ဒီရာသီ ပရီးမီးယား လိဂ် ပြိုင် ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြ နေတာကတော့ ချန်ပီယံဟောင်း လက်စတာ အသင်းပဲဖြစ်ပါတယ်။သူတို့ ဟာဆက်တိုက် နိုင်ပွဲတွေရယူထားနိုင် ခဲ့ပြီးလီဗာပူး အသင်းကို ၈ မှတ် အကွာ အနေအထားနဲ့ လိုက်လံ ဖိအားပေးနေပါတယ်။

လက်စတာ အသင်းရဲ့ အခုလို အမြင့် ပျံ ခရီးမှာ ပြောစရာဖြစ်နေခဲ့တာကတော့ တိုက်စစ်မှူး ဂျေမီဗာဒီ ရဲ့ ငယ်မူ ငယ် သွေးပြန်လည်ပြသနေမှု ပဲ ဖြစ်ပါတယ်။ ဒီအင်္ဂလန် သားကြီးဟာ လက်စတာ အသင်းအတွက် လိဂ်ပွဲ ၁၅ ပွဲပါဝင် ကစား ပေးထားပြီး သွင်းဂိုး ၁၄ ဂိုးတဲ့ ဖန်တီးမှု ၃ ကြိမ်စွမ်းဆောင်ပေးထားပါတယ်။

ဒါ့အပြင် ကွင်းလယ်ကြယ်ပွင့် ကစား သမား လေး မက်ဒီဆင် ရဲ့ စွမ်းဆောင် ရည်ကလည်း မဖြစ်မနေ အသိအမှတ်ပြုသွားရဖို့ လိုနေတာဖြစ်ပါတယ်။မက်ဒီဆင် ဟာဒီရာသီ မှာ သွင်းဂိုး ၅ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်စွမ်းဆောင်ပေးထားပါတယ်။

ဒါပေမယ့် အရေးပါတဲ့ နေရာမှာ ရှိနေတာကတော့ နည်းပြ ကြီး ရော်ဂျာ ရဲ့ အကောင်းဆုံး ဦးဆောင်ထားနိုင်မှုပဲဖြစ်ပါတယ်။ဆဲလ်တစ် အသင်းနဲ့ အတူ အောင်မြင်မှု တွေ အများအပြားရယူထားနိုင်ခဲ့တဲ့ရော်ဂျာဟာ အင်္ဂလန်မြေတကျော့ပြန်ခရီးမှာ မထင်မှတ်တာတွေလုပ်ပြနေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အမ်မရီ နဲ့ လမ်းခွဲ အပြီး မှာ အာဆင်နယ် အသင်းကရော်ဂျာကို ဦးစားပေး ပစ်မှတ် အဖြစ် တောင်ရည်ရွယ်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် ရေတို ဖြေရှင်း မှု အဖြစ် ယွန်းဘတ် ကို ယာယီတာဝန်ပေးထား ခဲ့တာဖြစ်ပါတယ်။

အသက် ၄၆ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ရော်ဂျာဟာ ပြီးခဲ့တဲ့ နှစ်မှာ ဆဲလ်တစ် အသင်းကနေ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီးတနှစ်လျင် တန်ကြေး ပေါင် ၅သန်း ပမာဏ ရှိတဲ့ လုပ်ခလစာနဲ့ အတူ ၂၀၂၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ဒါပေမယ့် အာဆင်နယ်အသင်းက အပြင်းအထန်ကြိုးပမ်းလာဖွယ်ရှိနေလို့ စာချုပ်သက်တမ်းထပ်တိုးနိုင်ဖို့ လက်စတာ အသင်းက ပြင်ဆင်လာတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ယာယီနည်းပြ ယွန်းဘတ် လက်ထက် မှာလည်း ထူးမခြားနား ဖြစ်နေပြီး ၂ ပွဲကိုင်တွယ်ထား အပြီး မှာ သရေ ပွဲ တပွဲ နဲ့ ရှုံး ပွဲ တပွဲ သာရရှိအောင် စွမ်းဆောင်ပေးထားနိုင်သေးတာဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုပါ ထုတ်ပယ်သွားဖို့တောင်းဆိုမှုတွေက မြင့်တက်နေပါတယ်။

အာဆင်နယ် အသင်းရဲ့စိတ်ဝင်စားမှု ခံနေရတဲ့ဆိုတဲ့ သတင်း တွေနဲ့ပတ်သက်ပြီးမကြာသေးမီကအင်တာဗျူးတခုမှာ ရော်ဂျာက – ” ကျွန်တော်ဒီမှာ အရမ်းပျော်နေပါတယ်။ဒါကြောင့်လည်း အခြား နေရာ တခုကို မျှော်ကြည့်စရာ မလိုပါဘူး။

တကယ် အရှိတရားက ဒီအကြောင်းကို ပြောပြမယ်လို့ ကျွန်တော်ထင်ပါတယ်။ကောလဟလ တွေ အတင်းအဖျင်းတွေ ဆိုတာကတော့ ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမယ့်ဗျာ ဒီလို အချိန်အခါ မျိုးမှာ ဘာလို့ ကျွန်တော်က လက်စတာ အသင်းကို စွန့်ခွာရမှာပါလဲ ?

ထပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော် ဒီမှာ အရမ်းအရမ်းကိုပျော်နေပါတယ်။အသင်းမှာ ရှိတဲ့ လူတွေ အားလုံးနဲ့ လည်း ဆက်ဆံရေး ကောင်းတွေရှိထားပါတယ်။ကျွန်တော့်အနေနဲ့ဒါကို ရှေ့ဆက်ချင်တဲ့ ခံစားချက်လည်းရှိပါတယ်။

ကျွန်တော်ပေးချင်တဲ့ မတ်ဆေ့ချ်က ရှင်းပါတယ်။လွန်ခဲ့တဲ့ ၉လလောက်တုန်းက ဒီကို ရည်ရွယ်ချက်တခုနဲ့ ကျွန်တော် ရောက်လာတာဖြစ်ပါတယ်။အဲ့ဒီရည်ရွယ်ချက်က ဒီအသင်းကို ရှေ့ဆက် စေဖို့ ဆိုတာ တကယ့်ကို အရှင်းကြီးပါပဲ။

ကျွန်တော်ဒီ အသင်းကို ရောက်တဲ့ အချိန်ကစတင်ပြီး သူတို့မှာ အလား အလာကောင်းတွေ အများကြီး ရှိနေတာကို လည်း ခံစားရပါတယ်။ဘာကြောင့် ဒီလို နေရာကနေ ကျွန်တော် ရွေ့ချင် ရမှာပါလဲဗျာ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM