ယူနိုက်တက် အသင်းရဲ့ ကွင်း လယ်လူ ပေါ့ဘာ နဲ့ ရီးရဲလ် အသင်းတို့ ရဲ့ အပြောင်း အရွှေ့သတင်း တွေဟာ ထွက်ပေါ် နေခဲ့တာ အတော်လေးကြာနေခဲ့ ပြီ လည်းဖြစ်ပါတယ်။ဒါပေမယ့် အကြောင်း ကြောင်း ကြောင့် အဖြစ်အရွှေ့ က အမှန်တကယ် အထမမြောက်သေးတာဖြစ်ပါတယ်။ရီးရဲလ် အသင်းနဲ့ တကျော့ပြန် ပေါင်းစည်းနေတဲ့ နည်းပြ ကြီးဇီဒန်း ဟာ ပေါ့ဘာ ရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်သူတဦးဖြစ်ပြီး ခေါ်ယူချင်တယ်ဆိုတဲ့ သတင်းတွေ လည်းထွက်ထားခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် နောက်ဆုံးရသတင်းတွေ အရတော့ ဇီဒန်း ရဲ့ မျှော်လင့်ချက် ဟာ
အရှိန်သတ် လိုက်ရမယ့် အရေး ကြုံနေရပြီဖြစ်ပါတယ်။

သတင်းတွေ ရဲ့ ဖော်ပြချက်အရ ရီးရဲလ် အသင်း ဥက္ကဋ္ဌ ကြီး ပီရက်စ်ဟာ ပေါ့ဘာ အတွက် ပေါင် သန်း ၅၀ အထက်ပိုပြီး ပေးချေလိုစိတ် ရှိမနေဘူးလို့ သိရပါတယ်။ဒါ့အပြင် ပေါ့ဘာရောက်လာပါက လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဗယ်ဗာဒီ နဲ့ အိုဒီဂတ် တို့ရဲ့ တက်လမ်းကို ပိတ်သလို ဖြစ်သွားမှာကို ပီရက်စ်က စိုးရိမ် နေပါတယ်။ပေါ့ဘာ ဟာ လတ်တလော မှာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၁ ဇွန်လ အထိ စာချုပ်သက်တမ်း ရှိနေတာဖြစ်ပြီး အဆိုပါ အချိန် မရောက် မီ သူ့ကို ခေါ်ယူနိုင်ရေး ဟာ ပီရက်စ် ရဲ့ အဆိုပါ စျေးနှုန်း သတ်မှတ်ချက်ကြောင့် အခွင့်အရေး တဖြည်းဖြည်းပိုနည်း သွားခဲ့ပြီ ဖြစ်ပါတယ်။

ဇီဒန်းဟာ သူနဲ့ တနိုင်ငံ တည်းသာဖြစ်သူ ပေါ့ဘာ ကို ခေါ်ယူချင် နေတာ ဖြစ် ပြီး ကာယကံ ရှင် ကစားသမား ကလည်း ရီးရဲလ် ထံ ပြောင်းရွှေ့ချင်နေတာကို ယူနိုက်တက် တာဝန်ရှိသူတွေက သိထားပြီးသားဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။သူတို့ နှစ်ဦး ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း ဒူဘိုင်းမြို့ မှာ တွေ့ဆုံ ထားခဲ့ ကြသေးတာဖြစ်ပြီးစပိန် သတင်းစာတွေ ရဲ့ ဖော်ပြချက်အရ ဒီရာသီအတွင်းမှာပဲ စာချုပ် ချုပ်ဆို သွား ကြဖို့သဘော တူညီ မှုတွေ ရရှိထားခဲ့တယ် လို့ သိရပါတယ်။

ဇီဒန်းဟာ ရီးရဲလ် အသင်းကို ချန်ပီယံလိဂ် ၃ ကြိမ်ဆက် အပါအဝင် အောင်မြင် မှုတွေ အများအပြားရယူပေး ခဲ့ အပြီး မှာ လမ်းခွဲခဲ့သေးတာဖြစ်ပြီး အခုနှစ် မတ် လ အတွင်းမှာ မှ တကျော့ပြန်ရောက်လာ တာဖြစ်ပါတယ်။ထိုစဉ်က သူဟာ ပေါ့ဘာကို ခေါ်ယူပေးဖို့ တောင်းဆိုထားခဲ့တာ ဖြစ်တယ်လို့ လည်း မာကာ သတင်းစာကဆိုပါတယ်။ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အတွက် ဂျူဗီ အသင်းထံကို၂၀၁၆ခုနှစ်မှာ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ယူရို ၁၀၅ သန်းအထိ ပေးချေထားခဲ့ရတာဖြစ်ပါတယ်။လတ်တလော စျေးကွက် ပေါက်စျေးအရတော့ ရီးရဲလ်အသင်းဟာ ပေါ့ဘာအတွက် ပေါင်သန်း ၁၀၀ ကျော် ကုန်ကျဖို့ရှိနေပါတယ်။

ဒါကြောင့် လည်း ရီးရဲလ် တာဝန်ရှိသူတွေက ဒီ အပြောင်းအရွှေ့ကိစ္စ ကို ဆောင်ရွက်ပေးဖို့ စိတ်မပါပဲ လက်တွန့် နေကြတယ်လို့ စပိန် မီဒီယာ တွေကအခိုင်အမာဆိုပါတယ်။ပေါ့ဘာဟာ လတ်တလောမှာတော့ ခြေဖဝါး ဒဏ်ရာကြောင့် အနားယူနေရပြီး ပွဲတွေနဲ့ ဝေးကွာနေပါတယ်။သူဟာ ဒီရာသီ မှာ ယူနိုက်တက် အသင်း အတွက် ၆ ပွဲသာပါဝင် ကစားပေးထားရ သေးတာဖြစ်ပြီး လတ်တလော ပွဲတွေ အတွင်းမှာ သူပါဝင် ခြင်း မရှိသေးတာဟာ ဒဏ်ရာပြသနာ ကို ပိုမဆိုးလာစေဖို့မဟုတ်ပဲ ရီးရဲလ် အသင်းကို ပြောင်းရွှေ့နိုင်ဖို့ အသင်းအပေါ် ခြိမ်းခြောက်လိုတဲ့ သဘောပါဝင်နေတယ် လို့ မီဒီယာတွေက ယူဆနေပါတယ်။

SM