ဂျေမီကာရေဂါက သူ့ရဲ့ အသင်းဟောင်း လီဗာပူး တို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြို့ခံပြိုင်ဘက် အဲဗာတန် အသင်းကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ဘယ် လီဗာပူး ကစားသမားဟာ သူ အနှစ်သက်ဆုံး ဖြစ်ခဲ့သလဲ ဆိုတာကို ထုတ်ဖော် သွားခဲ့ ပါတယ်။ ယာဂန်ကလော့ ရဲ့ အသင်းဟာ မာဆေးဆိုက် ပြိုင်ဘက် အဲဗာတန် ကို တိုက်စစ် အစွမ်းပြကာ အန်ဖီးမှာ ၅-၂ နဲ့ အနိုင် ရရှိ ခဲ့ပါတယ်။

လီဗာပူး ဟာ အဆိုပါ ပွဲမှာ ပထမပိုင်း မှာတင် အဲဗာတန် ကို အိုရီဂီ (၂ ဂိုး) ၊ မာနေး ၊ ရှကီရီ တို့ရဲ့ ဂိုးတွေနဲ့ ၄-၂ နဲ့ ဦးဆောင် ထားနိုင် ခဲ့ကာ ဒုတိယပိုင်း နာကျင် အချိန်ပို မှာတော့ ဂျီနီဝိုင်နယ်ဒန်ဟာ အပိတ်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လီဗာပူး အသင်းဟာ ဒုတိယ နေရာက လက်စတာကို ၈ မှတ် ၊ တတိယ နေရာက လက်ရှိ ချန်ပီယံ မန်စီးတီး ကို ၁၁ မှတ် ဆက်လက် ဖြတ်ထား နိုင်ခဲ့ပြီး အမှတ်ပေးဖလား အတွက် အခြေအနေ ကောင်းမှာ ရှိနေ ပါတယ်။

လီဗာပူး ဂန္တဝင် ဂန္တဝင် ကစားသမားကြီး ကာရေဂါ က “မာနေး..မင်းဟာ စက်ရုပ် လူသား လိုပါပဲ။ ပြီးခဲ့တဲ့ နွေရာသီ ကလည်း နားရက် ဆိုလို့ ၂ ပတ် သာ ရခဲ့ ပါတယ်။ မင်းဟာ အခြား သူတွေနဲ့ အဝေးကြီးမှာ ရှိနေတဲ့ ငါအနှစ်သက်ဆုံး ကစားသမား ပါပဲ။” လို့ ဆိုလိုက် ပါတယ်။

မာနေး ဟာ လီဗာပူး တို့ ရရှိ ခဲ့တဲ့ အဖွင့်ဂိုး မှာ ဆိုရင်လည်း ဒီဗို့အိုရီဂီ ရဲ့ ပြေးလမ်းကြောင်း ထဲကို အကွက်မြင်မြင် နဲ့ ပေးပို့ ဖန်တီး ပေးခဲ့တာ ဖြစ်ပြီး ရှကီရီ ရဲ့ ဂိုးဟာလည်း ၎င်းရဲ့ အကောင်းဆုံး ဖန်တီးမှုကြောင့် ပါပဲ။ အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ရော်ဘတ်တိုဖာမီနို ၊ မိုဟာမက်ဆာလား တို့ မပါ၀င်တဲ့ တိုက်စစ်မှာ သူ့ရဲ့ အကောင်းဆုံး ဦးဆောင် နိုင်မှုကို ပြသ သွားခဲ့ပြီ အလက်ဇန်းဒါးအာနိုး ရဲ့ ပေးပို့မှုကိုလည်း လှလှပပ အဆုံးသတ် ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ နွေရာသီ ကာလ အတွင်း မာနေး ဟာ လီဗာပူး အသင်း ချန်ပီယံလိဂ် ဖိုင်နယ် တက်ခဲ့တဲ့ အပြင် ဆီနီဂေါ အသင်း ကလည်း အာဖရိက ဖလား မှာ ဖိုင်နယ်ထိ တက်ရောက် သွားခဲ့တာကြောင့် နားရက် ဆိုလို့ ၂ ပတ်သာ ရခဲ့ပြီး အသင်းနဲ့ ပြန်လည် ပူးပေါင်း ခဲ့ရတာပါ။ ဒါပေမယ့်လည်း ဒါတွေဟာ ဆီနီဂေါ စတား ကို ဘာမှ ဒုက္ခ မပေး နိုင်ခဲ့ဘဲ ၎င်းဟာ အခု ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၉ ဂိုးထိ ရရှိနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖီးလ်နဗီး ကလည်း လီဗာပူး တိုက်စစ်မှုး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာ လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

နဗီး က “ကျွန်တော် ကတော့ မာနေး အကြောင်းသာ အမြဲ တွေးမိ နေပါတယ်။ လူတော်တော် များများ ကတော့ ဖာမီနို နဲ့ ဆာလား တို့ အကြောင်းသာ အပြော များခဲ့ ကြပါတယ်။ ကျွန်တော် ကတော့ သူဟာ ဒီအချိန်မှာ လီဗာပူးရဲ့ အရေးပါဆုံး ကစားသမား လို့ ထင်ပါတယ်။ သူဟာ နည်းပြ ယာဂန်ကလော့ လုံးဝ ချန်လှပ် ထားလို့ မရတဲ့ ကစားသမား တစ်ဦးပါ။

ကျွန်တေ်ာ ကတော့ မာနေး ထက် ပိုမို ကောင်းမွန်တဲ့ ပရီးမီးယားလိဂ် ကစားသမား ရှိတယ်လို့ မထင် မိပါဘူး။ ဥရောပ မှာတောင် ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒီအချိန် ကာလ အတွက်ကို ပြောတာပါ။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဟာ ဟာဇက် လို ထူးချွန်တဲ့ ကစားသမားမျိုး ရှိထား ခဲ့ပါတယ်။ အခု ဆိုရင် မာနေးဟာ ကမ္ဘာ့အဆင့် ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောခဲ့ ပါတယ်။

SM