မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဝက်စ် ဘရောင်း က တစ်စ ထက် တစ်စ အတွဲ ညီ လာတဲ့ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ကို ပိုင်ဆိုင် ထားခြင်း က အသင်း ရဲ့ ခံစစ် ကြောင်းကို နှစ်တွေ များစွာ ပိုကောင်း စေနိုင် လိမ့်မယ် လို့ ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” သူတို့ နှစ်ဦး ဟာ အသင်းရဲ့ ခံစစ် ကြောင်းမှာ တစ်ကယ့် ကို ကောင်းမွန် ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဟယ်ရီ က အသင်း ရဲ့ ခံစစ်ကြောင်း ကို ပိုပြီး တည်ငြိမ် လာအောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူဟာ တစ်ကယ် ပဲ တည်ငြိမ် အေးဆေး တဲ့ ကစားသမား မျိုးပါ ။ သူဟာ အသင်း ကို တစ်ကယ် ပဲ ကူညီ ပေးနိုင် ခဲ့ ပါတယ် ”

” ဗစ်တာ ဟာ ကစားသမား ကောင်း တစ်ဦး ဖြစ်တယ် လို့ ကျွန်တော် ထင် ပါတယ် ။ တစ်ခါတရံ မှာတော့ သူဟာ အာမခံ ချက် သိပ် မပေးနိုင် ပါဘူး ။ ဒါပေမယ့် သူတို့ နှစ်ဦး ဟာ အသင်း ရဲ့ ခံစစ် ကြောင်းမှာ တစ်စ ထက် တစ်စ အတွဲ ပိုညီ လာဖို့ ကြိုးစား နေ ကြပြီး အရာရာ တိုင်းကို ချောမွေ့ စေဖို့ ကြိုးစား နေကြ ပါတယ် ”

” ညာ ခံစစ် ကြောင်း တစ်လျောက် ကတော့ ဝမ် ဘစ်ဆာကာ ရဲ့ အထူး ကောင်းမွန်မှု တွေကြောင့် အတော်လေး အဆင်ပြေနေ ပါတယ် ။ သူဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ကစားသမားကောင်း တစ်ဦး ပါပဲ ။ ကျွန်တော် သူ ကစား တဲ့ ပုံစံ တွေကို တစ်ကယ် ပဲ နှစ်သက် လှ ပါတယ် ”

” အခြား တစ်ဖက် မှာတော့ ဘရန်ဒန် ဝီလီယံ ရောက်ရှိ လာခဲ့ ပြီး အကူအညီ တွေ ပေးနေ မှုနဲ့ အတူ ဘယ် ခံစစ် ကလည်း အဆင်ပြေ ကောင်းမွန် နေခဲ့ ပါတယ် ။ သူတို့ တွေနဲ့ အတူ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ခံစစ် ပါတနာ ကောင်းတွေ ဖြစ်လာ နိုင်လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေ ပါတယ် ”

” လင်ဒီလော့ဖ် ဟာ မနှစ် တုန်းက တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဘောလုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။ အခုတော့ အသင်း ကို မက်ဂွားယား လည်း ရောက်ရှိ လာခဲ့ ပါ ပြီ ။ သူဟာ လက်ရွေးစင် အသင်း မှာလည်း ဦးဆောင် နိုင်သူ တစ်ဦး ဖြစ်ပြီး အတွေ့ အကြုံ တွေလည်း အရမ်း များပြား လှ ပါတယ် ”

” သူဟာ ပရီးမီးယားလိဂ် မှာလည်း အတွေ့အကြံု တွေ အများ ကြီး ရှာဖွေ ထားနိုင် ခဲ့ ပါပြီ ။ သူရဲ့ အတွေ့ အကြံု တွေကို ယူနိုက်တက် မှာ အသုံးချရင်း ကူညီ ပေး နေတာ ကို ကျွန်တော် တို့ တွေ့မြင် နိုင် ပါတယ် ။ သူတို့ နှစ်ဦး နားလည်မှု ပိုကောင်း လာဖို့ မျှော်လင့် နေ ပါတယ် ။ အကယ်လို့ သူတို့ လုပ်ဆောင် နိုင်မယ် ဆိုရင် လာမယ့် ရာသီ တွေကို ပိုမို ကောင်းမွန်စွာ ဖြတ်သန်း နိုုင်ကြ ပါ လိမ့်မယ် ” လို့ ဝက်စ် ဘရောင်း က သုံးသပ် သွားခဲ့ ပါတယ် ။

ယူနိုက်တက် တို့ဟာ ကြားရက် အတွင်း တော့တင်ဟမ် ဟော့ စပါး အသင်း ကို အနိုင် ကစား ပြီး အမှတ်ပေး ဇယား အဆင့် 6 နေရာ အထိ တက်လှမ်း နိုင်ခဲ့ ပါပြီ ။ ဒီ တစ်ပါတ် မှာတော့ ယူနိုက်တက် တို့ မန်ချက်စတာ ဒါဘီ ပွဲ ကစား ရမှာ ဖြစ်ပြီး အနိုင် ရယူနိုင် ဖို့ ကြိုးစား ရင်း ကောင်းမွန် တဲ့ အရှိန် တစ်ခု ပိုင်ဆိုင် နိုင်ဖို့ အားထုတ် ရပါ တော့မယ် ။

#Sports_Myanmar