ပရီးမီးယား လိဂ် အမှတ်ပေး ဇယားကို ဦး ဆောင် နေတဲ့ လီဗာပူး အသင်း ဟာဒီဇင်ဘာ လ အတွင်းမှာ တော့ ပွဲတွေကို ဆက်တိုက်ကစားသွားရ ဖို့ ရှိနေပြီ ပွဲပန်း မှုဒဏ်ကို အတော်လေး ခံရဖွယ်ရှိနေပါတယ်။အထူးဖြင့် ပုံမှန်ပြိုင် ပွဲတွေ အပြင် ကလပ် ကမ္ဘာ ့ ဖလား ပြိုင်ပွဲ ကြီးကို ယှဉ်ပြိုင် သွားရဖို့ ရှိနေတာကြောင့် ဖြစ်ပါတယ်။ပရီးမီးယားလိဂ် ပြိုင် ပွဲဝင် အသင်းတွေ ဟာ ဒီဇင်ဘာ လ နဲ့ ဇန်နဝါရီ လတွေအတွင်း မှာပွဲတွေ ခပ်စိတ်စိတ် ကစား ရလေ့ရှိတာ ဖြစ်ပြီး ဆောင်းရာသီ ပွဲကျပ် ကာလအဖြစ်တောင် တင်စားလေး ရှိကြတာဖြစ်ပါတယ်။လီဗာပူးအတွက်တော့ပုံမှန် ပြည်တွင်းပြည်ပပြိုင်ပွဲတွေအပြင် ကလပ် ကမ္ဘာ့ဖလားပါ ကစားရဖို့ရှိနေတာဖြစ်ပါတယ်။

အထူးသဖြင့် သူတို့ကို အခက်တွေ့စေဖို့ရှိနေတာကတော့ ဒီဇင်ဘာ ၁၈ ရက်နေ့ မှာ ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးနောက်တနေ့ မှာပဲ ကလပ်ကမ္ဘာ့ ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဆက်တိုက် ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ဒါကြောင့်လည်း နည်းပြ ကလော့ပ်က အဲဗာတန် နဲ့ မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်မှာအရံကစားသမားအများ အသုံးပြုခဲ့ ပြီး လူစာရင်းအပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။၂၀၁၉ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဟာ ၁၆ ကြိမ်မြောက်ပြိုင် ပွဲဖြစ်ပြီး ကာတာနိုင်ငံဒိုဟာမြို့မှာ ကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်။အခုလို ခရီးရှည်ကြီးဖြတ်သန်းပြီး ပွဲတွေသွားကစားရဖို့ရှိနေတာကြောင့် လည်း လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး လက်တွေဘောလုံးလောကနဲ့ ဗီဒီယို ဂိမ်းတွေက မတူဘူး လို့ ကလော့ပ်ကဆိုပါတယ်။

ကလပ် ကမ္ဘာ့ဖလားနီးကပ်လာချိန်မှာပွဲထွက် လူစာရင်းအပြောင်းအလဲတွေပြုလုပ်နေခဲ့တဲ့ အပေါ် ကလော့ပ်က ” အပြောင်းအလဲ တွေပြု လုပ်ရမယ့် အချိန် ဆိုတာ အရှင်းကြီးပါပဲ။အခြေအနေအချိန်အခါရဲ့ လိုအပ်ချက်ကြောင့်လည်း ဒါကို ရာနှုန်းပြည့် လုပ်ဆောင်မှာဖြစ်ပါတယ်။တကယ့် ဘောလုံး လောက က FIFA တို့ PlayStation ဗီဒီယို ဂိမ်းတွေလိုတော့ မဟုတ်ပါဘူး။အဲ့ဒီဂိမ်းတွေထဲမှာတော့ ကစားသမားတွေကို အနားပေးဖို့ မလိုအပ်ပါဘူး။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အပြောင်းအလဲ တွေ လုပ်ဆောင်မှာဖြစ်ပါတယ်။အသင်းရဲ့ လူစာရင်း ဟာ အတွေ့အကြုံ ကြွယ်ဝပြီးသားပါပဲ။ကျွန်တော်တို့ ဟာ ပြိုင်ဘက်အသင်းတွေ အပေါ် လေးစားမှု ရှိပြီး လိုအပ်တဲ့ အရာတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။အသင်းသားတွေကိုလည်း အတတ်နိုင်ဆုံး ပြင်ဆင်ပေးထားရမှာဖြစ်ပါတယ်။

သူတို့ လေးတွေက အခွင့်အရေး တွေ ပေးနေသ၍ တော့ ကျွန်တော်တို့က အပြောင်းအလဲ တွေ လုပ်နေဦးမှာ ဖြစ်ပါတယ်။ကျွန်တော်ဟာ ကစားသမား တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး တစက္ကန့် စာလေးတောင် သံသယ မဝင်မိပါဘူး။ပွဲတွေဆက်တိုက် ကစားရဖို့ရှိနေချိန် မှာ အပြောင်းအလဲ တွေလုပ်ရမှာဖြစ်ပြီး သူတို့မှာ ပုံစံကောင်းရှိနေတာကို မြင်နိုင်ပါတယ်။ကစားသမားလေးတွေရဲ့ ခြေစွမ်းပြသထားမှုတွေ အပေါ် ကိုလည်းကျွန်တော် အရမ်းကျေနပ်မိပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ဟာကမ္ဘာ့ ဒေသ အသီးသီး ရဲ့ ဒေသတွင်း ချန်ပီယံ အသင်းတွေသာ ပါဝင် ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲတခုဖြစ်ပါတယ်။ယမန်နှစ်ကတော့ ဥရောပ တိုက်ကိုယ်စားပြုအဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ် အသင်းက ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

Liverpool Squad for 2019 FIFA clubs world cup ;

Alisson, Van Dijk, Wijnaldum, Lovren, Milner, Keita, Firmino, Mane, Salah, Gomez, Adrian, Henderson, Oxlade-Chamberlain, Lallana, Lonergan, Shaqiri, Brewster, Robertson, Origi, Jones, Alexander-Arnold, Elliott, Williams.