ဘာစီလုိနာ ကေန ရုရွ ကလပ္ ဇင္းနစ္ စိန္႔ ပီတာ စဘတ္ အသင္း ဆီ ေျပာင္းေရႊ႕ သြားခဲ့ တဲ့ ဘရာဇီး ေတာင္ပံ ကစား သမား မယ္ကြန္ ကေတာ့ အသင္းသစ္ နဲ႔ တစ္ပတ္ မျပည့္ခင္ မွာ ပဲ အသင္း ျပန္ေျပာင္း ရမယ့္ အေရး နဲ႔ ႀကဳံေတြ႕ ခဲ့ ရတယ္ လို႔ သိရွိ ရ ပါတယ္ ။ မယ္ကြန္ ရဲ႕ ဇင္းနစ္ ကစား သမား ဘ၀ ပထမ ဆံုး ပြဲ မွာ ျပင္းထန္ တဲ့ အသား အေရာင္ ခြဲျခား ဆက္ဆံ မႈ ေတြ နဲ႔ ရင္ဆုိင္ ခဲ့ ရတယ္လို႔ ၾကားသိ ရ ပါတယ္ ။

မယ္ကြန္ ဟာ ဘာစီလုိနာ ကေန ေပါင္ သန္း ၄၀ ေက်ာ္နဲ႔ ဇင္းနစ္ ကို ေျပာင္းေရႊ႕ အၿပီး တတိယ ေျမာက္ ေန႔မွာ အသင္း ရဲ႕ ပြဲ ကို ပါ၀င္ ကစား ခဲ့ ပါတယ္ ။ အဆုိပါ ပြဲ မွာ ဇင္းနစ္ ပရိသတ္ေတြ ဟာ အသား အေရာင္ ခြဲျခား ေလွာင္ေျပာင္ တဲ့ စာသား ပါ၀င္ တဲ့ စာတမ္း ေတြ ကို ကိုင္ေဆာင္ ကာ မယ္ကြန္ ကို ေစာင္းေျမာင္း ျပသ ခဲ့ၾကတယ္ လုိ႔ သိရ ပါတယ္ ။

ဇင္းနစ္ အသင္း ရဲ႕ အႀကီးမားဆံုး ေသာ ပရိသတ္ အဖြဲ႕ ကေတာ့ သူတုိ႔ ဟာ အသား အေရာင္ ခြဲျခား ေလွာင္ေျပာင္တာ မဟုတ္ဘဲ လူမည္း ကစား သမား မပါရွိ ျခင္း ဟာ ကလပ္ အသင္း ရဲ႕ ဓေလ့ အစဥ္ အလာ တစ္ခု ျဖစ္ၿပီး ဒါကို ထိန္းသိမ္း ဖို႔ ႀကဳိးစား ျခင္းသာ ျဖစ္ပါတယ္ လို႔ အဆိုပါ ျဖစ္ရပ္ အေပၚ ထုတ္ျပန္ ေျပာဆို သြားခဲ့ ပါတယ္ ။

ဒါေပမယ့္ ဒီ ျဖစ္ရပ္ အေပၚ မယ္ကြန္ တစ္ေယာက္ စိတ္ပ်က္ ခဲ့ရ ၿပီး အသင္း ျပန္ေျပာင္းဖို႔ စဥ္းစား လာဖြယ္ ရွိတယ္ လို႔ သတင္း ထြက္ေပၚ လာခဲ့ ပါတယ္ ။ ဇင္းနစ္ အသင္း ဟာ လည္း ပရိသတ္ ေတြ ရဲ႕ ေတာင္းဆိုမႈ ျပင္းထန္ လာပါက မယ္ကြန္ ကို လာမယ့္ ဇန္န၀ါရီ အေျပာင္း အေရႊ႕ မွာ မျဖစ္ မေန ေရာာင္းထုတ္ သြားရ ဖြယ္ ရွိ ႏုိင္တယ္ လို႔ ဥေရာပ သတင္းစာ ေတြ က ေဖာ္ျပ လာခဲ့ၿပီ ျဖစ္ ပါတယ္ ။

ဒါဟာ ရုရွ မွာ ေတာ့ မႀကဳံ ဖူး မၾကား ဖူးတဲ့ အထူး အဆန္း ကိစၥ မဟုတ္ ခဲ့ ပါဘူး ။ ရုရွ ကလပ္ ေတြ ဟာ ပရိသတ္ ေတြ ရဲ႕ အသား အေရာင္ နဲ႔ လူမ်ဳိးေရး ခြဲျခား တဲ့ ေလွာင္ေျပာင္ ေအာ္ဟစ္မႈ ေတြ ေၾကာင့္ UEFA ရဲ႕ အျပစ္ဒဏ္ ခ်မႈ ကို မၾကာ ခဏ ခံ ခဲ့ရ ဖူးပါတယ္ ။

ရုရွ ကလပ္ ေတြ ထဲ မွာ ဇင္းနစ္ အသင္း ဟာ လူမည္း ကစား သမားေတြ ကို လက္ခံ ဖို႔ ခဲယဥ္း တဲ့ အသင္း ျဖစ္ ခဲ့ၿပီး အသင္းရဲ႕ အႀကီးမားဆံုး ေသာ Fan Group ဟာ လူမည္း ကစား သမား ေခၚယူ မႈ ကို ျပင္းျပင္း ထန္ထန္ ကန္႔ကြက္ ခဲ့ ဖူးပါတယ္ ။ ၂၀၁၂ ေႏြရာသီ တုန္းက ေရာက္လာ ခဲ့တဲ့ ဘရာဇီး တုိက္စစ္မႈး ေဟာ့ခ္ နဲ႔ အဲလက္စ္ ၀ွစ္ဆယ္ တုိ႔ ၂ ဦး သာ ဇင္းနစ္ ရဲ႕ ရွားပါး တဲ့ လူမည္း ကစား သမားေတြ ျဖစ္ ခဲ့ၾက ပါတယ္ ။

ရုရွ ကလပ္ စပါးတပ္ ေမာ္စကို အသင္း ဟာ လည္း ၂၀၁၈ ေႏြရာသီ ေလ့က်င့္ခန္း အစီအစဥ္ မွာ လူမည္း ကစား သမား ၃ ဦး ေလ့က်င့္ ေနတဲ့ ဗီဒီယို ကို တင္ခဲ့ ၿပီး “ေခ်ာကလက္ေတြ ေနေရာင္ေအာက္မွာ အရည္ေပ်ာ္ေနတာေတြ႕လား” လို႔ ေရးသား ခဲ့တာ ေၾကာင့္ အႀကီး အက်ယ္ ျပႆနာ တက္ခဲ့ ဖူးပါတယ္ ။

အဆုိပါ ႏွစ္မွာပဲ က်င္းပ ခဲ့တဲ့ ကမၻာ့ ဖလား ၿပဳိင္ပြဲ ရဲ႕ အႀကဳိ ေျခစမ္းပြဲ အျဖစ္ ဇင္းနစ္ ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ မွာလည္း ရုရွ ပရိသတ္ ေတြ ဟာ ျပင္သစ္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာ အပါ အ၀င္ အျခား အာဖရိက ႏြယ္ဖြား လူမည္း ကစာား သမားေတြ ကို ေအာ္ဟစ္ ေလွာင္ေျပာင္ ခဲ့တာ ေၾကာင့္ UEFA ရဲ႕ ဒဏ္တပ္မႈ ကို ခံခဲ့ ရ ပါတယ္ ။

ဒါေပမယ့္ ရုရွ ေဒသ အတြင္း က အသား အေရာင္ ခြဲျခား ေလွာင္ေျပာင္မႈ ေတြ ကေတာ့ ရပ္တန္႔ လို႔ မသြားဘဲ ဆက္လက္ ျဖစ္ေပၚ ေနဆဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

အသင်းသစ် နဲ့ တစ်ပတ်မပြည့်ခင်မှာပဲ အသင်းပြန်ပြောင်းရမယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ မယ်ကွန်

==============================================

ဘာစီလိုနာ ကနေ ရုရှ ကလပ် ဇင်းနစ် စိန့် ပီတာ စဘတ် အသင်း ဆီ ပြောင်းရွှေ့ သွားခဲ့ တဲ့ ဘရာဇီး တောင်ပံ ကစား သမား မယ်ကွန် ကတော့ အသင်းသစ် နဲ့ တစ်ပတ် မပြည့်ခင် မှာ ပဲ အသင်း ပြန်ပြောင်း ရမယ့် အရေး နဲ့ ကြုံတွေ့ ခဲ့ ရတယ် လို့ သိရှိ ရ ပါတယ် ။ မယ်ကွန် ရဲ့ ဇင်းနစ် ကစား သမား ဘဝ ပထမ ဆုံး ပွဲ မှာ ပြင်းထန် တဲ့ အသား အရောင် ခွဲခြား ဆက်ဆံ မှု တွေ နဲ့ ရင်ဆိုင် ခဲ့ ရတယ်လို့ ကြားသိ ရ ပါတယ် ။

မယ်ကွန် ဟာ ဘာစီလိုနာ ကနေ ပေါင် သန်း ၄၀ ကျော်နဲ့ ဇင်းနစ် ကို ပြောင်းရွှေ့ အပြီး တတိယ မြောက် နေ့မှာ အသင်း ရဲ့ ပွဲ ကို ပါ၀င် ကစား ခဲ့ ပါတယ် ။ အဆိုပါ ပွဲ မှာ ဇင်းနစ် ပရိသတ်တွေ ဟာ အသား အရောင် ခွဲခြား လှောင်ပြောင် တဲ့ စာသား ပါ၀င် တဲ့ စာတမ်း တွေ ကို ကိုင်ဆောင် ကာ မယ်ကွန် ကို စောင်းမြောင်း ပြသ ခဲ့ကြတယ် လို့ သိရ ပါတယ် ။

ဇင်းနစ် အသင်း ရဲ့ အကြီးမားဆုံး သော ပရိသတ် အဖွဲ့ ကတော့ သူတို့ ဟာ အသား အရောင် ခွဲခြား လှောင်ပြောင်တာ မဟုတ်ဘဲ လူမည်း ကစား သမား မပါရှိ ခြင်း ဟာ ကလပ် အသင်း ရဲ့ ဓလေ့ အစဉ် အလာ တစ်ခု ဖြစ်ပြီး ဒါကို ထိန်းသိမ်း ဖို့ ကြိုးစား ခြင်းသာ ဖြစ်ပါတယ် လို့ အဆိုပါ ဖြစ်ရပ် အပေါ် ထုတ်ပြန် ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဒီ ဖြစ်ရပ် အပေါ် မယ်ကွန် တစ်ယောက် စိတ်ပျက် ခဲ့ရ ပြီး အသင်း ပြန်ပြောင်းဖို့ စဉ်းစား လာဖွယ် ရှိတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဇင်းနစ် အသင်း ဟာ လည်း ပရိသတ် တွေ ရဲ့ တောင်းဆိုမှု ပြင်းထန် လာပါက မယ်ကွန် ကို လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ မဖြစ် မနေ ရောာင်းထုတ် သွားရ ဖွယ် ရှိ နိုင်တယ် လို့ ဥရောပ သတင်းစာ တွေ က ဖော်ပြ လာခဲ့ပြီ ဖြစ် ပါတယ် ။

ဒါဟာ ရုရှ မှာ တော့ မကြုံ ဖူး မကြား ဖူးတဲ့ အထူး အဆန်း ကိစ္စ မဟုတ် ခဲ့ ပါဘူး ။ ရုရှ ကလပ် တွေ ဟာ ပရိသတ် တွေ ရဲ့ အသား အရောင် နဲ့ လူမျိုးရေး ခွဲခြား တဲ့ လှောင်ပြောင် အော်ဟစ်မှု တွေ ကြောင့် UEFA ရဲ့ အပြစ်ဒဏ် ချမှု ကို မကြာ ခဏ ခံ ခဲ့ရ ဖူးပါတယ် ။

ရုရှ ကလပ် တွေ ထဲ မှာ ဇင်းနစ် အသင်း ဟာ လူမည်း ကစား သမားတွေ ကို လက်ခံ ဖို့ ခဲယဉ်း တဲ့ အသင်း ဖြစ် ခဲ့ပြီး အသင်းရဲ့ အကြီးမားဆုံး သော Fan Group ဟာ လူမည်း ကစား သမား ခေါ်ယူ မှု ကို ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ ဖူးပါတယ် ။ ၂၀၁၂ နွေရာသီ တုန်းက ရောက်လာ ခဲ့တဲ့ ဘရာဇီး တိုက်စစ်မှုး ဟော့ခ် နဲ့ အဲလက်စ် ၀ှစ်ဆယ် တို့ ၂ ဦး သာ ဇင်းနစ် ရဲ့ ရှားပါး တဲ့ လူမည်း ကစား သမားတွေ ဖြစ် ခဲ့ကြ ပါတယ် ။

ရုရှ ကလပ် စပါးတပ် မော်စကို အသင်း ဟာ လည်း ၂၀၁၈ နွေရာသီ လေ့ကျင့်ခန်း အစီအစဉ် မှာ လူမည်း ကစား သမား ၃ ဦး လေ့ကျင့် နေတဲ့ ဗီဒီယို ကို တင်ခဲ့ ပြီး “ချောကလက်တွေ နေရောင်အောက်မှာ အရည်ပျော်နေတာတွေ့လား” လို့ ရေးသား ခဲ့တာ ကြောင့် အကြီး အကျယ် ပြဿနာ တက်ခဲ့ ဖူးပါတယ် ။

အဆိုပါ နှစ်မှာပဲ ကျင်းပ ခဲ့တဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရဲ့ အကြို ခြေစမ်းပွဲ အဖြစ် ဇင်းနစ် ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း ရုရှ ပရိသတ် တွေ ဟာ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ အပါ အဝင် အခြား အာဖရိက နွယ်ဖွား လူမည်း ကစာား သမားတွေ ကို အော်ဟစ် လှောင်ပြောင် ခဲ့တာ ကြောင့် UEFA ရဲ့ ဒဏ်တပ်မှု ကို ခံခဲ့ ရ ပါတယ် ။

ဒါပေမယ့် ရုရှ ဒေသ အတွင်း က အသား အရောင် ခွဲခြား လှောင်ပြောင်မှု တွေ ကတော့ ရပ်တန့် လို့ မသွားဘဲ ဆက်လက် ဖြစ်ပေါ် နေဆဲ ဖြစ် ပါတယ် ။

SPORTS MYANMAR