လာလီဂါ ဘောလုံး ရာသီ စတင် ဖို့ လိုနေ သေးပေမယ့် အသက် လက်တီကို မက်ဒရစ် နည်းပြကြီး ဒီယေဂို ဆီးမြွန်းနီ ကတော့ စကားလုံး တိုက်ပွဲ တွေ စတင် လိုက်ပြီ ဖြစ် ပါတယ် ။ ရာသီ သစ် အတွက် အင်အား ဖြည့်တင်း မှု ကောင်းစွာ ပြုလုပ် ထားတဲ့ အသက်လက်တီကို မက်ဒရစ် ဟာ ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် တို့ နဲ့ အပြိုင် အမှတ်ပေး ချန်ပီယံ ဆု အတွက် ရေပန်း စား နေခဲ့ပြီး နည်းပြကြီး ဆီးမြွန်းနီ ကလည်း အောင်ပွဲ တစ်စုံ တစ်ခု ကို မျှော်မှန်း ထားကြောင်း ဆိုသွားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ပြုလုပ် ခဲ့တဲ့ သတင်းစာရှင်းလင်း ပွဲ မှာတော့ ဆီးမြွန်းနီ ဟာ ကလပ် အသင်းတွေ ရဲ့ ကစားပုံ နဲ့ ပတ်သက် ပြီး သူ့ရဲ့ အမြင် ကို ပြောဆို သွားခဲ့ ပါတယ် ။ ဒီ ပြောဆိုမှု မှာတော့ ဆီးမြွန်းနီ က သူတို့ ဟာ ကိုယ်ပိုင် ကစားဟန် တစ်ခု ကို နှစ်ပေါင်း များစွာ ကြာအောင် ထိန်းသိမ်း လာနိုင် ခဲ့တဲ့ အသင်းတွေ ထဲ က တစ်သင်း အဖြစ် ပြောဆို ခဲ့ပြီး မြို့ခံ ပြိုင်ဘက် ရီးရဲ ကတော့ ကိုယ်ပိုင် ကစားဟန် လို့ သတ်သတ် မတ်မတ် မရှိ ဘူးလို့ ဆိုသွား ခဲ့ ပါတယ် ။

“နည်းပြ တစ်ယောက် အသင်း တစ်သင်း ကို ပြောင်းလာ ခဲ့ပြီ ဆိုရင် သူ့ အနေနဲ့ အဲ့ဒီ အသင်းရဲ့ သမိုင်း ကြောင်း ကို နားလည် နိုင်ဖို့ လိုပါတယ် ။ ဒီလို သာ မဟုတ်ခဲ့ ဘူး ဆိုရင် ကိစ္စ တွေ က အဆင်ပြေ ချောမွေ့ ဖို့ မလွယ် ကူပါဘူး”

“အသင်း တစ်သင်း မှာ သမိုင်း ကြောင်း ၊ ဓလေ့ အစဉ် အလာ တွေ ရှိ ပါတယ် ။ အချို့ အသင်းတွေ ဆိုရင် နှစ်ပေါင်း များစွာ လက်ကိုင်ထား လာခဲ့တဲ့ ကစားပုံတွေ တောင် ရှိ ပါတယ် ။ အိုင်ယက်စ် ၊ ဘာစီလိုနာ ၊ ယူဗင်တပ် နဲ့ ကျွန်တော်တို့ မှာ ဒီလို ကစားပုံ မျိုးတွေ ကို ပိုင်ဆိုင် ထားကြပါတယ်”

“ဒါပေမယ့် ရီးရဲမက်ဒရစ် မှာတော့ မရှိ ပါဘူး ။ သူတို့ ရဲ့ ကစားဟန် ဟာ သူတို့ ခေါ်ယူ ထားတဲ့ ကစား သမားတွေ ရဲ့ အရည် အသွေး အပေါ် မူတည်ပြီး ပြောင်းလဲ နေ ပါတယ် ။ အင်္ဂလန် မှာ ဆိုရင် မန်ချက်စတာ စီးတီး ဟာ ဂွာဒီယိုလာ မတိုင်ခင် တုန်းက သတ်သတ် မတ်မတ် ကစားပုံ ရယ်လို့ မရှိခဲ့ ပါဘူး ။ အခု အချိန် မှာတော့ သူတို့ ကိုယ်ပိုင် ကစားဟန် တစ်ခု ကို တည်ဆောက် နေကြပါပြီ” လို့ ဆီးမြွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့ အပြင် သူ့ရဲ့ အသင်း ဟာ လည်း ကွင်းတွင်း ကွင်းပြင် ပြုပြင် ပြောင်းလဲ မှု တွေ ကြောင့် ယခင် တုန်းက လိုမျိုး ပြည်သူတွေရဲ့ အသင်း ( People’s Club ) မဟုတ်တော့ ပါဘူး လို့လည်း နည်းပြကြီး က ဆိုသွား ခဲ့ ပါတယ် ။ ပြည်သူတွေရဲ့ အသင်း ဆိုတဲ့ အမည် ကို စပိန် သတင်းစာ မာကာ က ပေးအပ် ခဲ့တာ ဖြစ်ပြီး ပြည်တွင်း ကစား သမားတွေ ကို အခြေခံ တည်ဆောက် ခဲ့တဲ့ အတွက် အခုလို အမည် နဲ့ ဂုဏ်ပြု ခဲ့တာပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် ယခု နှစ် တွေ မှာ တော့ အေတီကို မက်ဒရစ် ဟာ ကွင်းဟောင်း ဗင်းဆင့် ကယ်ဒါရွန် ကို စွန့်ခွာ ခဲ့ပြီ ဖြစ်သလို ကစား သမား သစ်တွေ ကို လည်း ဥရောပ ထိပ်သီး လိဂ် တွေ ကနေ ပြောင်းရွှေ့ ကြေး မြင့်မားစွာ ပေးပြီး ခေါ် ယူ လာခဲ့ ပါတယ် ။ ဒီလိုပြုပြင် ပြောင်းလဲ မှု တွေ ကြောင့် အသင်း ဟာ ပိုမို ကောင်းမွန် လာ မှာ ဖြစ်ပေမယ့် ယခင်တုန်းက လိုတော့ ပြည်သူ့ အသင်း ဖြစ်မလာ နိုင်တော့ ပါဘူး လို့ ဆီးမြွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။

“ဒီနေ့ မှာ ဆိုရင် ကျွန်တော်တို့ မှာ ကွင်းသစ်ကြီး ရှိနေ ပါပြီ ။ နောက်နှစ် မှာ ဆိုရင် အားကစား မြို့ကို ဖွင့်လှစ် ဖို့ စီမံကိန်းတွေ ရေးဆွဲ နေပါတယ် ။ အသင်း ထဲ က စီမံ ခန့်ခွဲမှု တွေ က လည်း တိုးတက် ကောင်းမွန် နေပါတယ် ။ ကစား သမား သစ်တွေ လည်း အများကြိး ရောက်လာ ကြပါပြီ”

“ဒါပေမယ့် ကျွန်တော်တို့ ဟာ အရင်တုန်းက လိုတော့ ပြည်သူ့ ကလပ် ဆိုတာမျိုး မဟုတ်တော့ ပါဘူး” လို့ ဆီးမြွန်းနီ က ဆိုသွား ခဲ့ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် ဟာ လာမယ့် စနေနေ့ မှာ ICC ဖလား နောက်ဆုံး ပွဲစဉ် အဖြစ် အီတလီ ကလပ် ယူဗင်တပ် နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ အဆိုပါ ပွဲ အပြီး မှာတော့ လာလီဂါ အတွက် စတင် ပြင်ဆင် ရတော့ မှာ ဖြစ်ပြီး သြဂုတ် လ ၁၉ ရက်နေ့ မှာတော့ ပွဲစဉ် ၁ အဖြစ် ဂီတာဖေး အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ပဲဖြစ် ပါတယ် ။

SPORTS MYANMAR