မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် စနေနေ့ ည မှာ မြို့ခံ ပြိုင်ဘက် မန်ချက် စတာ စီးတီး အသင်း နဲ့ ဒါဘီ ပွဲ ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကတော့ သူ့ရဲ့ အသင်း ဟာ ဒီပွဲ ကို ယှဉ်ပြိုင် ကစားဖို့ အတွက် အဆင်သင့် ဖြစ် နေပါပြီ လို့ သတင်းစာ ရှင်းလင်း ပွဲ မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ဆိုးရှား ဟာ အဆင့် ၁ နေရာက လီဗာပူး အသင်း ကို လည်း စောင်း မြောင်း ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး အသင်း ဟာ အောက်တိုဘာ လထဲ တုန်းက မန်ချက် စတာ ယူနိုက်တက် အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲ မတိုင် ခင် မှာ လီဗာပူး ကစား သမားတွေ ရဲ့ ဘတ်စကတ်ဘော ကစား နေတဲ့ ဗီဒီယို ဖိုင်တွေ ပေါ်ထွက် လာခဲ့ ပြီး ဒါဟာ ယူနိုက်တက် အပေါ် ပေါ့ပေါ့ တန်တန် သဘောထား တယ်ဆိုတဲ့ သဘော ကို သက်ရောက် စေခဲ့ တယ်ဆိုတဲ့ ယူဆ ချက်တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

တကယ်တမ်း ကစား ချိန် မှာတော့ အခြေ အနေ တွေ ဆိုး နေတဲ့ ယူနိုက်တက် ဟာ အဆင့် ၁ နေရာ က လီဗာပူး ကို အကောင်းဆုံး တုန့်ပြန် နိုင် ခဲ့ပြီး ၁ ဂိုးစီ သရေကျ အောင် ကစား နိုင် ခဲ့ ပါတယ် ။ ဒီပွဲ ဟာ ဒီရာသီ လီဗာပူး ရဲ့ တစ်ပွဲ တည်းသော သရေ ပွဲ ဖြစ်ခဲ့ပြီး နိုင်ပွဲ ဆက်နေမှု ရပ်တန့် သွားခဲ့ရ ပါတယ် ။ ပွဲရလဒ် ဟာ လီဗာပူး ရဲ့ အမှတ်ပေး ဇယား ရပ်တည်မှု ကို မထိခိုက်ခဲ့ ပေမယ့် ကလော့ လက်ထက် ယူနိုက်တက် နဲ့ ရလဒ် မကောင်းမှု ကတော့ ဆက်လက် တည်တံ့ခဲ့ ပါတယ် ။

ယနေ့ ပြုလုပ် ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာတော့ ဆိုးရှား က သူတို့ ဟာ ဒါဘီ ပွဲ အတွက် အသေ အချာ အာရုံစိုက် ပြင်ဆင် ထားပြီး အခြေအနေ တွေ ကွာဟ လင့် ကစား ဘတ်စကတ်ဘော ကစားပြီး အချိန်ဖြုန်း နေမှာ မဟုတ်ကြောင်း ကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဘောလုံး အားကစားက ပြောင်းလဲ သွားခဲ့ ပါပြီ ။ နေရာ တိုင်း မှာ ကင်မရာ တွေ တပ် ထားပြီး အချက် အလက် အသေးစိတ်တွေ က အစ သေချာ မြင်တွေ့ နိုင် ကြပါပြီ ။ ဒါကြောင့် အရင် တုန်းက ထက် ဘောလုံး သမားတွေ ရဲ့ အကြောင်းတွေ ကို ပိုသိ လာနိုင် သလို ကစားပွဲ တွေ ကလည်း ပိုပြီး မှန်ကန် တိကျ လာကြ ပါတယ်”

“အခု ကျွန်တော်တို့ ရဲ့ အခြေအနေ က ခြားနား နေပါတယ် ။ ဒါပေမယ့် ဒါဘီ ပွဲ က ဒါဘီ ပွဲပါပဲ ။ ဒီပွဲ အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ် နေပါပြီ ။ ဘတ်စကတ်ဘော ကစား နေမှာ မဟုတ် ပါဘူး” လို့ ဆိုးရှား က ယနေ့ ပြောဆို သွားခဲ့ တာ ဖြစ် ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ ယနေ့ ပြုလုပ် ခဲ့တဲ့ ဒါဘီ ပွဲကြို လေ့ကျင့်ခန်း အစီအစဉ် ကို ရောက်ရှိ လာခဲ့ ပြီး စပါး နဲ့ ပွဲ ကို လွဲချော် ခဲ့တဲ့ တိုက်စစ်မှုး အန်တိုနီ မာရှယ် ဟာ လည်း မန်စီးတီး နဲ့ ပွဲ မှာ ပြန်လည် ပါ၀င် လာခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ပွဲစဉ် ( ၁၅ ) အပြီး မှာ အဆင့် ၆ နေရာ ကို ရောက်ရှိ နေပြီး အဆင့် ၃ နေရာ က မန်စီးတီး နဲ့ ၁၁ မှတ်အထိ ကွာဟ နေခဲ့ ပါတယ် ။

SPORTS MYANMAR