ယနေ့ နံနက်ပိုင်း မှာ ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘရိုက်တန် အသင်းက အာဆင်နယ် အသင်း ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အမ်းမရိတ် မှာ ကစားခဲ့ရတဲ့ ဒီပွဲမှာ အာဆင်နယ်အသင်း အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှု အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။

ဒါဟာ ၁၉၇၇ ခုနှစ်နောက်ပိုင်း အဆိုးရွား ဆုံး စံချိန် တခုလည်းဖြစ်ကြီး နည်းပြ ယွန်းဘတ်ကတော့ သူ့အသင်းသား တွေမှာ ယုံကြည်မှု ကင်းမဲ့ နေပြီလို့ ဝန်ခံသွား ခဲ့ပါတယ်။အာဆင်နယ် အသင်း ဟာ ဒီ ပွဲ အရှုံးကြောင့် အဆင့် ၁၀ နေရာအထိကျဆင်းသွားခဲ့ပြီးတန်းဆင်းဇုံ နဲ့ ၅ မှတ်သာကွာဟတော့တာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြံုတွေ့ထားခဲ့ရလို့ နည်း ပြ အမ်မရီကို ထုတ်ပယ်ပြီး ကစား သမား ဟောင်း တဦးဖြစ်တဲ့ ယွန်းဘတ်ကိုယာယီတာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ၂ပွဲကိုင်တွယ်ပေးထားအပြီး မှာ ၁ပွဲသရေ၁ ပွဲရှံုးရလဒ်တွေသာ ရယူပေးထားနိုင် ခဲ့သေးတာဖြစ်ပါတယ်။

ဘရိုက်တန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ သူ့အသင်းသား တွေရဲ့ ပွဲ အစ ကနဦး ခြေ စွမ်းအပေါ်ယွန်းဘတ် အတော်လေး စိတ်ပျက်နေပြီး အဝတ်လဲခန်း အတွင်း မှာလည်း ယုံကြည်မှု ကင်းမဲ့ နေခဲ့ကြ ပြီ လို့ ဝန်ခံသွား ခဲ့ပါတယ်။

Amazon Prime နဲ့ အင်တာဗျူးမှာ ယွန်းဘတ်က – ” အတော်လေးကို ခက်ခဲ တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ကျွန်တော့်အသင်းသားတွေဟာ ပထမပိုင်း အတွင်းမှာ အလုပ်မကြိုးစား ခဲ့ကြသလို ပွဲကိုကစားချင်တဲ့ ပုံစံမျိုး လည်း မပြသခဲ့ကြပါဘူး။

ဒုတိယပိုင်းမှာ တော့ ပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ဒါပေမယ့် ကိုယ့် အသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်နိုင်စွမ်းအပေါ် သင်္ကာမကင်းဖြစ်ခဲ့ပြီး ယုံကြည်မှု လည်းပျောက်ဆုံး နေခဲ့ပါတယ်။ကျွန်တော်တို့ဟာ ပြိုင်ဘက်ကို ကိုယ့်အိမ်ကွင်းမှာ တပိုင်းလောက် ပေးကန်ခဲ့ရပါတယ်။

ကျွန်တော့် အနေနဲ့ ဒီအပိုင်း နဲ့ ပတ်သက်ပြီး အသင်းသားတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။သူတို့ကို ယုံုကည်မှုပြန်ရအောင်လည်းလုပ်ပေးရမှာဖြစ်ပါတယ်။ကိုယ့်အသင်းသားတွေမှာ ယုံကြည်မှု မရှိတာက နည်းပြတိုင်းအတွက် တော့ စိုးရိမ်စရာတခုဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

အမ်းမရိတ်မှာ ကစားခဲ့ရတဲ့ ပွဲဖြစ်ပေမယ့် ဘရိုက်တန် အသင်းက ပွဲချိန် ၃၆ မိနစ် မှာ ဝက်ဘ်စတာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ပထမပိုင်းကို ဦးဆောင်နိုင် ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စတင်ပြီးပြီးချင်း လာကာဇက်က ပြန်ချေပပေးခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀ မှာ မူပေးက ဘရိုက်တန်အတွက် အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ အသင်းသားတွေကိဘာပြောခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ယွန်းဘတ်က – ” ပထမပိုင်း အပြီးမှာ ကျွန်တော်က ‘ ဒါဟာ အာဆင်နယ် အသင်းမဟုတ်ပါဘူး။ကျွန်တော်တို့ အနေနဲ့ ဒါကို ပြန်ပြီးပေါက်ကွဲပြဖို့ လိုပါတယ် ‘ ဆိုပြီး အသင်းသားတွေကိုပြောခဲ့ပါတယ်။သူတို့ဆီကနေ ဒါကိုကျွန်တော်လိုချင်တာဖြစ်ပါတယ်။

တကယ့်ကို စိတ်ပျက်စရာဖြစ်ခဲ့တယ်ဆိုတာတော့အမှန်ပါပဲ၊ ဒါပေမယ့် ရှေ့ဆက် နေရဦး မှာဖြစ်ပါတယ်။ကစားသမားတွေ အနေနဲ့ ယုံကြည်မှု နည်းပါနေတာကိုတော့ ခင်ဗျားတိို့လည်း မြင်နိုင်မယ်ထင်ပါတယ်။ဒုတိယပိုင်းမှာပိုပြီးကောင်းကောင်းတုန့်ပြန်လာနိုင်ခဲ့ပေမယ့် အစကတည်းက ဒီလိုကစားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အနေအထားမျိုးရောက်နေတာဖြစ်ပြီး ပွဲတွေ အများစုကို ရှံုးနိမ့်ခဲ့ တာကြောင့်လည်း ယုံကြည်မှုက ထိုးကျသွားခဲ့ပါပြီ။အသင်းသားတွေအနေနဲ့ အင်နဲ့အားနဲ့ပွဲတွေပြန်ကစားပြီး တိုက်လိုခိုက်လိုစိတ်ရှိဖို့ ကျွန်တော်ပြန်လုပ်ပေးရမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ယွန်းဘတ် အတွက်တော့ ပွဲကျပ် တွေကဆက်တိုက် စောင့်ကြိုနေတာဖြစ်ပြီး လာမယ့်ပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာလည်း စတန်းဒက်လိဂ် နဲ့ ယူရိုပါလိဂ် အဆုံးအဖြတ်ပွဲစဉ်ကို အဝေးကွင်းမှာသွားကစားရမှာဖြစ်ပါတယ်။

SM