မနက်ဖြန် နံနက် 2 : 15 AM မှာတော့ အီတလီ ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ အင်တာ မီလန် အသင်း နဲ့ ရိုးမား အသင်း တို့ဟာ ပွဲစဉ် 15 အဖြစ် ပွဲကြီး ပွဲကောင်း တစ်ပွဲ ကစား ကြရ ပါ တော့မယ် ။

ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်တဲ့ လူကာကူ နဲ့ အငှား ချထား ခဲ့တဲ့ ခရစ် စမောလင်း တို့ ထိပ်တိုက် ရင်ဆိုင် ကစား ကြရ တော့မယ် ပထမဆုံး ပွဲစဉ် တစ်ပွဲ ဖြစ် ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ အီတလီ နာမည် ကြီး သတင်းစာ တစ်ခု ဖြစ်တဲ့ Corriere Dello Sport က အဆိုပါ ကစား သမား နှစ်ဦး ပုံကို သတင်းစာ ရဲ့ ခေါင်းစီး ပိုင်းမှာ ဖော်ပြ ခဲ့ပြီး လူမျိုးရေး ခွဲခြား မှု တစ်ရပ် ပြုလုပ် သွားခဲ့ ပါတယ် ။

Corriere Dello Sport က သူ့ရဲ့ သတင်းစာ ခေါင်းစီး ပိုင်းမှာ စမောလင်း နဲ့ လူကာကူ တို့ရဲ့ ပုံကို ပူးတွဲ ဖော်ပြ ခဲ့ပြီး ‘ အမဲရောင် သောကြာ နေ့ ‘ ဆိုပြီး လူမျိုးရေး ခွဲခြား တဲ့ စကားလုံး ကို သုံးစွဲ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဆိုးလ်ရှား က မီဒီယာ တစ်ခု အနေ နဲ့ အခုလို တပည့်ဟောင်း တွေကို ခေါင်းစီး ပိုင်းမှာ လူမျိုးရေး ခွဲခြား သလို ရေးသား ခဲ့တဲ့ Corriere Dello Sport အပေါ် ဒေါသ ထွက်နေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

” ပထမဆုံး အနေ နဲ့ ဒီ သတင်း ကို တွေ့လိုက် ရတဲ့ အခါ ခင်ဗျား ဟာ ‘ wow ၊ ဒါဟာ တစ်ကယ် ပဲ ဖြစ်နိုင် ခြေ ရှိတဲ့ အရာ လား ? ‘ လို့ တွေးတော သွားပါ လိမ့်မယ် ။ ဒါဟာ ကျွန်တော် တွေ့မြင် ခဲ့ဖူး သမျှ ထဲမှာ အဆိုးရွားဆုံး သတင်းစာ ခေါင်းစီး ပိုင်း တစ်ခု ပါပဲ ”

” ကျွန်တော် တို့ဟာ ခရစ် ( စမောလင်း ) နဲ့ အမြဲလို အဆက်အသွယ် ရှိနေ ကြ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ သူ့ဖက် က အားပေး ထောက်ခံ ကြမယ် ဆိုတာ သူ သိ ပါတယ် ။ လူကာကူ လည်း အတူတူ ပါပဲ ”

” ကျွန်တော် က အဲ့ဒီ စီးပွားရေး လုပ်ငန်း တွေနဲ့ သက်ဆိုင်သူ တော့ မဟုတ် ပါဘူး ။ ဒါပေမယ့် ဝိုး ပါ ၊ ဒါဟာ တစ်ကယ့် ကို မယုံ နိုင်ဖွယ် ပါပဲ ။ အနည်းဆုံး တော့ အဲ့တာ တွေကို ကျွန်တော် တို့ ဒီမှာ မမြင်တွေ့ ကြရ ဘူးလေ ။ ဒါဟာ တရားဝင် မလုပ် သင့်တဲ့ အရာ တစ်ခု ပါပဲ ”

” ခရစ် ဟာ ရိုးမား အသင်း အတွက် တစ်ကယ် ပဲ ထူးခြား ကောင်းမွန် နေခဲ့ ပါတယ် ။ တစ်ခါတလေ ပတ်ဝန်းကျင် ပြောင်းလဲ လိုက်မယ် ဆိုရင် ကျွန်တော် တို့ဟာ ဒီလို ခြားနား တဲ့ ပြောင်းလဲ မှု တွေကို တွေ့မြင် ရတက် ပါတယ် ”

” ခရစ် က စိန်ခေါ်မှု တွေကို ကျော်ဖြတ် နိုင်သူ တစ်ဦး ပါ ။ သူဟာ အတွေ့ အကြုံ အသစ် ကို ရှာဖွေ ရင်းနဲ့ ဘဝ ကို ပျော်ရွှင် ခံစားနေ ပါတယ် ။ သူဟာ ပွဲ ကစား ခွင့်တွေ နည်းပါး နေ ခဲ့တဲ့ အတွက် ဒီမှာ ရှိ မနေ ခဲ့သူ တစ်ဦး ပါပဲ ”

” အခု သူဟာ အခုတော့ ကစား ခွင့်တွေ ရရှိ နေပြီး ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြသ နေတဲ့ အတွက် ကျွန်တော် တို့ ပျော်ရွှင် နေကြ ပါတယ် ။ သူ အသင်း ဆီ ပြန်လာ လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ” လို့ ဆိုးလ်ရှား က အသင်း သား ဖြစ်သူ ရဲ့ အနာဂတ် အကြောင်း ပါ ပြောကြား သွားခဲ့ လိုက် ပါတယ် ။