ဇန္န၀ါရီလကမွ ဘာစီလိုနာကို ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္ကစားသမား ေကာ္တင္ဟိုဟာ၊ အသင္းအတြက္ အေရးပါတဲ့ ေျခစြမ္းေတြ ျပႏိုင္ထားခဲ့ျပီး ျဖစ္သလို၊ ထြက္ခြာသြားတဲ့ အီနီေယစတာရဲ႕ ေနရာကိုလဲ အျပည့္အ၀ တာ၀န္ယူသြားေတာ့မွာ ျဖစ္ပါတယ္။

သူဟာ မၾကာခင္က ျပီးဆံုးခဲ့တဲ့ ကမၻာ့ဖလား ျပိဳင္ပြဲမွာလဲ ဘရာဇီးအတြက္ အေကာင္းဆံုး ေျခစြမ္းျပခဲ့သူ ျဖစ္ျပီး၊ ကြင္းလယ္မွာ ကစားေပးခဲ့့သည့္တိုင္ေအာင္ အသင္းအတြက္ လိုအပ္တဲ့ ဂိုးေတြကို သြင္းယူေပးခဲ့သူပါ။

ဘာစီလိုနာကို စတင္ ေရာက္ရွိလာခဲ့စဥ္က ေကာ္တင္ဟိုဟာ ေက်ာနံပါတ္ 14 ကိုသာ္ ၀တ္ဆင္ခဲ့ရသူ ျဖစ္ေပမယ့္၊ လက္ရွိရာသီမွာေတာ့ ေက်ာနံပါတ္ 7 ကို ေျပာင္းလဲ ၀တ္ဆင္ကစားေပးသြားမွာ ျဖစ္ပါတယ္။

ယခင္ကေတာ့ ေအတီကို အသင္းကေန ေရာက္ရွိခဲ့တဲ့ ကြင္းလယ္ကစားသမား အာဒါတူရန္က ၀တ္ဆင္ခဲ့ျပီး၊ သူ႔ရဲ႕ အရင္ ၀တ္ဆင္ခဲ့သူေတြကေတာ့ အသင္းနဲ႔အတြက္ သမိုင္းမွတ္တမ္းေတြ ေရးထိုးေပးႏိုင္ခဲ့သူေတြခ်ည္း ျဖစ္ပါတယ္။ ေကာ္တင္ဟိုေရာ ဘယ္အတိုင္းအတာမ်ိဳးထိ ေက်ာနံပါတ္သစ္နဲ႔ စြမ္းေဆာင္ ျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရေအာင္ဗ်ာ။

ဘာစီလိုနာအတြက္ ေက်ာနံပါတ္ 7 ၀တ္ဆင္ ကစားေပးခဲ့သူမ်ား (1995 ခုႏွစ္ ေနာက္ပိုင္း)

• Luis Figo (1995-2000)
• Alfonso Pérez (2000-2001)
• Javier Saviola (2001-2004)
• Henrik Larsson (2004-2006)
• Eidur Gudjohnsen (2006-2010)
• David Villa (2010-2013)
• Pedro Rodríguez (2013-2015)
• Arda Turan (2015-2018)

ကျောနံပါတ် အသစ်နဲ့ မြင်တွေ့ရတော့မယ့် ကော်တင်ဟို

ဇန်နဝါရီလကမှ ဘာစီလိုနာကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ၊ အသင်းအတွက် အရေးပါတဲ့ ခြေစွမ်းတွေ ပြနိုင်ထားခဲ့ပြီး ဖြစ်သလို၊ ထွက်ခွာသွားတဲ့ အီနီယေစတာရဲ့ နေရာကိုလဲ အပြည့်အ၀ တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

သူဟာ မကြာခင်က ပြီးဆုံးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလဲ ဘရာဇီးအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး၊ ကွင်းလယ်မှာ ကစားပေးခဲ့သည့်တိုင်အောင် အသင်းအတွက် လိုအပ်တဲ့ ဂိုးတွေကို သွင်းယူပေးခဲ့သူပါ။

ဘာစီလိုနာကို စတင် ရောက်ရှိလာခဲ့စဉ်က ကော်တင်ဟိုဟာ ကျောနံပါတ် 14 ကိုသာ် ဝတ်ဆင်ခဲ့ရသူ ဖြစ်ပေမယ့်၊ လက်ရှိရာသီမှာတော့ ကျောနံပါတ် 7 ကို ပြောင်းလဲ ဝတ်ဆင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

ယခင်ကတော့ အေတီကို အသင်းကနေ ရောက်ရှိခဲ့တဲ့ ကွင်းလယ်ကစားသမား အာဒါတူရန်က ဝတ်ဆင်ခဲ့ပြီး၊ သူ့ရဲ့ အရင် ဝတ်ဆင်ခဲ့သူတွေကတော့ အသင်းနဲ့အတွက် သမိုင်းမှတ်တမ်းတွေ ရေးထိုးပေးနိုင်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ ကော်တင်ဟိုရော ဘယ်အတိုင်းအတာမျိုးထိ ကျောနံပါတ်သစ်နဲ့ စွမ်းဆောင် ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရအောင်ဗျာ။

ဘာစီလိုနာအတွက် ကျောနံပါတ် 7 ဝတ်ဆင် ကစားပေးခဲ့သူများ (1995 ခုနှစ် နောက်ပိုင်း)

• Luis Figo (1995-2000)
• Alfonso Pérez (2000-2001)
• Javier Saviola (2001-2004)
• Henrik Larsson (2004-2006)
• Eidur Gudjohnsen (2006-2010)
• David Villa (2010-2013)
• Pedro Rodríguez (2013-2015)
• Arda Turan (2015-2018)