မန််ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ မိုက်ကယ် အိုဝင် က တော့တင်ဟမ် ဟော့ စပါး အသင်း ကို အနိုင် ရယူ ပြီးနောက် လက်ရှိ နည်းပြ ဆိုးလ်ရှား အတွက် အကြီးမားဆုံး စိန်ခေါ်မှု က အသင်း ရဲ့ ကစားသမား အစုအဖွဲ့ ကနေ အကောင်းဆုံး အရည်အသွေး တွေ ပိုမို ထုတ်ယူ နိုင်ရေး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မိုက်ကယ် အိုဝင် ကတော့ လက်ရှိ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ယာဂင် ကလော့ပ် နဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ တို့ ကိုယ်စီ လုပ်ဆောင် နေခဲ့ ကြ သလို ဆိုးလ်ရှား အနေ နဲ့လည်း အသင်း ရဲ့ ကစားသမား တွေ ဆီက အကောင်းဆုံး အရည်အသွေး ထုတ်ဖော် ယူဆောင် ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း အကြံပေး သွားခဲ့ လိုက် ပါတယ် ။

” ဒီ အသင်း ရဲ့ ကစားသမားတွေ ဆီကနေ နောက်ထပ် ထုတ်ယူ ရရှိ နိုင်တဲ့ အရည်အသွေး တွေ များစွာ ရှိ နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ လက်ရှိ အချိန် ပြသ သင့်တဲ့ ခြေစွမ်း အောက် ကျဆင်း နေတဲ့ ကစားသမား တွေ ရှိနေ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူတို့ တွေဟာ နောက် တစ်ဆင့် တက်ရောက် နိုင်ဖို့ လိုအပ် နေကြ ပါ သေးတယ် ”

” ဒါ့အပြင် သူတို့ တွေဟာ ပိုမို တောင့်တင်းအောင် လုပ်ဆောင် ရမယ့် ဧရိယာ တွေ ရှိနေ ပါ သေးတယ် ။ ဒါ့ကြောင့် သူတို့ တွေဟာ အများကြီး တိုးတက် လာနိုင် ဦးမှာပါ ။ ဆိုးလ်ရှား အနေနဲ့ ကစားသမား တွေ ဆီက အဲ့ဒီ အရည်အသွေး တွေကို ထုတ်ယူ ရရှိ နိုင်ဖို့ လိုအပ် နေပါ သေးတယ် ”

” အကယ်လို့ ယာဂင် ကလော့ပ် ဒါမှမဟုတ် ဂွာဒီယုုိလာ တို့သာ ရှိနေ ကြမယ် ဆိုရင် ဒီ ကစားသမား တွေ ဆီက နောက်ထပ် အရည်အသွေး တွေကို ထုတ်ယူ ရရှိ နိုင်ဖို့ လုပ်ဆောင် ကြ လိမ့်မယ် ။ ဒါကြောင့် ကစားသမား တွေ ဆီက အကောင်းဆုံး ထုတ်ယူ နိုင်ဖို့ ဆိုတာ အိုလီ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ပါပဲ ”

” အပြောင်းအရွှေ့ ရာသီတွေ ကတော့ လာနေ သွားနေ ဦးမှာ ပါပဲ ။ သူဟာ အသင်း ကို ထပ်ပြီး အင်အား တိုးမြှင့် နိုင် ဦးမှာပါ ။ ဒါပေမယ့် နည်းပြ တစ်ဦး အတွက် အရေး အပါဆုံး က လက်ရှိ အသင်း ရဲ့ ကစားသမား တွေ ဆီက အကောင်းဆုံး အရည် အသွေး တွေကို ထုတ်ယူ ရရှိ နိုင်ရေး ပဲလေ ” လို့ မိုက်ကယ် အိုဝင် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် ကစားသမား ဟောင်း ဖြစ်သူ ဖီးလ် နဗီးလ် က ဒီ အသင်း ဆီက နေ ဂွာဒီယိုလာ ၊ ယာဂင် ကလော့ပ် တို့ဟာ အကောင်းဆုံး အရည် အသွေး တွေကို ထုတ်ယူ နိုင် မလား လို့ အမေး ခံလိုက် ရ ပါတယ် ။ ဖီးလ် နဗီးလ် ကတော့ လက်ရှိ တည်ငြိမ်မှု မရှိတဲ့ ခြေစွမ်း နဲ့ ရလဒ် ကြောင့် ယူနိုက်တက် တို့ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ ခက်ခဲ လိမ့်မယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

” လက်ရှိ ယူနိုက်တက် တို့ သွားရောက် နေတဲ့ လမ်းကြောင်း နဲ့ ပတ်သက်လို့ ကျွန်တော် အပေါင်း လက္ခဏာ ဆောင်တဲ့ အတွေး ရှိနေ ပါတယ် ။ လက်ရှိ ကစားသမား တွေရဲ့ ခြေစွမ်း နဲ့ အရည်အသွေး အရ ဆိုရင် တော့ သူတို့ တွေဟာ ရှိသင့် ရှိထိုက် တဲ့ နေရာ တစ်ခု မှာ ရှိနေ ကြတာ ပါ ”

” ဒါပေမယ့် အခုလို မတည်ငြိမ် မှုတွေ အကြား သူတို့ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင် လိမ့်မယ် လို့ ကျွန်တော် မထင် ပါဘူး ။ လူငယ် လေးတွေ ကလည်း ဆက်လက် တိုးတက် နေကြ ဆဲ ပါပဲ ။ လက်ရှိ အချိန် က ဟိုဆေး တုန်းက ထက် ပိုပြီး တည်ငြိမ် နေ ပါပြီ ။ ကျွန်တော် တို့ စိတ်ရှည် ကြဖို့ လိုအပ် ပါတယ် ” လို့ပဲ ဖီးလ် နဗီးလ် က ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar