အဂၤလန္ လက္ေရြးစင္ ေနာက္ခံလူ ဟယ္ရီ မက္ဂြားယား ဟာ ေဆးစစ္ ျပီးစီးတဲ့ ေနာက္ မေန့ က မန္ခ်က္စတာ ယူနိုက္တက္ အသင္း ရဲ့ တရားဝင္ ကစားသမား သစ္ ျဖစ္လာ ခဲ့ ပါျပီ ။ ယူနုိက္တက္ ဟာ သူ့ကို ရရွိ ဖုိ့ အတြက္ ေပါင္ သန္း 80 အထိ အသံုးျပဳ ခဲ့ရ ပါတယ္ ။

ဒါ့ေၾကာင့္ ဟယ္ရီ မက္ဂြားယား ဟာ လီဗာပူး အသင္း ရဲ့ ေပါင္ 75 သန္းတန္ ခံစစ္မွဴး ဗာဂ်ီလ္ ဗန္ဒိုက္ ကို ေက်ာ္လြန္ ျပီး ေဘာလံုး သမိုင္း တစ္ေလ်ာက္ ရဲ့ တန္ဖုိး အၾကီးဆံုး ဗဟို ခံစစ္ ကစားသမား တစ္ဦး ျဖစ္လာ ခဲ့ ပါျပီ ။

အခုေတာ့ ယူနုိက္တက္ ဆီ 6 နွစ္ ( + တစ္ႏွစ္ တုိးခြင့္ ) စာခ်ဳပ္ နဲ့ ေရာက္ရွိ သြား ခဲ့တဲ့ သား ျဖစ္သူ ဟယ္ရီ မက္ဂြားယား အတြက္ မိခင္ ျဖစ္သူ ဇုိး မက္ဂြားယား က အရမ္းပဲ ဂုဏ္ယူ ေပ်ာ္ရႊင္ ေနေၾကာင္း လူမွဳ ကြန္ယက္ ျဖစ္တဲ့ တြစ္တာ အထက္ မွာ ေရးသား ေဖာ္ျပ သြားခဲ့ လိုက္ ပါတယ္ ။

အဆုိပါ စာကို ေတာ့ ဇိုး မက္ဂြားယား ဟာ သား ျဖစ္သူ ယူနုိက္တက္ အသင္း နဲ့ တရားဝင္ စာခ်ဳပ္ ခ်ဳပ္ဆုိ ျပီးခ်ိန္ မၾကာမီ မွာပဲ တြစ္တာ အထက္ တင္သြား ခဲ့တာ ျဖစ္ျပီး ယူနုိက္တက္ ဂ်ာစီ ဝတ္ဆင္ရင္း ပြဲ ကစား ရဖုိ့ ဆုိတာ သား ျဖစ္သူ ရဲ့ အိပ္မက္ ျဖစ္ေၾကာင္း ကိုပါ ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ ပါတယ္ ။

ဇိုး မက္ဂြားယား ဟာ သား ျဖစ္သူ ရဲ့ ငယ္စဥ္ တုန္းက ပံု တစ္ပံု နဲ့ ယူနုိက္တက္ ဂ်ာစီ နဲ့ အိုးလ္ ထရပ္ဖုိ့ဒ္ ကို ေရာက္ရွိ ေနတဲ့ မက္ဂြားယား ရဲ့ ပံုကို တြစ္တာ မွာ ပူးတြဲ တင္ခဲ့ ျပီး …

” ခင္ဗ်ား ရဲ့ သားက ငယ္စဥ္ ကတည္းက အိုးလ္ ထရပ္ဖုိ့ မွာ ကစား ရဖုိ့ အိပ္မက္ မက္ ေနရင္ ၊ အိပ္ယာ က နုိးထ လာတဲ့ အခါ မွာ အဲ့တာ ဟာ တစ္ကယ္ ျဖစ္ပြား ေနျပီ ဆုိရင္ ဒါဟာ အိပ္မက္ ေတြ တစ္ကယ္ ျဖစ္လာ ျခင္း ပါပဲ ။ မင္း အတြက္ အရမ္း ဂုဏ္ယူ မိ ပါတယ္ သားေရ ” လို့ ေရးသား ေဖာ္ျပ သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

မက္ဂြားယား ဟာလည္း ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ ခဲ့ ရတဲ့ အတြက္ မိခင္ ျဖစ္သူ နည္းတူ အထူး ဂုဏ္ယူ ေပ်ာ္ရႊင္ ရေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါ ေသးတယ္ ။

” အခုလို ၾကီးက်ယ္ တဲ့ အသင္း ၾကီး တစ္သင္း ဆီ ေျပာင္းေရႊ့ လာခဲ့ ရတာ ဟာ တစ္ကယ့္ ဂုဏ္ယူ ဖြယ္ အခိုက္ အတန့္ ေတြကို ပိုင္ဆုိင္ ရျခင္း ပါပဲ ။ ဝင္ဘာေလ နဲ့ အိုးလ္ ထရပ္ဖုိ့ဒ္ တုိ့လို ၾကီးမားတဲ့ ကြင္းႏွ စ္ခု ထဲမွာ လမ္းေလ်ာက္ဖုိ့ ခင္ဗ်ား ဟာ ကေလး ဘဝ ထဲက အျမဲတမ္း အိပ္မက္ မက္ေန ခဲ့မွာ ပါပဲ ”

” အံ့ခ်ီးဖြယ္ ကလပ္ ပါပဲ ၊ ဒါဟာ က်ြန္ေတာ္ ငယ္စဥ္ ကတည္းက အျမဲတမ္း ေစာင့္ၾကည့္ ေန ခဲ့တဲ့ ကလပ္ အသင္း ပါပဲ ။ အခု ေတာ့ က်ြန္ေတာ္ ဟာ ဒီ အသင္း ရဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္ခဲ့ ရ ပါျပီ ။ ဒီမွာ ရွိတဲ့ ပတ္ဝန္းက်င္ အေနအထား က တုႏွိဳင္း မရေအာင္ ပါပဲ ၊ တစ္ကယ့္ စပါယ္ရွယ္ ပါပဲ ဗ်ာ ” လို့ ဟယ္ရီ မက္ဂြားယား က ေျပာၾကား ခဲ့တဲ့ အျပင္ တြစ္တာ အထက္ မွာလည္း …

” က်ြန္ေတာ့္ ကို ေထာက္ခံ အားေပး တဲ့သူ အားလံုး ၊ က်ြန္ေတာ့္ ဘဝ ရဲ့ အစိတ္အပိုင္း ျဖစ္ခဲ့သူ အားလံုး ကို ေက်းဇူး တင္ ပါတယ္ ။ က်ြန္ေတာ္ ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ နိုင္ ခဲ့တဲ့ အေပၚ ဂုဏ္ယူ မိ ပါတယ္ ။ အံ့ခ်ီးဖြယ္ ေကာင္းတဲ့ လမ္း အရွည္ၾကီး ေပၚ ဆက္လက္ ေလ်ွာက္လွမ္း ရပါ ေတာ့မယ္ ” လို့ ေရးသား ေဖာ္ျပ သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

သားဖြစ်သူရဲ့ အိပ်မက်တွေ ပြည့်ဝလာခဲ့တဲ့အပေါ် ပျော်ရွှင်ကြည်နူးရင်း ဂုဏ်ယူနေတဲ့ မိခင် မက်ဂွားယား

====================

အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဟယ်ရီ မက်ဂွားယား ဟာ ဆေးစစ် ပြီးစီးတဲ့ နောက် မနေ့ က မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တရားဝင် ကစားသမား သစ် ဖြစ်လာ ခဲ့ ပါပြီ ။ ယူနိုက်တက် ဟာ သူ့ကို ရရှိ ဖို့ အတွက် ပေါင် သန်း 80 အထိ အသုံးပြု ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ဟယ်ရီ မက်ဂွားယား ဟာ လီဗာပူး အသင်း ရဲ့ ပေါင် 75 သန်းတန် ခံစစ်မှူး ဗာဂျီလ် ဗန်ဒိုက် ကို ကျော်လွန် ပြီး ဘောလုံး သမိုင်း တစ်လျောက် ရဲ့ တန်ဖိုး အကြီးဆုံး ဗဟို ခံစစ် ကစားသမား တစ်ဦး ဖြစ်လာ ခဲ့ ပါပြီ ။

အခုတော့ ယူနိုက်တက် ဆီ 6 နှစ် ( + တစ်နှစ် တိုးခွင့် ) စာချုပ် နဲ့ ရောက်ရှိ သွား ခဲ့တဲ့ သား ဖြစ်သူ ဟယ်ရီ မက်ဂွားယား အတွက် မိခင် ဖြစ်သူ ဇိုး မက်ဂွားယား က အရမ်းပဲ ဂုဏ်ယူ ပျော်ရွှင် နေကြောင်း လူမှု ကွန်ယက် ဖြစ်တဲ့ တွစ်တာ အထက် မှာ ရေးသား ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ စာကို တော့ ဇိုး မက်ဂွားယား ဟာ သား ဖြစ်သူ ယူနိုက်တက် အသင်း နဲ့ တရားဝင် စာချုပ် ချုပ်ဆို ပြီးချိန် မကြာမီ မှာပဲ တွစ်တာ အထက် တင်သွား ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ဂျာစီ ဝတ်ဆင်ရင်း ပွဲ ကစား ရဖို့ ဆိုတာ သား ဖြစ်သူ ရဲ့ အိပ်မက် ဖြစ်ကြောင်း ကိုပါ ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဇိုး မက်ဂွားယား ဟာ သား ဖြစ်သူ ရဲ့ ငယ်စဉ် တုန်းက ပုံ တစ်ပုံ နဲ့ ယူနိုက်တက် ဂျာစီ နဲ့ အိုးလ် ထရပ်ဖို့ဒ် ကို ရောက်ရှိ နေတဲ့ မက်ဂွားယား ရဲ့ ပုံကို တွစ်တာ မှာ ပူးတွဲ တင်ခဲ့ ပြီး …

” ခင်ဗျား ရဲ့ သားက ငယ်စဉ် ကတည်းက အိုးလ် ထရပ်ဖို့ မှာ ကစား ရဖို့ အိပ်မက် မက် နေရင် ၊ အိပ်ယာ က နိုးထ လာတဲ့ အခါ မှာ အဲ့တာ ဟာ တစ်ကယ် ဖြစ်ပွား နေပြီ ဆိုရင် ဒါဟာ အိပ်မက် တွေ တစ်ကယ် ဖြစ်လာ ခြင်း ပါပဲ ။ မင်း အတွက် အရမ်း ဂုဏ်ယူ မိ ပါတယ် သားရေ ” လို့ ရေးသား ဖော်ပြ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

မက်ဂွားယား ဟာလည်း ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့ ရတဲ့ အတွက် မိခင် ဖြစ်သူ နည်းတူ အထူး ဂုဏ်ယူ ပျော်ရွှင် ရကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါ သေးတယ် ။

” အခုလို ကြီးကျယ် တဲ့ အသင်း ကြီး တစ်သင်း ဆီ ပြောင်းရွှေ့ လာခဲ့ ရတာ ဟာ တစ်ကယ့် ဂုဏ်ယူ ဖွယ် အခိုက် အတန့် တွေကို ပိုင်ဆိုင် ရခြင်း ပါပဲ ။ ဝင်ဘာလေ နဲ့ အိုးလ် ထရပ်ဖို့ဒ် တို့လို ကြီးမားတဲ့ ကွင်းနှ စ်ခု ထဲမှာ လမ်းလျောက်ဖို့ ခင်ဗျား ဟာ ကလေး ဘဝ ထဲက အမြဲတမ်း အိပ်မက် မက်နေ ခဲ့မှာ ပါပဲ ”

” အံ့ချီးဖွယ် ကလပ် ပါပဲ ၊ ဒါဟာ ကျွန်တော် ငယ်စဉ် ကတည်းက အမြဲတမ်း စောင့်ကြည့် နေ ခဲ့တဲ့ ကလပ် အသင်း ပါပဲ ။ အခု တော့ ကျွန်တော် ဟာ ဒီ အသင်း ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ ရ ပါပြီ ။ ဒီမှာ ရှိတဲ့ ပတ်ဝန်းကျင် အနေအထား က တုနှိုင်း မရအောင် ပါပဲ ၊ တစ်ကယ့် စပါယ်ရှယ် ပါပဲ ဗျာ ” လို့ ဟယ်ရီ မက်ဂွားယား က ပြောကြား ခဲ့တဲ့ အပြင် တွစ်တာ အထက် မှာလည်း …

” ကျွန်တော့် ကို ထောက်ခံ အားပေး တဲ့သူ အားလုံး ၊ ကျွန်တော့် ဘဝ ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့သူ အားလုံး ကို ကျေးဇူး တင် ပါတယ် ။ ကျွန်တော် ယူနိုက်တက် ဆီ ပြောင်းရွှေ့ နိုင် ခဲ့တဲ့ အပေါ် ဂုဏ်ယူ မိ ပါတယ် ။ အံ့ချီးဖွယ် ကောင်းတဲ့ လမ်း အရှည်ကြီး ပေါ် ဆက်လက် လျှောက်လှမ်း ရပါ တော့မယ် ” လို့ ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

#Sports_Myanmar