ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်း လောက်က ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်း ကို လူငယ် ကစားသမား တွေအား တရားမဝင် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုမှု နဲ့ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် နွေရာသီ အပြောင်းအရွှေ့ ၊ ဆောင်းရာသီ အပြောင်းအရွှေ့ တွေမှာ လူဝယ်ခွင့် ပိတ်ပင် ခဲ့ပါတယ် ။

ဒါ့အပြင် ဖီဖာ ဟာ ချယ်လ်ဆီး အသင်း ရဲ့ ထို ပြစ်မှု အတွက် ၊ ဒဏ်ကြေး ပေါင် ၄၆၀၀၀ ကိုလည်း ပေးဆောင်ဖို့ အမိန့် ချခဲ့ပါတယ် ။ ယင်း ပြစ်ဒဏ် တွေ အတွက် ချယ်လ်ဆီး အသင်း ဟာ ဖီဖာ ကို ချက်ချင်း အယူခံ တင်ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ် ။ ထို့ အတွက်ကြောင့် ကမ္ဘာ့ အားကစား ဆိုင်ရာ ငြင်းခုံရေး ခုံရုံး ( CAS ) သို့ အယူခံ ထပ်တင် ခဲ့ပါတယ် ။

CAS ဟာ ပြီးခဲ့တဲ့ လ အတွင်း က ချယ်လ်ဆီး အသင်း ရဲ့ အယူခံ နဲ့ ပတ်သက်ပြီး ကြားနာမှု တွေ ပြုလုပ် ခဲ့ပြီး ဖြစ်ရာ ၊ ယနေ့ မှာတော့ ထို အယူခံ ရလဒ် ထွက်ပေါ် လာခဲ့ပြီး ၊ ချယ်လ်ဆီး အသင်း ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် ကစားသမားသစ် ခေါ်ယူခွင့် ပြန်ပေးဖို့ ဆုံးဖြတ် ခဲ့သလို ၊ ဒဏ်ကြေး အဖြစ် သတ်မှတ် ထားတဲ့ ပေါင် ၄၆၀၀၀၀ အစား ၊ ပေါင် ၃၀၀၀၀၀ အထိ လျှော့ချ ပေးခဲ့ပါတယ် ။

နွေရာသီ အပြောင်းအရွှေ့ မှာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ရီးရဲလ် မက်ဒရစ် မှ အငှား နဲ့ ခေါ်ယူ ထားတဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ က လွဲလို့ ၊ နောက်ထပ် ကစားသမားသစ် ခေါ်ယူခွင့် မရခဲ့တဲ့ ချယ်လ်ဆီး အသင်း ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ကို အကယ်ဒမီ မှ လူငယ် ကစားသမား တွေနဲ့သာ အစားထိုး စတင် ခဲ့ရပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ မှာ အသင်း ရဲ့ အားအထားရဆုံး ကစားသမား ဖြစ်တဲ့ အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ရောင်းချ ခဲ့တာကြောင့် ၊ ပွဲ အဖြေ ပြောင်းလဲ ပေးနိုင်မယ့် ကစားသမား တဦး ကို မဖြစ်မနေ ပြန်ပြီး ဖြည့်တင်းဖို့ လိုအပ် နေပြီ ဖြစ်ပါတယ် ။

တဖက် မှာ အထောင် တိုက်စစ်ပိုင်း မှာ အကယ်ဒမီ ထွက် တိုက်စစ်မှူး အေဘရာဟမ် က အရန်သင့် ခြေစွမ်း ပြနေပေမယ့် ၊ ၄င်းရဲ့ အရန် ( သို့မဟုတ် ) ၄င်း အတွက် ပွဲထွက်ခွင့် ပြိုင်ဆိုင်မယ့် တိုက်စစ်မှူးကောင်း တဦး ကို ချယ်လ်ဆီး တို့ လာမယ့် ဇန်နဝါရီ မှာ ခေါ်ယူဖို့ ပစ်မှတ် ထားရမှာ ဖြစ်ပါတယ် ။

ဝါရင့် တိုက်စစ်မှူး ဂျရူး ကတော့ ချယ်လ်ဆီး က ထွက်ခွာဖို့ အတော်လေး နီးစပ် နေသလို ၊ ဘတ်ရှူဝါရီ ဟာလည်း လမ်းပတ် ရဲ့ အကြိုက် တိုက်စစ်မှူးမျိုး မဟုတ်နေတာကြောင့် ၊ ၄င်းရဲ့ ကစားကွက် နဲ့ လိုက်ဖက်တဲ့ တိုက်စစ်မှူး ကို လာမယ့် ဆောင်းရာသီ အတွင်း ရှာပုံတော် ဖွင့်လာ နိုင်ပါတယ် ။

အထောင် တိုက်စစ်မှူး ထက် ချယ်လ်ဆီး အသင်း ဟာ ခံစစ် အပိုင်း မှာ အများကြီး လိုအပ်ချက် တွေ ရှိနေပါတယ် ။ အထူးသဖြင့် ဘယ် အစွန် ခံစစ် ၊ ဗဟို ခံစစ်မှူး တဦးစီ လောက် ထပ်မံ ခေါ်ယူဖို့ လိုအပ် နေတဲ့ ချယ်လ်ဆီး အသင်း အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ လမ်းပတ် တယောက် ရရှိထားတဲ့ ပေါင်သန်း ၁၅၀ အတွင်း ဘယ်လိုမျိုး စီမံ ခန့်ခွဲပြီး အသုံးပြု သွားမလဲ ဆိုတာ ဆက်လက် စောင့်ကြည်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR