မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က အသင်း နဲ့ အတူ စာချုပ် သက်တမ်း တိုးမြှင့် ခဲ့ခြင်း အဓိက အကြောင်း အရင်း က ဆု ဖလား တွေ ဆွတ်ခူးရေး မှာ အကူအညီ ဖြစ်စေ နိုင်ဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကစား ခဲ့တဲ့ အချိန် ကာလ အတွင်း အသင်း နဲ့ အတူ ယူရို ပါလိဂ် ၊ FA ဖလား နဲ့ လိဂ် ဖလား တွေကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ပြီး နောက်ထပ် ဆု ဖလား တွေကို ရယူ နိုင်ဖို့ အတွက် ရည်ရွယ် နေသူ ပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ကနေ ဂန္ဓဝင် နည်းပြ ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွား ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဆု ဖလား တွေကို ဆွတ်ခူး နိုင်ဖို့ ရုန်းကန် နေခဲ့ ရပြီး နောက်ပိုင်း ရာသီ တွေမှာ တည်ငြိမ်တဲ့ ခြေစွမ်း မပြနိုင်ခဲ့ ပေမယ့် ဒီဂီယာ ကတော့ ဆု ဖလားတွေ ရယူ နိုင်ဖို့ ရည်မှန်းရင်း ပြီးခဲ့တဲ့ နွေ တုန်းက အသင်း နဲ့ အတူ 2023 အထိ စာချုပ် သက်တမ်း တိုးမြှင့် ခဲ့တာ ပဲ ဖြစ်ပါတယ် ။

” ဒီ ကလပ် အသင်း နဲ့ အတူ နောက်ထပ် ဘောလုံး ရာသီ တွေကို ကစား ရမယ် ဆိုတာ တစ်ကယ့်ကို စစ်မှန်တဲ့ ပျော်ရွှင်မှု တစ်ခု ပါပဲ ။ ကျွန်တော် တို့ ဒီမှာ ဒါဘီ ပွဲတွေ ကစား ရဖို့ ပဲ မျှော်လင့် ရတာ မဟုတ် ပါဘူး ၊ ဆု ဖလား တွေကို ဆွတ်ခူး နိုင်ရေး အတွက်ပါ ကြိုးစား ရတာပါ ။ ကျွန်တော် တို့ အားလုံး ဟာ အဲ့ဒီ အတွက် ပဲ တိုက်ပွဲ ဝင်နေ ကြတာ လေ ” လို့ ဒီဂီယာ က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ FA ဖလား ၊ ကာရာဘောင်း ဖလား နဲ့ ယူရို ပါလိဂ် ဖလား ဆွတ်ခူး နိုင်ရေး လမ်းကြောင်း အထက် မှာ ရှိနေ ပြီး အမှတ်ပေး ဖလား ပြိုင်ပွဲ မှာလည်း ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ ကြိုးစား နေရ ပါတယ် ။

ယူနိုက်တက် အသင်း တို့ ကြားပွဲ အဖြစ် တော့တင်ဟမ် ဟော့ စပါး အသင်း ကို အိမ်ကွင်း မှာ ရင်ဆိုင် ကစား ခဲ့ပြီး နောက် ဒီ တစ်ပါတ် မှာတော့ မန်စီးတီး အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။ အီတီဟတ် မှာ ကစား ရမယ့် အဆိုပါ ပွဲစဉ် မတိုင်မီ …

” ဒါဟာ အမြဲတမ်း စပါယ်ရှယ် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ ပါတယ် ။ ဒါဟာ ဒါဘီ ပွဲစဉ် တစ်ပွဲ ပါ ။ သူတို့ တွေဟာ တစ်ကယ့် ကို ကောင်းမွန်တဲ့ ကစားကွက် တစ်ခုနဲ့ ကစား ကြတဲ့ အသင်း ဖြစ်သလို ဘောလုံး ကိုလည်း အချိန် တိုင်း ကိုင်တွယ် ကစား နိုင်ကြ ပါတယ် ”

” သူတို့ တွေ ဖိအားပေး ကစား တာနဲ့ အမျှ ကျွန်တော် တို့လည်း ခံစစ် ကစားပုံ တွေ ကောင်းမွန် ကြဖို့ လိုအပ် လှ ပါတယ် ။ ကျွန်တော် ပြောသလို ပါပဲ ၊ ဒါဟာ စပါယ်ရှယ် ပွဲစဉ် တစ်ပွဲ ပါ ။ ကျွန်တော် ကတော့ ဒီလို ပွဲကို ကစား ရဖို့ အတွက် စောင့်တောင် မစောင့် နိုင်တော့ ပါဘူး ”

” ကျွန်တော် ကိုယ်တိုင် လည်း ပုံစံ ကောင်း တစ်ခု ပြသ နိုင်ဖို့ စိတ်အား ထက်သန် နေ ပါတယ် ။ ကျွန်တော် တို့ အဝေးကွင်း မှာ သုံးမှတ် ရယူ နိုင်ဖို့့ အားခဲ ထားကြ ပါတယ် ။ ဒါဟာ အသင်း အတွက် တစ်ကယ့် ကို ကောင်းမွန် တဲ့ ရလဒ် ဖြစ်လာ စေနိုင် လိမ့်မယ် လေ ”

” ကျွန်တော့် ဆီမှာ အမှတ်တရ ကောင်းတွေ အများကြီး ရှိနေ ပါတယ် ။ အဲ့ဒီ ထဲက တစ်ကြိမ် ၊ နှစ်ကြိမ် လောက်တော့ သိပ် မကောင်းခဲ့ ပါဘူး ။ ဒါပေမယ့် ဒီပွဲ တွေဟာ တစ်ကယ့် ကို ဖျော်ဖြေ မှု ပေး သလို ရင်ခုန် စိတ်လှုပ်ရှား မှု တွေလည်း ပေး ပါတယ် ။ ဒါ့ကြောင့် ဒါဟာ စပါယ်ရှယ် ပွဲစဉ် ဖြစ် ရတာ ပါ ” လို့ ဒီဂီယာ က ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar