သူ တစ္ဦး ပါပဲ ”

” သူဟာ လက္ရွိ အသင္း အဖြဲ့ နဲ့ အတူ ကြင္း အတြင္း ေရာ ၊ ကြင္း အျပင္ မွာပါ အျမန္ဆံုး နဲ့ ေကာင္းမြန္စြာ အထုိင္က် နုိင္ လိမ့္မယ္ လို႔ က်ြန္ေတာ္ ၾကိဳျမင္ နုိင္ ပါတယ္ ။ သူ့ဆီ မွာ တစ္ကယ့္ ကို ေကာင္းမြန္ လွတဲ့ ပင္ကိုယ္ စရိုက္ ရွိေန ျပီး ဒါဟာ အသင္း အတြက္ တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ အင္အား ျဖည့္တင္း မွဳ တစ္ခု ပါပဲ ”

” က်ြန္ေတာ္ မက္ဂြားယား ကို မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွ ၾကိဳဆုိ ပါတယ္ ။ က်ြန္ေတာ္ တုိ့ဟာ ရာသီ အတြက္ ျပင္ဆင္ ေနခ်ိန္ သူနဲ့ အတူ စတင္ အလုပ္လုပ္ နုိင္ဖု့ိ ေရွးရွဳ ေနၾက ပါျပီ ” လို့ ဆုိးလ္ရွား က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူႏုိက္တက္ ဟာ လာမယ့္ တနဂၤေႏြ ေန႔ မွာ ပရီးမီးယား လိဂ္ ရာသီသစ္ ရဲ႕ အဖြင့္ ပြဲစဥ္ အျဖစ္ ျပိဳင္ဖက္ ေကာင္း ခ်ဲလ္ဆီး ကို အိုးထရက္ဖိုဒ့္ မွာ လက္ခံ ကစား သြားရမွာပဲ ျဖစ္ ပါတယ္ ။ အဆုိပါ ပြဲ မွာ ယခု ရာသီ အတြက္ အသစ္ ေခၚယူ ထားတဲ့ ဒန္နီယယ္ ဂ်ိမ္းစ္ ၊ အာရြန္ ၀မ္ ဘစ္ဆာကာ နဲ႔ ဟယ္ရီ မက္ဂြဲယား တို႔ ကို ျမင္ေတြ႕ ရႏုိင္ဖြယ္ ရွိေန ပါတယ္ ။

#Sports_Myanmar

Unicode

တရားဝင် ကစားသမားသစ် ဖြစ်လာသူ မက်ဂွားယားရဲ့ အထူး အရည်အသွေး 5 ခုကို ထုတ်ဖော် ချီးကျူးသွားတဲ့ #ဆိုးလ်ရှား

===============

နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အသင်း ရဲ့ အဓိက အားနည်းချက် တစ်ခု ဖြစ်တဲ့ ခံစစ် ပိုင်းကို အင်အား ဖြည့်ဖို့ အတွက် ဒီနွေ အတွင်း အထူး ပစ်မှတ် ထားနေ ခဲ့တဲ့ လက်စတာ စီးတီး အသင်း ရဲ့ ခံစစ်မှူး ဟယ်ရီ မက်ဂွားယား ကို တရားဝင် ခေါ်ယူ နိုင်ခဲ့ ပါပြီ ။

ဒါ့အပြင် ယူနိုက်တက် မက်ဂွားယား ကို ပေါင် 80 သန်း ( ပေါင် 5 သန်း ) နဲ့ ခေါ်ယူ ခဲ့ခြင်း ဖြစ်တာ ကြောင့် အခုတော့ မက်ဂွားယား ဟာ ဘောလုံး သမိုင်း ရဲ့ ပြောင်းရွှေ့ ကြေး အမြင့်ဆုံး ဗဟို နောက်ခံလူ ဖြစ်လာ ခဲ့ ပါပြီ ။

ယခင် တုန်းက တော့ အဆိုပါ စံချိန် ကို ဗန်ဒိုက် အတွက် ပေါင် 75 သန်း ပေးချေ ခဲ့တဲ့ လီဗာပူး အသင်း က ပိုင်ဆိုင် ခဲ့တာ ပဲ ဖြစ် ပါတယ် ။ ယူနိုက်တက် ဟာ မက်ဂွားယား ကို 6 နှစ် စာချုပ် + တစ်နှစ် ထပ်မံ တိုးခွင့် ပါ ထည့်သွင်း ချုပ်ဆို ခဲ့တာ ဖြစ်တဲ့ အတွက် ကာလရှည် ရှိစေ လိုကြောင်း သိသာ စေခဲ့ ပါတယ် ။

အခုတော့ တရားဝင် အပြောင်း အရွှေ့ ဖြစ်ပွား ခဲ့တဲ့ နောက် ယူနိုက်တက် အသင်း နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ကစားသမား နဲ့ ပတ်သက်လို့ သူ သိရှိ ထားတဲ့ အထူး အရည်အသွေး ကောင်း 5 ချက်ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟယ်ရီ ဟာ ယနေ့ ခေတ်မှာ ဘောလုံး လောက ရဲ့ အကောင်းဆုံး ခံစစ်မှူး တွေ ထဲက တစ်ဦး ပါပဲ ။ ကျွန်တော် တို့ သူ့ကို ခေါ်ယူ ရရှိ နိုင် ခဲ့တဲ့ အတွက် အထူး ကြည်နူး ဝမ်းမြောက် မိ ပါတယ် ”

” သူဟာ ပွဲစဉ် ကို အကောင်းဆုံး ဖတ်ရှု နိုင်သူ ၊ ကွင်းထဲ မှာ သန်စွမ်းမှု အပြည့် ရှိသူ ၊ ဖိအား တွေ ကြုံတွေ့ နေရတဲ့ အချိန် မှာတောင် စိတ်အေးအေး ထား ဖြေရှင်း နိုင်သူ ၊ ဘောလုံး ကို ကောင်းမွန်စွာ ကိုင်တွယ် ကစား နိုင်သူ နဲ့ ဂိုး ဧရိယာ နှစ်ဖက် လုံးမှာ အစွမ်း ပြသ နိုင်သူ တစ်ဦး ပါပဲ ”

” သူဟာ လက်ရှိ အသင်း အဖွဲ့ နဲ့ အတူ ကွင်း အတွင်း ရော ၊ ကွင်း အပြင် မှာပါ အမြန်ဆုံး နဲ့ ကောင်းမွန်စွာ အထိုင်ကျ နိုင် လိမ့်မယ် လို့ ကျွန်တော် ကြိုမြင် နိုင် ပါတယ် ။ သူ့ဆီ မှာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ပင်ကိုယ် စရိုက် ရှိနေ ပြီး ဒါဟာ အသင်း အတွက် တစ်ကယ့် ကို ကောင်းမွန် တဲ့ အင်အား ဖြည့်တင်း မှု တစ်ခု ပါပဲ ”

” ကျွန်တော် မက်ဂွားယား ကို မန်ချက်စတာ ယူနိုက်တက် အသင်း မှ ကြိုဆို ပါတယ် ။ ကျွန်တော် တို့ဟာ ရာသီ အတွက် ပြင်ဆင် နေချိန် သူနဲ့ အတူ စတင် အလုပ်လုပ် နိုင်ဖို့ ရှေးရှု နေကြ ပါပြီ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေ နေ့ မှာ ပရီးမီးယား လိဂ် ရာသီသစ် ရဲ့ အဖွင့် ပွဲစဉ် အဖြစ် ပြိုင်ဖက် ကောင်း ချဲလ်ဆီး ကို အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား သွားရမှာပဲ ဖြစ် ပါတယ် ။ အဆိုပါ ပွဲ မှာ ယခု ရာသီ အတွက် အသစ် ခေါ်ယူ ထားတဲ့ ဒန်နီယယ် ဂျိမ်းစ် ၊ အာရွန် ၀မ် ဘစ်ဆာကာ နဲ့ ဟယ်ရီ မက်ဂွဲယား တို့ ကို မြင်တွေ့ ရနိုင်ဖွယ် ရှိနေ ပါတယ် ။

#Sports_Myanmar