၂၀၁၉ ခုနှစ် ရဲ့ အချိန်တွေ ဟာ တဖြည်းဖြည်း ကုန်ဆုံး နေပါပြီ ။ မကြာခင် မှာဘဲ နှစ်ဟောင်း ကုန်ဆုံး လို့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိ ကြတော့မှာပါ ။ ဒါကြောင့် တစ်နှစ်တာ ကစား ခဲ့တဲ့ ပွဲတွေ ထဲ ကနေ အကောင်းဆုံး စွမ်းဆောင် ထားမှု တွေ ကို ကောက်နှုတ် ဖော်ပြ နေပြီ ဖြစ် ပါတယ် ။ အခု Sports Myanmar ကနေ ဖော်ပြ မှာ ကတော့ ၂၀၁၉ ခုနှစ် အတွင်း အကောင်းဆုံး စွမ်းဆောင် ထားနိုင် ခဲ့တဲ့ တိုက်စစ်မှုး ၁၀ ဦး ပဲ ဖြစ် ပါတယ် ။

ဒီစာရင်းထဲ မှာ ရီးရဲ တိုက်စစ်မှုး ဘန်ဇီးမား ၊ ဘိုင်ယန် တိုက်စစ်မှုး လီဝန်ဒေါ့စကီး စတဲ့ အကျော် အမော်တွေ ပါ၀င် ခဲ့ ကြ ပါတယ် ။ အထောင် တိုက်စစ်မှုး ကဏ္ဍ ဖြစ်တာ ကြောင့် နံပါတ် ၉ ကစား သမားတွေ ကိုသာ ရွေးချယ် ထားတာ ဖြစ်ပြီး မက်ဆီ ၊ ဆာလာ ၊ မာနေး တို့လို ရှေ့တန်းလူတွေ မပါခဲ့ ပါဘူး ။

၁၀ ။ ကာရင် ဘန်ဇီးမား ( ရီးရဲ မက်ဒရစ် )

ရီးရဲ မက်ဒရစ် ကနေ ခရစ္စတီယာနို ရိုနယ်ဒို ထွက်ခွာ သွားစဉ် က စလို့ ဘန်ဇီးမား ဟာ မက်ဒရစ် ရဲ့ အရေး အပါဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ ပါတယ် ။ ရိုနယ်ဒို မရှိ တော့တဲ့ ၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ က စပြီး ဒီနှစ် ဒီဇင်ဘာ မတိုင်ခင် အထိ ဘန်ဇီးမား ဟာ ပွဲ 70 ကစားပြီး ၄၄ ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

၉ ။ ရိုမီရို လူကာကူ ( အင်တာ မီလန် )

မန်ချက် စတာ ယူနိုက်တက် မှာ ကတည်းက လူကာကူ ဟာ ဂိုးသွင်းနှုန်း မြင့်တဲ့ တိုက်စစ်မှုး အဖြစ် ရှိနေ ခဲ့ တာပါ ။ ဒါကို အီတလီ မြေမှာ လည်း ဆက်လက် သက်သေ ပြနေ ခဲ့ ပါတယ် ။ အသင်း သစ် အင်တာ မီလန် နဲ့ အတူ စီးရီးအေ မှာ ၁၃ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူ ပေးထား ခဲ့ သလို အသင်းဖော် လူတာရို မာတီနက် နဲ့ အတူ အတွဲညီတဲ့ တိုက်စစ် အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။

၈ ။ အော်ဘားမီးယန်း ( အာဆင်နယ် )

အာဆင်နယ် က နေ အာဆင်ဝင်းဂါး မထွက်ခွာမီ လုပ်ဆောင် ခဲ့တဲ့ အကောင်းဆုံး လုပ်ရပ် ကတော့ အော်ဘားမီးယန်း ကို ခေါ်ယူ ခဲ့မှု ပါပဲ ။ ဂါဘွန် တိုက်စစ်မှုး ဟာ အသက် ၃၀ ရှိနေ ပေမယ့် သူ့ရဲ့ လျှင်မြန်မှု ၊ နေရာယူ ကောင်းမွန်မှု နဲ့ အဆုံးသတ် စွမ်းရည်တွေ ကြောင့် ဂန်းနား တို့ရဲ့ အဓိက တိုက်စစ်မှုး အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။ အော်ဘားမီးယန်း ဟာ အာဆင်နယ် ကို ရောက်လာပြီး နောက်ပိုင်း မှာ ပွဲပေါင်း 78 ပွဲ ကစား ခဲ့ပြီး ဂိုး ၅၀ အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပြီပဲ ဖြစ် ပါတယ် ။

7 ။ မော်ရို အီကာဒီ ( PSG )

အင်တာ မီလန် နည်းပြသစ် ကွန်တီ နဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်လာတာ ကြောင့် ပြင်သစ် ကို ပြောင်းရွှေ့ ခဲ့တဲ့ အီကာဒီ ဟာ PSG အတွက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်စေခဲ့ ပါတယ် ။ နောက်ဆုံး ၄ ရာသီ မှာ ၁၂၆ ပွဲ ကစားပြီး ၈၂ ဂိုး သွင်းယူ ခဲ့တဲ့ အီကာဒီ ဟာ PSG မှာလည်း ပြိုင်ပွဲစုံ ၁၀ ဂိုး သွင်းယူ ထားပြီး နေမာ ၊ ကာဗာနီ တို့ ဒဏ်ရာ ရရှိ နေချိန် မှာ အားကိုးရသူ ဖြစ်စေခဲ့ ပါတယ် ။

၆ ။ ရော်ဘတ်တို ဖာမီနို ( လီဗာပူး )

ဖာမီနို ဟာ အခုနက တိုက်စစ်မှုးတွေ လောက် ဂိုးသွင်းနှုန်း မမြင့် ပါဘူး ။ ဒါပေမယ့် ဘရာဇီးသား ဟာ ကွင်းထဲ မှာ နည်းပြ တောင်းဆို သမျှ အားလုံး လုပ်နိုင်သူပါ ။ လိမ်ခေါက် မလား ၊ ခံစစ် ဆင်းကူ မလား ၊ ဖိအားပေး ကစား မလား ၊ ဘာမဆို ရနိုင် ပါတယ် ။ ဆာလာ နဲ့ မာနေး တို့ ဒီလောက် ဂိုးတွေ ရနေတာဟာ ဖာမီနို ရှိနေတာ ကြောင့် လို့ ပြောရင် လွန်မယ် မထင် ပါဘူး ။

၅ ။ လူးဝစ် ဆွာရက် ( ဘာစီလိုနာ )

သိပ် မကြာတော့တဲ့ လအနည်းငယ် အပြီးမှာ လူးဝစ် ဆွာရက် ဟာ ၃၃ နှစ် ပြည့် မြောက်တော့ မှာ ဖြစ် ပါတယ် ။ ဒါပေမယ့် ဥရုဂွေး တိုက်စစ်မှုးကြီး ရဲ့ ဂိုးသွင်းနှုန်း က တော့ ကျဆင်းလို့ မသွားသေး ပါဘူး ။ ဒီရာသီ မှာ ဘာစီလိုနာ အတွက် ၁၃ ဂိုး သွင်းယူ ပေးထားတဲ့ ဆွာရက် ဟာ ခုနှစ် တစ်ခုတည်း မှာသာ မက ပါဘူး ၊ ဘောလုံး သမိုင်း တစ်လျောက် အကောင်းဆုံးသော တိုက်စစ်မှုး တွေ ထဲက တစ်ဦး အဖြစ် သတ်မှတ် လို့ ရနိုင် ခဲ့ ပါတယ် ။

၄ ။ ဟယ်ရီကိန်း ( တော့တင်ဟမ် ဟော့စပါး )

ပရီးမီးယားလိဂ် ရဲ့ သမိုင်း တစ်လျောက် ဂိုးအများဆုံး သွင်းယူ ထားတဲ့ အလန်ရှီးယား ရဲ့ စံချိန် ကို ရိုက်ချိုး နိုင်မယ့်သူ အဖြစ် ဟယ်ရီကိန်း ကို သတ်မှတ် ထားကြ ပါတယ် ။ အင်္ဂလန် လက်ရွေးစင် အသင်းမှာ လည်း ၀ိန်းရွန်းနီ ရဲ့ သွင်းဂိုးစံချိန် ကို သိပ် မကြာခင် မှာ ကျော်ဖြတ် နိုင်တော့ မှာပါ ။ ဟယ်ရီကိန်း ဟာ ဆွာရက် ၊ လီဝန်ဒေါ့စကီး တို့ အနားယူ သွားတဲ့ အချိန် မှာ ကမ္ဘာ့ အကောင်းဆုံး အထောင် တိုက်စစ်မှုး တစ်ယောက် အဖြစ် ကို ရောက်လာ ဖို့ အလားအလာ အများကြီး ရှိနေ ပါတယ် ။ ဒီလို အလေးပေးမှုတွေ ဟာ သူ့ရဲ့ သွင်းဂိုးတွေ နဲ့ တိုက်စစ်မှုး စွမ်းရည်တွေ က နေ မြစ်ဖျား ခံလာ ခဲ့တာ ပါပဲ ။

၃ ။ ဆာဂျီယို အဂွေရို ( မန်ချက် စတာ စီးတီး )

ဆာဂျီယို အဂွေရို ဟာ ဘယ်လို ကစား သမားမျိုး လဲ ဆိုတာ ကို သူ့ရဲ့ ကစား သမား ဘဝ တစ်လျောက် မှာ သွင်းယူ ခဲ့တဲ့ ဂိုးတွေ က ပြောပြ နိုင်မှာပါ ။ မန်ချက် စတာ စီးတီး အတွက် ပွဲဗပါင်း ၃၅၃ ပွဲ ကစားပြီး ၂၄၄ ဂိုး အထိ သွင်းယူ ထားခဲ့တဲ့ တိုက်စစ်မှုးကြီး ဟာ ၂၀၁၉ ခုနှစ် အတွင်း မှာလည်း စီးတီး ရဲ့ အဓိက ဂိုးသွင်းရှင် အဖြစ် ရှိနေ ခဲ့ ပါတယ် ။

၂ ။ ခရစ္စတီယာနို ရိုနယ်ဒို ( ယူဗင်တပ် )

၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ မှာတော့ ရိုနယ်ဒို ဟာ ဂိုးသွင်းနှုန်း ကျလာခဲ့ ပါတယ် ။ ဒါပေမယ့် ၂၀၁၉ ခုနှစ် ရဲ့ ပြက္ခဒိန် နှစ် တစ်နှစ် အတွင်း မှာတော့ ရိုနယ်ဒို ဟာ အီတလီ ချန်ပီယံ အတွက် အရေးပါတဲ့ ဂိုးသွင်းရှင် ဖြစ် ခဲ့ သလို ပေါ်တူဂီ အသင်း အတွက် လည်း အားထားရတဲ့ တိုက်စစ်မှုး တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်တယ် ဆိုတာ ကို သွင်းဂိုးတွေ နဲ့ သက်သေ ပြနိုင် ခဲ့ ပါတယ် ။

၁ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘိုင်ယန် မြုးနစ် )

ဒီရာသီ မှာ လီဝန်ဒေါ့စကီး ရဲ့ ဂိုးသွင်းအားဟာ အရင် နှစ်တွေက ထက် အများကြီး ပိုကောင်းလာ ခဲ့ ပါတယ် ။ ဘွန်ဒစ်လီဂါ တစ်ခုတည်း မှာပဲ လီဝန်ဒေ့ါစကီး ရဲ့ ဂိုး အရေအတွက် ဟာ ၁၆ ဂိုး အထိ ရှိခဲ့ ပါတယ် ။ ၂၀၁၉ ခုနှစ် ထဲ မှာ ဆိုရင်တော့ ဥရောပထိပ်သီး လိဂ် ၅ ခု ထဲ မှာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရှိနေခဲ့ ပါတယ် ။

PS : အချက်အလက်များသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ အထိ နောက်ဆုံးထား ကောက်ယူ ထားခြင်း ဖြစ် ပါတယ် ။

SPORTS MYANMAR