လီဗာပူးဟာ ကြားရက် မာဆေးဆိုက်ဒါဘီမှာ အောင်ပွဲ ခံနိုင် ခဲ့ပြီး အမှတ်ပေးဇယား ထိပ်မှာ အမှားအယွင်း မရှိ ဆက်လက် ဦးဆောင် နေကာ အောက်က အသင်းတွေ ဖြစ်တဲ့ လက်စတာ ၊ မန်စီးတီး ၊ ချဲလ်ဆီး တို့ကလည်း နိုင်ပွဲတွေ ရယူ နိုင်ခဲ့ကြ ပါတယ်။ ဟိုဆေး မော်ရင်ညို ရဲ့ အိုးထရပ်ဖို့ဒ် အပြန်က လှပခဲ့ခြင်း မရှိဘဲ အိုလီဂန်နာ ဆိုးရှား ရဲ့ အသင်း အတွက် မားကပ်ရပ်ဖို့ဒ်က အထူး ခြေစွမ်းပြကာ နိုင်ပွဲ ရယူ ပေးခဲ့ပြီး ဖိအား အတော်အတန် လျော့ပါး စေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ် စနေနေ့ မှာတော့ ပွဲကြီး ပွဲကောင်း ရှိနေပြီး မန်ချက်စတာ ရဲ့ အပြာရောင်နဲ့ အနီရောင် ဘယ်ဘက်ခြမ်းက အားသား သွားမလဲ ဆိုတာ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

၁~ အဲဗာတန် Vs ချဲလ်ဆီး

မာကိုဆေးလ်ဗား အတွက် အခြေအနေ တွေက အဆိုးကနေ အဆိုးဆုံး ဖြစ်သွား ခဲ့ပြီး မနေ့က အဲဗာတန် နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံခဲ့ ရတာကတော့ အံ့အားသင့်စရာ မရှိပါဘူး။ သူဘယ်လောက်ပဲ ကြိုးစား ခဲ့သည် ဖြစ်စေ အလုပ် မဖြစ် ခဲ့ပါဘူ။ ဒန်ကန်ဖာဂူဆန်ဟာ လက်ရှိမှာ အဲဗာတန်ရဲ့ ယာယီနည်းပြ အဖြစ် ဒီပွဲကို ကိုင်တွယ် သွားမှာ ဖြစ်ပြီး ကျွန်တော် ကတော့ the Toffees အသင်းသား တွေရဲ့ တုန့်ပြန်မှုကို မြင်ရ လိမ့်မယ်လို့ ယူဆမိပြီး အကြောင်းရင်း ကတော့ ဖာဂူဆန် ဟာ ဆေးလ်ဗားရဲ့ အမြဲတမ်း ဆက်ခံသူ မဟုတ်ပေမယ့် ကိုင်တွယ်ပုံ အပြောင်းအလဲကြောင့်လို့ ထင်ပါတယ်။ ချဲလ်ဆီးဟာ အက်စတွန်ဗီလာ နဲ့ ပွဲမှာ နောက်ထပ် ၃ မှတ်ကို ရယူ သွားနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အပြောင်းအလဲ လုပ်ထားတဲ့ အဲဗာတန် ဆီက တစ်စုံတစ်ရာ တုန့်ပြန်မှုကို တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – အဲဗာတန် ၁-၁ ချဲလ်ဆီး

၂~ ဘုန်းမောက် Vs လီဗာပူး

အဲဗာတန်နဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ဒီအချိန်မှာ လီဗာပူး အသင်းဟာ လုပ်သမျှ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ယာဂန်ကလော့ ဟာ ပြီးခဲ့တဲ့ မာဆေးဆိုက် ဒါဘီမှာ လူအပြောင်းအလဲတွေ အများကြီး လုပ်ကာ တကယ့်ကို စွန့်စားမှု လုပ်သွား ခဲ့တာပါ။ ဒါပေမယ့် အလုပ် ဖြစ်သွား ခဲ့ပါတယ်။ ကလော့ ခေါ်ယူ ခဲ့တဲ့ ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းမှာ အလုပ်ကို အပြင်းအထန် ကြိုးစား ကြတယ်လို့ ကျွန်တော် နားလည် ထားပါတယ်။ လန်းဆန်း နေတဲ့ ကစားသမားတွေဟာ တစ်စုံတစ်ခု လုပ်ပြ နိုင်လိမ့်မယ် ဆိုတဲ့ ကလော့ ရဲ့ တွေးခေါ်မှုဟာ မှန်ကန် ခဲ့ပြီး ဒီထက် ပိုကောင်းတာ မရှိခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ ဘုန်းမောက်ဟာ ရုန်းကန် နေရပါတယ်။ သူတို့ဟာ နောက်ဆုံး လိဂ်ပွဲစဉ် ၄ ပွဲဆက် ရှုံးထား ခဲ့ပြီး နောက်ဆုံး ရှံုးခဲ့တဲ့ ပွဲဆိုရင်လည်း ၁၀ ယောက်ကျန် ပဲလေ့စ်ကို ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဒီသူတို့ အနေနဲ့ အိမ်ကွင်းမှာ ပျော်စရာ ရှိလာမှာ မဟုတ်ဘူးလို့ မြင်ထား ပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – ဘုန်းမောက် ၀-၂ လီဗာပူး

၃~ တော့တင်ဟမ် Vs ဘန်လေ
ဘန်လေဟာ နောက်ဆုံး အိ်မ်ကွင်း ၂ ပွဲဆက် ပဲလေ့စ် နဲ့ မန်စီးတီး တို့ကို ရှံုးနိမ့် ခဲ့ပြီး အကျပိုင်းကို ပြန်ရောက် နေတဲ့ အသင်း ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ အိုးထရပ်ဖို့ဒ် မှာ အကောင်းဆုံး ကစား နိုင်ခဲ့ခြင်း မရှိ ခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ ဟိုဆေးရဲ့ အသင်းဟာ ကြားရက်က ပွဲစဉ်ထက် အများကြီး ပိုကောင်း နေမယ်လို့ ကျွန်တော် မြင်မိ ပါတယ်။ ဒီလို ကစား နိုင်ခဲ့မယ် ဆိုရင် စပါး အနေနဲ့ သက်တောင့်သက်သာ နိုင်သွားမှာပါ။

လော်ရိုးရဲဲ့ ခန့်မှန်းချက် – တော့တင်ဟမ် ၂-၀ ဘန်လေ

၄~ မန်စီးတီး Vs မန်ယူနိုက်တက်
ကြားရက်က မန်ယူနိုက်တက်ဟာ တော့တင်ဟမ် ကို နိုင်ခဲ့တဲ့ ပွဲမှာ အကောင်းဆုံး ကစား ခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ပြီးတော့ သူတို့ဟာ ဒီရာသီ အသင်းကြီး တွေနဲ့ တွေ့ဆုံတဲ့ အခါ ရလဒ်ကောင်း အချို့ ရယူ ထားနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး နဲ့ စပါးကို အနိုင် ၊ လီဗာပူး ကို သရေကျ ခဲ့တဲ့ ရလဒ်တွေဟာ အိုးထရပ်ဖို့ဒ်မှာ ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ အဝေးကွင်း နိုင်ပွဲ တစ်ပွဲသာ ရှိထား ခဲ့ပြီး နော့ဝှစ်ကို နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးတီးဟာ တပ်မိုးမှာ ဘန်လေ ကို နိုင်ခဲ့တဲ့ ပွဲမှာ ခြေစွမ်း အတော် ကောင်းခဲ့ပြီး ဂါဘရီဂျယ်ဂျီဆု ၂ ဂိုး သွင်းယူ နိုင်ခဲ့တာ ကလည်း နောက်ထပ် သတင်းကောင်းလည်း ဖြစ်ပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – မန်စီးတီး ၂-၀ မန်ယူနိုက်တက်

၅~ ၀က်ဟမ်း Vs အာဆင်နယ်
နှစ်သင်းစလုံးဟာ ပြသနာတွေ ကြံုတွေ့ နေရပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အဝေးကွင်း စွမ်းဆောင်ရည်မှာ ဒီမှာ အကြီးမားဆုံး ပြသနာ ဖြစ်ပါတယ်။ ဂန်းနားတို့ရဲ့ ခံစစ်ကြောင်းဟာ ဒီထက် ပိုကောင်းလာတာ မတွေ့ ရသေး ပါဘူး။ အကယ်လို့များ ၀က်ဟမ်းဟာ ဒီအပေါ် အသုံးချ နိုင်ခဲ့မယ် ဆိုရင် သူတို့ နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

အာဆင်နယ်တို့ မန်နေဂျာသစ် မခန့်အပ်မီ အထိ သူတို့ ဘယ်လမ်းကြောင်းကို ဦးတည် နေသလဲ ဆိုတာ သိရှိဖို့ ခက်ခဲ ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန် မှာတော့ အာဆင်နယ် ဟာ အောက်ကို ထိုးဆင်း နေပါတယ်။ ဒီရာသီ ထိပ်ဆုံးလေးသင်း ၀င်ကာ လာမည့် ရာသီ ချန်ပီယံလိဂ် မှာ ကစားရဖို့ အတွက် အာဆင်နယ် ရဲ့ အခွင့်အရေးဟာ မရှိသလောက် ဖြစ်နေပါပြီ။

လော်ရိုးရဲ့ ခန့်မှန်းချက် – ၀က်ဟမ်း ၂-၀ အာဆင်နယ်

အခြား ပွဲစဉ်တွေ အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ
၀က်ဖို့ဒ် ၁-၁ ပဲလေ့စ်
အက်စတွန်ဗီလာ ၁-၁ လက်စတာ
နယူးကာဆယ် ၂-၁ ဆောက်သမ်တန်
နော့ဝှစ် ၁-၁ ရှက်ဖီးယူနိုက်တက်
ဘန်လေ ၁-၁ ၀ုဖ်

SM