ပီတာခရော့ချ်က လီဗာပူး တိုက်စစ်မှုး မိုဟာမက် ဆာလား အနေနဲ့ မနေ့က အဲဗာတန်ကို သူ့ရဲ့ အသင်း လွယ်ကူစွာ အနိုင်ယူ ခဲ့တဲ့ မာဆေးဆိုက် ဒါဘီ ပွဲစဉ် အပေါ် ဒေါသထွက် နေလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ယာဂန်ကလော့ဟာ လီဗာပူး ရဲ့ မာဆေးဆိုက် ပြိုင်ဘက် နဲ့ တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ပွဲထွက် ကစားသမား စာရင်းကို အပြောင်းအလဲတွေ လုပ်သွား ခဲ့ပြီး ဇာဒန်ရှကီရီ ၊ အဒမ်လယ်လာနာ တို့နဲ့ ပရိတ်သတ် အချစ်တော် ကစားသမား ဖြစ်သူ ဒီဗို့အိုရီဂီ တို့ဟာ ပွဲအစ ကတည်းက ကစား ခဲ့ကြရပြီး ဂျာမန်နည်းပြ အနေနဲ့ ကတော့ လာမည့် ပွဲကျပ် ကာလကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ယခုလို အလှည့်ကျ စနစ်ကို သုံးစွဲလာတာ ဖြစ်ပါတယ်။

ဒီကစားသမားတွေ အပေါ် ကလော့ရဲ့ ယုံကြည်ချက် ကတော့ တကယ့်ကို အလုပ် ဖြစ်သွား ခဲ့ပြီး အိုရီဂီ ဟာ ၂ ဂိုး သွင်းနိုင် ခဲ့တဲ့ အပြင် ရှကီရီ ကလည်း ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ ဆာဒီယို မာနေး နဲ့ ဂျီနီ ၀ုိင်နယ်ဒန် တို့ဟာ လီဗာပူး ရဲ့ ဂိုးသွင်းသူတွေ ထဲမှာ ပါ၀င် ခဲ့ပြီး လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာခရော့ချ် ကတော့ ဆာလား အနေနဲ့ အဲဗာတန်ကို ယခုလို ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲမှာ သူ့ရဲ့ သွင်းဂိုး မှတ်တမ်းကို တိုးမြှင့်ဖို့ အခွင့်အရေး မရ ခဲ့မှုကို မကျေမနပ် ဖြစ်နေ လိမ့်မယ်လို့ ခံစား မိနေ ပါတယ်။

ခရော့ချ်က “ကျွန်တော် ကတော့ အဲဗာတန် နဲ့ ပွဲမှာ ဆားလား အနေနဲ့ အရန်ခုံမှာ ထိုင်ခဲ့ ရတဲ့ အပေါ် ဒေါသထွက် နေပါလိမ့်မယ်။ သူဟာ ဒီအသင်းရဲ့ အစိတ်အပိုု်င်း တစ်ခု အနေနဲ့ ပါ၀င် ချင်ပါလိမ့်မယ်။ သူဟာ ရွှေဖိနပ်ဆုကို ထပ်မံ လိုချင်တဲ့ ရည်မှန်းချက် ရှိနေ ပါတယ်။ သူ ဘာကို ကြိုက်သလဲ ဆိုတာ ကို ကျွန်တော်တို့ သိပါတယ်။

သူဟာ တောင််ပံ ကစားသမား တစ်ဦး အဖြစ် ကနေ တစ်ကိုယ်ကောင်း ဆန်ရတဲ့ တိုက်စစ်မှုး အဖြစ် ပြောင်းလဲ ခဲ့ပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ ဒီခြေစွမ်းကို အရန်ခုံ ကနေ ကျေနပ် ပျော်ရွှင် နေမှှာ မဟုတ် ပါဘူး။ သူဟာ အရန်ခုံမှာ ထိုင်နေရင်းနဲ့ ငါဒီပွဲမှာ ၂ ဂိုး ၃ ဂိုးလောက် ရနိုုင်တယ်လို့ တွေးနေမှာ ဖြစ်ပါတယ်။

အကယ်၍ အဲဗာတန်နဲ့ ပွဲ ရလဒ် အပေါ် ကျေနပ်မှု မရှိဘဲ အန်ဖီးကွင်း ထဲကနေ ထွက်ခွာ သွားခဲ့တဲ့ လူတစ်ဦး ရှိနေမယ် ဆိုရင် ဒါဟာ သူပဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အင်္ဂလန် အသင်း အန်ဒိုရာ နဲ့ ကစား ခဲ့တဲ့ အချိန်ကို ကျွန်တော် မှတ်မိ နေပါသေးတယ်။ အဲဒီအချိန် တုန်းက ကျွန်တော့်ကို ကွင်းထဲ သွင်းပေးပါ ဆိုပြီး ဆုတောင်း နေခဲ့ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

အဲဗာတန်ဟာ နိုင်ငံငယ်လေး အန်ဒိုရာ နဲ့တော့ တစ်တန်းတည်း ဖြစ်မှာ မဟုတ် ပေမယ့်လည်း မာဆေးဆိုက် ဒါဘီ ပွဲစဉ် ရလဒ် ကတော့ The Toffees တို့ကို လုံးဝ ကျေနပ် စေမှာ မဟုတ်ဘဲ အဲဗာတန်ဟာ လက်ရှိ မှာတော့ တန်းဆင်းဇုန်ထဲကို ကျရောက် နေခဲ့ပါတယ်။ လီဗာပူး တိုက်စစ်မှုးဟောင်း ကတော့ အဲဗာတန် အနေနဲ့ ကလော့ရဲ့ ပွဲထွက် စာရင်းကို ကြည့်ကာ ဒေါသထွက် နေလိမ့်မယ်လို့ ယုံကြည် နေပြီး ဒီလူစာရင်းကြောင့် သိမ်ငယ်စေ သလို ခံစား သွားရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ မာဆေးဆိုက် ပြိုင်ဘက် နဲ့ ပွဲစဉ်မှာ ဖာမီနို ၊ ဆာလား နဲ့ ဟန်ဒါဆန် တို့လို အဓိက ကစားသမားတွေကို အရန်ခုံမှာ ထိုင်ခိုင်း ထားခဲ့ပြီး အပြောင်းအလဲ ငါးခု လုပ်ခဲ့ပါတယ်။ ဒါဟာ လူတော်တော်များများ ကို အံ့အားသင့် စေခဲ့ပြီး ခရော့ချ် ကတော့ ပြိုင်ဘက်ရဲ့ မခံချင်စိတ်ကို နှိုးဆွ သလို ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

ခရော့ချ်က “ဒါဟာ ကြီးမားတဲ့ ယုံကြည်မှုကို ပြသ လိုက်တာ ပါပဲ။ အဲဗာတန် အတွက် အနည်းငယ်တော့ သိပ်ငယ်စရာ ဖြစ်ခဲ့ပါတယ်။ အကယ်၍ ကျွန်တော်သာ အဲဗာတန် အသင်းသား ဆိုရင် ဒါကို ဒေါသထွက် နေမှာပါ။ ငါတို့မှာ နိုင်ငံ့ လက်ရွေးစင်တွေ အများကြီး ရှိနေ ပေမယ့် လီဗာပူး ဟာ ငါတို့ကို လွယ်လွယ်ကူကူ နိုင်မယ်လို့ ထင်နေလား မသိဘူး ဆိုပြီး ကျွန်တော် တွေးမိ နေမှာပါ။ အကယ်၍ ကျွန်တော်သာ အဲဗာတန် အဝတ်လဲခန်း ထဲက သူဆိုရင် ဒါဟာ ကျွန်တော့်ကို အနည်းငယ် စိတ်ဓာတ် လှုံ့ဆော်မှု ဖြစ်စေ မှာပါ။” လို့ ဆိုသွား ပါတယ်။

SM