လီဗာပူး ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒိုက္ဟာ တနဂၤေႏြေန႕က မန္ခ်က္စတာစီးတီးကို ပင္နယ္တီ အဆံုးအျဖတ္ နဲ႕ ရွံဳးခဲ့တဲ့ ကြန္ျမဴနတီဒုိင္း ပြဲစဥ္မွာ အထူး ေျခစြမ္းျပ သြားခဲ့ပါတယ္။ စီးတီးရဲ႕ အေစာပိုင္း သြင္းဂိုးကုိ ခြင့္ျပဳ ခဲ့ရေပမယ့္လည္း ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ တစ္ျဖည္းျဖည္း ကစားပံု ေကာင္းလာ ခဲ့ျပီး နယ္သာလန္ ဗဟုိ ေနာက္ခံလူဟာလည္း ေတာက္ပခဲ့ကာ ၎ရဲ႕ ကန္သြင္းခ်က္ ဘားတန္းထိ ထြက္ခဲ့သလို မာတစ္ရဲ႕ ေခ်ပဂိုးအတြက္လည္း ဖန္တီးေပး ႏုိင္ခဲ့ပါတယ္။

ပြဲအျပီး သံုးသပ္ခ်က္ မွာေတာ့ BT Sports ရဲ႕ အစီအစဥ္ တင္ဆက္သူေတြ အျဖစ္ လုပ္ကိုင္ ေနတဲ့ ယူႏုိက္တက္ ကစားသမားေဟာင္းေတြ ျဖစ္တဲ့ ရီယိုဖာဒီနန္ နဲ႕ ေရာ္ဘင္ဗန္ပါစီ တုိ႕ဟာ ဗန္ဒိုက္ကို အေကာင္းဆံုးလို႕ ခ်ီးက်ဴးလိုက္ျပီး လီဗာပူး ေနာက္ခံလူ အေနနဲ႕ ဒီထက္ ပိုေကာင္းေအာင္ ဘယ္လို လုပ္ႏုိင္သလဲ ဆုိတာ ေဆြးေႏြး သြားခဲ့ ပါတယ္။

လီဗာပူး နဲ႕ အတူ ၂၀၁၃ မွာ ပရီးမီးယားလိဂ္ ဖလား ဆြတ္ခူး နုိင္ခဲ့တဲ့ ဗန္ပါစီက “ဗန္ဒိုက္ဟာ တကယ့္ ထိပ္တန္း ကစားသမား တစ္ဦး ဆိုတာ သူ႕ကိုယ္သူ ျပသႏုိင္ခဲ့ ပါတယ္။ သူဟာ ျပီးခဲ့တဲ့ ႏွစ္ပိုင္းအတြင္း ဆဲတစ္ ၊ ေဆာက္သမ္တန္ တုိ႕လို အသင္းေသးေတြ ကေန အခုခ်ိန္မွာ လီဗာပူး ၊ ေဟာ္လန္ ရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္ေနပါျပီ။ သူဟာ ဒါေတြနဲ႕ ထိုက္တန္တဲ့ အရည္အေသြး အားလံုးကို ပိုင္ဆို္င္ ထားတယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။

ဒါေပမယ့္ သူ ေဘာလံုး ရွိတဲ့ဆီကို တက္ျပီး ကာကြယ္မွဳေတြ စတင္ လုပ္သြားမယ္ ဆုိရင္ အခုထက္ ၁၀% ေလာက္ ပုိေကာင္း သြားမယ္လို႕ ခင္ဗ်ား ထင္သလား ?

အဂၤလန္ လက္ေရြးစင္ ေနာက္ခံလူေဟာင္း ဖာဒီနန္ က “ေဘာလံုး ကိုင္ကစားမွဳပိုင္းမွာ သူ႕ရဲ႕ အရည္အေသြး ပိုမို ထြက္ေပၚ လာမယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ သူဟာ ေဘာလံုး ကုိင္ကစား ရမွာ အရမ္းကို သက္ေတာင့္သက္သာ ျဖစ္ျပီး ေကာင္းလြန္း ပါတယ္။ သူဟာ ကိုက္ ၃၀-၄၀ အကြာကို တိတိက်က် ေပးႏုိင္တဲ့ အရည္အေသြး ပိုင္ဆို္င္ ထားပါတယ္။

အကယ္၍ သူ ဒီအရည္အေသြးကို ပြဲအတြင္းမွာ ဒီထက္ ပိုမို ထုတ္ျပ ႏုိ္င္မယ္ ဆုိရင္ သူဟာ အျခား ေနာက္ခံလူေတြထက္ ဒီထက္ အမ်ားၾကီး ပိုသာ သြားမွာပါ။ ကၽြန္ေတာ္ ကေတာ့ သူဟာ ဒီအခ်ိန္မွာ အေကာင္းဆံုး လို႕ ထင္ပါတယ္။ ဒါေပမယ့္ သူဟာ ဒီလို ေသးငယ္တဲ့ အရာေလးေတြကို ထပ္္မံ ေပါင္းထည့္ ႏုိင္မယ္ ဆုိရင္ သူဟာ အျခားလူေတြနဲ႕ လံုး၀ ကြဲထြက္ သြားမယ္လို႕ ကၽြန္ေတာ္ ယူဆ ပါတယ္။” လို႕ ေျပာသြား ပါတယ္။

လီဗာပူး ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး နုိင္ခဲ့တဲ့ အျပင္ ပရီးမီးယားလိဂ္ မွာလည္း ကလပ္ စံခ်ိန္တင္ ရမွတ္ ရယူ ႏုိင္ခဲ့တာေၾကာင့္ နယ္သာလန္ ဗဟုိ ေနာက္ခံလူဟာ လက္ရွိ အခ်ိန္မွာ ကမာၻ႕အေကာင္းဆံုး ေနာက္ခံလူေတြ ထဲက တစ္ဦး အျဖစ္ သတ္မွတ္ျခင္း ခံထား ရပါတယ္။

ဗန္ဒို္က္ဟာ လက္ရွိ အခ်ိန္မွာ ဘလြန္းဒီေအာဆု အတြက္ အထူး ေရပန္း စားေနသူ ျဖစ္ျပီး အကယ္၍ ဒီဆုသာ ရရွိ ခဲ့မယ္ ဆုိရင္ အသက္ ၂၈ ႏွစ္ အရြယ္ ကစားသမားဟာ လြန္ခဲ့တဲ့ ၂၀၀၆ ခုႏွစ္က အီတလီ ဂႏၱ၀င္ ေဖဘီယုိ ကန္နဗာရို ေနာက္ပိုင္း ဒီဆု ကို ရယူ ႏုိင္ခဲ့တဲ့ ပထမဦးဆံုး ေနာက္ခံလူ ျဖစ္လာမွာပါ။

Unicode

လီဗာပူးနောက်ခံလူ ဗန်ဒိုက် တိုးတက်အောင် လုပ်လို့ ရတဲ့ အရာတစ်ခုကို ချပြသွားခဲ့တဲ့ ယူနို်က်တက် ကစားသမားဟောင်း ၂ ဦး

လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ ရှုံးခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ အထူး ခြေစွမ်းပြ သွားခဲ့ပါတယ်။ စီးတီးရဲ့ အစောပိုင်း သွင်းဂိုးကို ခွင့်ပြု ခဲ့ရပေမယ့်လည်း ယာဂန်ကလော့ ရဲ့ အသင်းဟာ တစ်ဖြည်းဖြည်း ကစားပုံ ကောင်းလာ ခဲ့ပြီး နယ်သာလန် ဗဟို နောက်ခံလူဟာလည်း တောက်ပခဲ့ကာ ၎င်းရဲ့ ကန်သွင်းချက် ဘားတန်းထိ ထွက်ခဲ့သလို မာတစ်ရဲ့ ချေပဂိုးအတွက်လည်း ဖန်တီးပေး နိုင်ခဲ့ပါတယ်။

ပွဲအပြီး သုံးသပ်ချက် မှာတော့ BT Sports ရဲ့ အစီအစဉ် တင်ဆက်သူတွေ အဖြစ် လုပ်ကိုင် နေတဲ့ ယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ရီယိုဖာဒီနန် နဲ့ ရော်ဘင်ဗန်ပါစီ တို့ဟာ ဗန်ဒိုက်ကို အကောင်းဆုံးလို့ ချီးကျူးလိုက်ပြီး လီဗာပူး နောက်ခံလူ အနေနဲ့ ဒီထက် ပိုကောင်းအောင် ဘယ်လို လုပ်နိုင်သလဲ ဆိုတာ ဆွေးနွေး သွားခဲ့ ပါတယ်။

လီဗာပူး နဲ့ အတူ ၂၀၁၃ မှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ ဗန်ပါစီက “ဗန်ဒိုက်ဟာ တကယ့် ထိပ်တန်း ကစားသမား တစ်ဦး ဆိုတာ သူ့ကိုယ်သူ ပြသနိုင်ခဲ့ ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဆဲတစ် ၊ ဆောက်သမ်တန် တို့လို အသင်းသေးတွေ ကနေ အခုချိန်မှာ လီဗာပူး ၊ ဟော်လန် ရဲ့ အသင်းခေါင်းဆောင် ဖြစ်နေပါပြီ။ သူဟာ ဒါတွေနဲ့ ထိုက်တန်တဲ့ အရည်အသွေး အားလုံးကို ပိုင်ဆို်င် ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒါပေမယ့် သူ ဘောလုံး ရှိတဲ့ဆီကို တက်ပြီး ကာကွယ်မှုတွေ စတင် လုပ်သွားမယ် ဆိုရင် အခုထက် ၁၀% လောက် ပိုကောင်း သွားမယ်လို့ ခင်ဗျား ထင်သလား ?

အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟောင်း ဖာဒီနန် က “ဘောလုံး ကိုင်ကစားမှုပိုင်းမှာ သူ့ရဲ့ အရည်အသွေး ပိုမို ထွက်ပေါ် လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ဘောလုံး ကိုင်ကစား ရမှာ အရမ်းကို သက်တောင့်သက်သာ ဖြစ်ပြီး ကောင်းလွန်း ပါတယ်။ သူဟာ ကိုက် ၃၀-၄၀ အကွာကို တိတိကျကျ ပေးနိုင်တဲ့ အရည်အသွေး ပိုင်ဆို်င် ထားပါတယ်။

အကယ်၍ သူ ဒီအရည်အသွေးကို ပွဲအတွင်းမှာ ဒီထက် ပိုမို ထုတ်ပြ နို်င်မယ် ဆိုရင် သူဟာ အခြား နောက်ခံလူတွေထက် ဒီထက် အများကြီး ပိုသာ သွားမှာပါ။ ကျွန်တော် ကတော့ သူဟာ ဒီအချိန်မှာ အကောင်းဆုံး လို့ ထင်ပါတယ်။ ဒါပေမယ့် သူဟာ ဒီလို သေးငယ်တဲ့ အရာလေးတွေကို ထပ််မံ ပေါင်းထည့် နိုင်မယ် ဆိုရင် သူဟာ အခြားလူတွေနဲ့ လုံးဝ ကွဲထွက် သွားမယ်လို့ ကျွန်တော် ယူဆ ပါတယ်။” လို့ ပြောသွား ပါတယ်။

လီဗာပူး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် မှာလည်း ကလပ် စံချိန်တင် ရမှတ် ရယူ နိုင်ခဲ့တာကြောင့် နယ်သာလန် ဗဟို နောက်ခံလူဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံထား ရပါတယ်။

ဗန်ဒို်က်ဟာ လက်ရှိ အချိန်မှာ ဘလွန်းဒီအောဆု အတွက် အထူး ရေပန်း စားနေသူ ဖြစ်ပြီး အကယ်၍ ဒီဆုသာ ရရှိ ခဲ့မယ် ဆိုရင် အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အီတလီ ဂန္တဝင် ဖေဘီယို ကန်နဗာရို နောက်ပိုင်း ဒီဆု ကို ရယူ နိုင်ခဲ့တဲ့ ပထမဦးဆုံး နောက်ခံလူ ဖြစ်လာမှာပါ။