ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ည က ကစား သွားခဲ့တဲ့ အက်စတွန် ဗီလာ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ ကွင်းလယ်လူ မေဆင်မောင့် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ အနိုင် ရခဲ့ကာ ၊ ၂ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ခြင်း ကို ရပ်တန့် နိုင်ခဲ့ပါတယ် ။ ဝက်စ်ဟမ်း ကို အိမ်ကွင်း မှာ ရှုံးပွဲ တွေ့ခဲ့စဉ် က အေဘရာဟမ် မပါဝင်နိုင်ခဲ့ပေမယ့် ၊ ဗီလာ နဲ့ ပွဲမှာတော့ ပြန်ပါ ခဲ့ကာ ၊ ခြေစွမ်း လည်း ပြသ နိုင်ခဲ့ပါတယ် ။

အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ အပတ် ကြားရက် က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ဒဏ်ရာ ရခဲ့တာကြောင့် ၊ ဝက်စ်ဟမ်း နဲ့ ပွဲကို လွဲချော် ခဲ့တာ ဖြစ်ကာ ၊ ဗီလာ နဲ့ ပွဲမှာတော့ ပြန် ကစားပေး နိုင််ခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ထို ပွဲစဉ် ရဲ့ ဒုတိယပိုင်း ပြီးခါနီး ၁၀ မိနစ် အလိုမှာ အေဘရာဟမ် တယောက် အနည်းငယ် ထိခိုက် ဒဏ်ရာ ရခဲ့ပြန်ပါတယ် ။

သို့ပေမယ့် လည်း နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကတော့ အေဘရာဟမ် ရဲ့ ဒဏ်ရာ ဟာ စိုးရိမ်စရာ မရှိဘူး လို့ ဆိုပါတယ် ။ တဖက်မှာ ကာလရှည် အနားယူ နေရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ် ရဲ့ ဒဏ်ရာ အခြေအနေ ကတော့ တိုးတက် လာခြင်း မရှိသေးသလို ၊ ဘယ်လောက် အထိ အနားယူ ရမလဲ ဆိုတာလည်း မသိသေးဘူး လို့ လမ်းပတ် က ဆက်လက် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ပြီးခဲ့တဲ့ ၂လ ကျော်ကျော် အတွင်း မှာတော့ ရူဘင် ဟာ သူ့ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး ဆေးစစ်မှု တွေ ထပ်ပြီး လုပ်ခဲ့ပါတယ် ။ အခု ခြေကျင်းဝတ် ဒဏ်ရာ အပြင် အခြား နောက်ဆက်တွဲ ဒဏ်ရာ တွေတော့ ရှိမနေပါဘူး ။ ဒါပေမယ့် လည်း ရှိရင်းစွဲ ဒဏ်ရာ အခြေအနေ က ထင်သလောက် လည်း တိုးတက် မလာသေးပါဘူး ။ ရူဘင် အတွက် ကတော့ ဒီ ဒဏ်ရာ က လွဲရင် တခြား ဆိုးဆိုးရွားရွား ခံစား နေရတာတွေတော့ မရှိပါဘူး ။ ”

” အခု လောလောဆယ် ကာလ အတွင်း မှာတော့ သူ့ အတွက် ဒီ ဒဏ်ရာ က ပြန်ကောင်း လာဖို့ ဘယ်လိုမှ မနီးစပ်သေးပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ် က ဒီနှစ် ဘောလုံး ရာသီ ရဲ့ ၃ပုံတပုံ ကို ရောက်ရှိလာပြီးနောက် လက်ရှိ အသင်း ရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး လည်း အခုလို သုံးသပ် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” အခု အနေအထား အတွက် ကျွန်တော် ပျော်ရွှင် နေပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ ဒီထက် ပိုကောင်းတဲ့ အခြေအနေ တွေကို လိုချင်ပါတယ် ။ ရာသီ မစတင်မီ က လူတွေဟာ ကျွန်တော် တို့ကို သိပ်ပြီး မျှော်မှန်းထားခြင်း မရှိခဲ့ပေမယ့် ၊ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ ကို လှပစွာ စတင် နေခဲ့ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျွန်တော် ဟာ အသင်း အတွက် ပိုကောင်းတဲ့ ပုံစံ တွေကို အချိန်တိုင်း လိုချင်ပါတယ် ။ ”

” ပြီးခဲ့တဲ့ အပတ် အတွင်း က ရလဒ်တွေကြောင့် ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ကျွန်တော် တို့ဟာ မန်စီးတီး လို အသင်းကြီး တသင်း ကို အဝေးကွင်း မှာ ကစားပြီး အရေးနိမ့် ခဲ့တယ် ၊ ဝက်စ်ဟမ်း ကိုလည်း အိမ်ကွင်း မှာ လက်ခံ ကစားခဲ့ပေမယ့် ၊ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် အခုအခါမှာတော့ ကျွန်တော် တို့ဟာ ဗီလာ နဲ့ ပွဲမှာ ပြန်ပြီး ရုန်းထ နိုင်ခဲ့ပါတယ် ။ ”

” ဒီ ရလဒ် က ဘာကို ပြချင်တာလဲ ဆိုတော့ ကျွန်တော် တို့ဟာ လိုချင်တဲ့ ပစ်မှတ် တွေဆီကို ရောက်ရှိဖို့ အတွက် အလားအလာကောင်း တွေ ပိုင်ဆိုင် နေတယ် ဆိုတာပါပဲ ။ ဒါပေမယ့် ပန်းတိုင် မရောက်မီ လမ်းခုလတ် မှာ ကြုံရမယ့် အခက်အခဲ ၊ အတားအဆီး တွေကိုတော့ သတိထား ကျော်ဖြတ်ဖို့ လိုပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ အသင်း ဟာ ငယ်ရွယ်ပြီး အတွေ့အကြံု နည်းပါးသလို ၊ အတိမ်းအစောင်း တချို့ လည်း ရှိနိုင်လို့ပါ ။ ဒီလို အနေအထား တွေ တဖြည်းဖြည်း တိုးတက် လာဖို့ ဆိုရင် ကျွန်တော် တို့ နေ့စဉ် ကြိုးစားဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR