လီဗာပူး အသင်းဟာ ကလပ်ဘရူ့ခ်ျ အသင်းကို ယနေ့မှာပဲ အပြီးသတ် ရောက်ရှိ သွားခဲ့တဲ့ ဂိုးသမား ဆိုင်မွန်မစ်နိုလက်ရဲ့ နေရာအတွက် free agent ဖြစ်နေခဲ့တဲ့ ၀က်ဟမ်း ဂိုးသမားဟောင်း အက်ဒရီယန် ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ကာ တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်နေပါတယ်။
ကလပ် ဘရူ့ခ်ျ အသင်းဟာ ဆိုင်မွန်မစ်နိုလက် ကို လီဗာပူး အသင်း ထံမှ ပေါင် ၈.၂ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာလိုက်ပြီး ဘယ်ဂျီယံ ဂိုးသမား ကို ၅ နှစ် စာချုပ်ချုပ် ဆိုခဲ့ပါတယ်။ မစ်နိုလက်ဟာ ယနေ့မှာပဲ ကလပ်ဘရူ့ခ်ျ နဲ့ လေ့ကျင့်ခန်း ဆင်းသွားမှာ ဖြစ်ကာ မနက်ဖြန် ဒိုင်နမိုကိယက် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပါဝင် ကစားသွားဖို့ ရှိနေပါတယ်။
ယာဂန်ကလော့ က သူ့အနေနဲ့ မစ်နိုလက် ကို အမြဲ ကျေးဇူးတင်နေမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အသက် ၃၁ နှစ်အရွယ် ဂိုးသမားရဲ့ စရိုက်လက္ခဏာကြောင့် ကလပ်ဘရူ့ခ်ျ ကို ပြောင်းဖို့ အခွင့်အရေး ပေါ်လာချိန်မှာ တားဆီး ပိတ်ပင်ဖို့ မကြိုးစား ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူး ဥက္ကဋ္ဌ တွန်ဝါနာ က ယာဂန်ကလော့ ဟာ လီဗာပူး အသင်း အတွက် ပြီးပြည့်စုံ လှတဲ့ မန်နေဂျာ တစ်ဦးလို့ ဆိုလိုက်ပြီး ဂျာမန် နည်းပြ အနေနဲ့ ဒီလို ကြီးကြယ်တဲ့ မန်နေဂျာ တစ်ဦး မဖြစ်လာခဲ့ဘူး ဆိုရင် အရမ်း တော်တဲ့ စိတ်ပညာရှင် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေး သွားခဲ့ကာ ကလော့ ဟာ ကစားသမား တွေဆီက အကောင်းဆုံး အရည်အသွေးကို ဆွဲထုတ် နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပါတယ်။
ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရိန်းဂျားနဲ့ အတူ စကော့တလန် ရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရိုင်ယန်ကန့် ကို ခေါ်ယူဖို အလို ရှိနေပါတယ်။
အန်ဒီရောဘတ်ဆန် က လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလား ကို မနှစ်ကထက် ပိုမို စိန်ခေါ် သွားနိုင်လိမ့်မယ်လို့ ယူဆ နေတဲ့ အပြင် ကျန်ပရီးမီးယားလိဂ် အသင်း တွေရဲ့ တိုးတက်မှုတွေကိုလည်း သတိပြု သွား၇မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ယာဂန်ကလော့ က သူ့ရဲ့ အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ရုန်းကန်ခဲ့ရမှုတွေ ရှိခဲ့ပေမယ့်လည်း ကွန်မြူနတီဒိုင်းမှာ မန်စီးတီး ကို ရှုံးခဲ့ပေမယ့် အပေါင်းလက္ခဏာဆောင် တာတွေ အများကြီး မြင်တွေ့ ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
SM
Unicode
မစ်နိုလက်ရဲ့ နေရာမှာ ၀က်ဟမ်းဂိုးသမားဟောင်း အက်ဒရီယန်ကို အစားထိုးလိုက်တဲ့ … လီဗာပူး သတင်းတိုများ
လီဗာပူး အသင်းဟာ ကလပ်ဘရူ့ချ် အသင်းကို ယနေ့မှာပဲ အပြီးသတ် ရောက်ရှိ သွားခဲ့တဲ့ ဂိုးသမား ဆိုင်မွန်မစ်နိုလက်ရဲ့ နေရာအတွက် free agent ဖြစ်နေခဲ့တဲ့ ၀က်ဟမ်း ဂိုးသမားဟောင်း အက်ဒရီယန် ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ကာ တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်နေပါတယ်။
ကလပ် ဘရူ့ချ် အသင်းဟာ ဆိုင်မွန်မစ်နိုလက် ကို လီဗာပူး အသင်း ထံမှ ပေါင် ၈.၂ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာလိုက်ပြီး ဘယ်ဂျီယံ ဂိုးသမား ကို ၅ နှစ် စာချုပ်ချုပ် ဆိုခဲ့ပါတယ်။ မစ်နိုလက်ဟာ ယနေ့မှာပဲ ကလပ်ဘရူ့ချ် နဲ့ လေ့ကျင့်ခန်း ဆင်းသွားမှာ ဖြစ်ကာ မနက်ဖြန် ဒိုင်နမိုကိယက် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပါ၀င် ကစားသွားဖို့ ရှိနေပါတယ်။
ယာဂန်ကလော့ က သူ့အနေနဲ့ မစ်နိုလက် ကို အမြဲ ကျေးဇူးတင်နေမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အသက် ၃၁ နှစ်အရွယ် ဂိုးသမားရဲ့ စရိုက်လက္ခဏာကြောင့် ကလပ်ဘရူ့ချ် ကို ပြောင်းဖို့ အခွင့်အရေး ပေါ်လာချိန်မှာ တားဆီး ပိတ်ပင်ဖို့ မကြိုးစား ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူး ဥက္ကဋ္ဌ တွန်ဝါနာ က ယာဂန်ကလော့ ဟာ လီဗာပူး အသင်း အတွက် ပြီးပြည့်စုံ လှတဲ့ မန်နေဂျာ တစ်ဦးလို့ ဆိုလိုက်ပြီး ဂျာမန် နည်းပြ အနေနဲ့ ဒီလ်ို ကြီးကြယ်တဲ့ မန်နေဂျာ တစ်ဦး မဖြစ်လာခဲ့ဘူး ဆိုရင် အရမ်း တော်တဲ့ စိတ်ပညာရှင် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေး သွားခဲ့ကာ ကလော့ ဟာ ကစားသမား တွေဆီက အကောင်းဆုံး အရည်အသွေးကို ဆွဲထုတ် နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပါတယ်။
လီဗာပူးအသင်း ယခု နွေရာသီ မှာ အဓိက ကစားသမား ခေါ်ယူထားမှု မလုပ်သေးတဲ့ အပေါ် ပရိတ်သတ်တွေ စိုးရိမ် နေကြ ပေမယ့်လည်း အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ကတော့ ကလော့ဟာ ဒီအကြောင်း အားလုံးထက် ကောင်းကောင်း သိပြီး ၎င်းရဲ့ ဆုံးဖြတ်ချက် အပေါ် ယုံကြည်ကြရန် တိုက်တွန်း သွားခဲ့ ပါတယ်။
လီဗာပူး ကွင်းလယ်လူဟောင်း စတိမက်နာမန် က အန်ဖီးကလပ်ဟာ ကွန်မြူနတီဒိုင်းမှာ စီးတီးကို ရှုံးနိမ့် ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်စွမ်း ရှိတဲ့ လုံလောက်တဲ့ လူအင်အားကို ပိုင်ဆိုင် ထားတယ်လို့ ဆိုလိုက်ပါတယ်။
ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရိန်းဂျားနဲ့ အတူ စကော့တလန် ရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆုကို ဆွတ်ခူးနို်င်ခဲ့တဲ့ ရိုင်ယန်ကန့် ကို ခေါ်ယူဖို အလို ရှိနေပါတယ်။
ဥက္ကဋ္ဌ တွန်ဝါနာ က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဖလား အတွက် ပြင်းထန်တဲ့ စိန်ခေါ်မှု ရှိနေတယ် ဆိုတာကို လီဗာပူး တို့ ပြီးခဲ့တဲ့ ရာသီက လုပ်ပြနိုင်ခဲ့တယ်လို့ ဆိုလိုက်ပြီး သူတို့ဟာ ယူဗင်တပ် အသင်းသာ ပြိုင်ဘက်မရှိ ဗိုလ်စွဲ နေတဲ့ စီးရီးအေလို လိဂ်ပြိုင်ပွဲမျိုးကို အလိုမရှိဘူးလို့ ပြောသွား ပါတယ်။
အန်ဒီရောဘတ်ဆန် က လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလား ကို မနှစ်ကထက် ပိုမို စိန်ခေါ် သွားနိုင်လိ််မ့်မယ်လို့ ယူဆ နေတဲ့ အပြင် ကျန်ပရီးမီးယားလိဂ် အသင်း တွေရဲ့ တိုးတက်မှုတွေကိုလည်း သတိပြု သွားရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ယာဂန်ကလော့ က သူ့ရဲ့ အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ရုန်းကန်ခဲ့ရမှုတွေ ရှိခဲ့ပေမယ့်လည်း ကွန်မြူနတီဒိုင်းမှာ မန်စီးတီး ကို ရှံုးခဲ့ပေမယ့် အပေါင်းလက္ခဏာဆောင် တာတွေ အများကြီး မြင်တွေ့ ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူး ဂန္တဝင် ကစားသမားကြီး မက်လော်ရန်ဆန် က ဇနက်ဒင်း ဇိဒန်း ရဲ့ လက်အောက်မှာ အနာဂတ် ပျောက်ဆုံး နေတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂါရက်ဘေး ရဲ့ ကစားသမား ဘဝ ပြန်လည် တောက်ပနိုင်ဖို့ အတွက် ယာဂန်ကလော့ဟာ အသင့်တော်ဆုံး မန်နေဂျာ ဖြစ်တယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။
SM