မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ကြားပွဲ အဖြစ် တော့တင်ဟမ် အသင်း ကို ရင်ဆိုင် ခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ အနိုင် သုံးမှတ် ရယူ နိုင်ခြင်း က တစ်ကယ့် ကို ခက်ခဲ လှတဲ့ နိုင်ပွဲ မျိုး ဖြစ်ခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အတွက် သွင်းဂိုး နှစ်ဂိုး လုံးကို ရပ်ရှ်ဖို့ က သွင်းယူ ပေးသွား ခဲ့ပြီး တော့တင််ဟမ် အတွက် ခြေပဂိုး ကိုတော့ မော်ရင်ဟို လက်အောက် မှာ ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသ နေတဲ့ ကွင်းလယ်လူ ဒီလီ အလီ က သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

” ရလဒ် တစ်ခု ကို ရယူ နိုင်ဖို့ အတွက် ဒါဟာ ကျွန်တော် တို့ တစ်ကယ့် ကို ခက်ခက် ခဲခဲ အလုပ် ကြိုးစား ခဲ့ ရခြင်း ဖြစ်ခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ အခုလို နေရာ တစ်ခု ကို ရောက်ရှိ နိုင်ဖို့ အတွက် ဒီလို နိုင်ပွဲ တွေကို လိုအပ် ပါတယ် ။ ကျွန်တော် တို့ဟာ ထိပ်တန်း အသင်း တွေကို ရင်ဆိုင် နိုင်တယ် ဆိုတာ ပရိသတ် တွေကို ပြသ နိုင်ဖို့ လိုအပ် ခဲ့ ပါတယ် ”

” ကျွန်တော် တို့ ဂိုးပေါက် ကန်ခွင့် တွေ များစွာ ရရှိ ခဲ့ကြ ပါတယ် ။ ဒါတွေ က ဂိုး ဖြစ်ရမယ့် အခွင့် အရေး တွေလို့ ကျွန်တော် မဆိုလို ပါဘူး ။ ပြိုင်ဖက် ဂိုးသမား ကလည်း ကောင်းမွန် လှတဲ့ ဂိုးပေါက် ကာကွယ် မှုတွေ ပြုလုပ် သွားနိုင် ခဲ့တယ် လေ ။ တစ်ခါတလေ မှာ သူတို့ တွေဟာ တိုက်စစ် ဆင်နိုင် ခဲ့ကြ သလို တစ်ခါတလေ မဆင်နိုင် ခဲ့ကြ ပါဘူး ”

” ဒီနေ့ ပွဲစဉ် မှာတော့ သူတို့ အရမ်း မကောင်း ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ အတွက် ကတော့ အိမ်ကွင်း ပရိသတ် တွေ ရှေ့မှောက် မှာ ကစား ရခြင်း က တစ်ကယ့် ကို ပျော်ရွှင် ရတဲ့ အခိုက်အတန့် တွေ ပါပဲ ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောုကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ အသင်း အတွက် 2 ဂိုး သွင်းယူ ထားနိုင် ခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ အသင်း အတွက် ကစား ပေးထား ခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 15 ပွဲမှာ အသင်း အတွက် 9 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ပြီး ဒီ ရာသီ ယူနိုက်တက် ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည် နေခဲ့ ပါပြီ ။

ပြီးခဲ့တဲ့ 12 လတာ အချိန် တုန်းက ရပ်ရှ်ဖို့ ရဲ့ ဆရာ ဖြစ်ခဲ့ သူ လက်ရှိ တော့တင်ဟမ် ဟော့ စပါး နည်းပြ ဟိုဆေး မော်ရင်ဟို က အဆိုပါ ပွဲစဉ် အပြီး မှာ တပည့်ဟောင်း ရဲ့ အရည် အသွေး ကို ချီးကျူးခဲ့ သေးပြီး သူ ပြောကြား သလို ပဲ ကစားသမား ဟာ ဘယ် တောင်ပံ တစ်လျောက် ကစား တဲ့ အခါ တွေမှာ ပိုပြီး ခြေစွမ်း ပြ နိုင်သူ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( ရပ်ရှ်ဖို့ ) ဟာ ဘယ် တောင်ပံ ကနေ ကစား တဲ့ အခါ တွေမှာ တစ်ကယ် ပဲ အန္တရာယ် ပေးစွမ်း နိုင်သူ ဖြစ်ပါတယ် ။ ကျွန်တော် အဲ့တာ ကို သိရှိ ခဲ့တာ ကြောင့် ယူနိုက်တက် အသင်း ကို ကိုင်တွယ် ခဲ့စဉ် တုန်းက ဒီ အကြောင်း သူ့ကို ပြောကြား ဖြစ်ခဲ့ ပါ သေးတယ် ”

” သူ ပထမဆုံး သွင်းယူ ခဲ့တဲ့ သွင်းဂိုး က တောင်ပံ ကနေ ဂိုး ဧရိယာ အတွင်း ထဲ ဝင်ရောက် ပြီး သွင်းယူ လေ့ ရှိတဲ့ သူ့ရဲ့ ပုံစံ မျိုး ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော် တို့ ကောင်လေး တွေလည်း သူ ဒီလို လုပ်ဆောင် ပြ နိုင်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိ ခဲ့ကြ တယ်လေ ” လို့ မော်ရင်ဟို က တပည့်ဟောင်း ကို ချီးကျူး ခဲ့တာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar