နည်းပြသစ် ဖရန့် လမ်းပတ် တာဝန်ယူ ကိုင်တွယ် နေတဲ့ ချယ်လ်ဆီး အသင်း ဟာ ရာသီကြို ခြေစမ်း ပွဲစဉ် ၇ပွဲ ကစား ခဲ့ပြီး ၄ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၁ပွဲရှုံး ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ ဒါဟာ ချယ်လ်ဆီး ပရိသတ် တွေ အရမ်း အားရစရာ ရလဒ် တွေတော့ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစား ခဲ့ကြတဲ့ ချယ်လ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ကိုတော့ အတော်လေး ကျေနပ် နေကြပါတယ် ။

ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရပေမယ့် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို ကစားသမား အင်အား ပြည့်ပြည့်စုံစုံ နဲ့ ကိုယ်တိုင် ရွေးချယ်ခွင့် တွေ ပြုလုပ် နိုင်ဆဲ ဖြစ်ပါတယ် ။ တချို့ ကစားသမား တွေကို အငှား ချထားခဲ့ပြီး ဖြစ်သလို ၊ တချို့ ကိုတော့ ထွက်ခွာခွင့် ပြုဦးမှာ ဖြစ်ပါတယ် ။ ရာသီကြို ခရီးစဉ် အပြီး ချယ်လ်ဆီး အသင်း ထံမှ မှတ်သားဖွယ်ရာ ၁၀ချက် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ။

၁ ။ ကစားကွက် အပြောင်းအလဲ ရှိခြင်း

လမ်းပတ် ဟာ ပုံမှန် အားဖြင့် ၄ – ၂ – ၃ – ၁ ကစားကွက် ကို အဓိက ထား အသုံးပြုတတ် ပေမယ့် တချို့ ခြေစမ်း ပွဲစဉ် တွေမှာ ၄ – ၄ – ၂ ကစားကွက် ကို ပြောင်းလဲ အသုံးပြု သလို ပြီးခဲ့တဲ့ ဘောလုံး ရာသီ က နည်းပြဟောင်း ဆာရီ ကဲ့သို့ ၄ – ၃ – ၃ ကစားကွက် တကွက်တည်း အသုံးပြုမှာ မဟုတ်ပါဘူး ။ ထို့အတွက်ကြောင့် ချယ်လ်ဆီး ပရိသတ် တွေ အနေနဲ့ လမ်းပတ် လက်အောက် မှာ နည်းစနစ် နဲ့ ကစားကွက်ပိုင်း နဲ့ ပတ်သက်ပြီး ရင်ခုန် ရမှာ ဖြစ်ပါတယ် ။

၂ ။ ဂျပန် ခရီးစဉ် မှာ ခြေစွမ်း ကျဆင်း ခဲ့တဲ့ ချယ်လ်ဆီး

ယခုနှစ် ဘောလုံး ရာသီ မတိုင်မီ ခြေစမ်း ခရီးစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ဂျပန် ကလပ် ကာဝါဆာကီ အသင်း ကို တဂိုး ဂိုးမရှိ နဲ့ အရေးနိမ့် ခဲ့ပြီး ဒါဟာ လမ်းပတ် အတွက် ချယ်လ်ဆီး နည်းပြ ဘဝ ပထမဆုံး ရှုံးပွဲ ဖြစ်ခဲ့ပါတယ် ။ နောက်တပွဲ မှာ ဘာစီလိုနာ အသင်း ကို ၂ – ၁ နဲ့ အနိုင် ရခဲ့ပေမယ့် ဘာစီလိုနာ အသင်း ဟာ အဓိက ကစားသမား တချို့ ပါဝင် လာခဲ့ခြင်း မရှိပါဘူး ။ တဖက် မှာလည်း ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် တွေမှာ ဂိုးကံခေ နေခဲ့တာ ကိုလည်း တွေ့ခဲ့ရပါတယ် ။

၃ ။ ဥရောပ တလျှောက် ခြေစမ်း ပွဲတွေမှာ ရှုံးပွဲ မရှိခဲ့ပေမယ့် ဂိုးတွေ အလှူပေးခဲ့တဲ့ ခံစစ်

ချယ်လ်ဆီး အသင်း ဟာ ဂျပန် ခရီးစဉ် က ပြန် အရောက် ဥရောပ ကလပ် ၃သင်း နဲ့ ခြေစမ်း ကစား ခဲ့ပြီး ၃ပွဲ မှာ ပေးဂိုး ၈ ဂိုး ပေးခဲ့ရတဲ့ အထိ ခံစစ် ကစားပုံ ဆိုးရွား ခဲ့ပါတယ် ။ လမ်းပတ် အနေနဲ့ ထို ခံစစ်ပိုင်း ကို မန်ယူ နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်မီ အလျင်အမြန် ပြုပြင် နိုင်ဖို့ လိုနေပါတယ် ။ လက်ရှိ အချိန် အထိ တည်ငြိမ်မှု မရှိတဲ့ ခံစစ်မှူး အတွဲ ကို ရှာမရသေးတာကြောင့် ချယ်လ်ဆီး ပရိသတ် တွေ အဖို့ ရင်လေးစရာ ဖြစ်ပါတယ် ။

၎ ။ ကွင်းလယ် အဖျက် နေရာ မှာ ပြန်ကစားခွင့် ရတော့မယ့် ကန်တေ

ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ကန်တေ ဟာ ၄င်း အားသန် တဲ့ ကွင်းလယ် ခံစစ် ထက် တိုက်စစ်ပိုင်း ကို ပိုလိုက်ပါ ရတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင် ကစားပေး ခဲ့ရပါတယ် ။ အကောင်းဆုံး ပုံစံ မရရှိ ခဲ့ပေမယ့် ကန်တေ ဟာ အတတ်နိုင်ဆုံး တိုက်စစ် ကို လိုက်ပါ ကစားပေး ခဲ့ပါတယ် ။ ယခု နှစ် ဘောလုံး ရာသီ ဖရန့် လမ်းပတ် ရဲ့ လက်အောက် မှာတော့ ကန်တေ အနေနဲ့ ကွင်းလယ် ခံစစ်ပိုင်း အတွက် ပြန်ပြီး တာဝန်ယူ ရတော့မှာ ဖြစ်ပါတယ် ။ နောက်ဆုံး ကစား ခဲ့တဲ့ မိုချန်ဂလတ်ဘတ် နဲ့ ပွဲမှာလည်း ကန်တေ ဟာ ဒုတိယပိုင်း မှာ လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။

၅ ။ ကွင်းလယ် တိုက်စစ် နေရာ မှာ အစွမ်းပြ နေတဲ့ ဘာကလေ နဲ့ မောင့်တ်

ချယ်လ်ဆီး အသင်း ရဲ့ လက်ရှိ ကစား ထားပြီးတဲ့ ခြေစမ်း ပွဲစဉ် ၇ပွဲ အတွင်း မှာ တမူထူးခြား ကောင်းမွန် နေတဲ့ နေရာ ကတော့ ရော့စ် ဘာကလေ ၊ မေဆင်မောင့်တ် တို့ ကစားနေတဲ့ ကွင်းလယ် တိုက်စစ် ပဲ ဖြစ်ပါတယ် ။ ဘာကလေ ဟာ ပြီးခဲ့တဲ့ ရာသီ က ဆာရီ လက်ထက် မှာ ခြေစွမ်း နစ်မြုပ် နေခဲ့ပေမယ့် အခု အခါ မှာတော့ ခြေစွမ်းကောင်း တွေ ပြန်လည် ရရှိ နေပြီ ဖြစ်ပါတယ် ။ လမ်းပတ် ရဲ့ တပည့် အရင်း ဖြစ်တဲ့ မောင့်တ် ကတော့ ချယ်လ်ဆီး အသင်း ရဲ့ အားအထားရဆုံး လူငယ် ကစားသမား ဖြစ်လာ နိုင်တာကြောင့် ၄င်းတို့ ၂ဦး ဟာ ချယ်လ်ဆီး ပရိသတ် တွေကို ဘယ်လို ဖျော်ဖြေမှု တွေ ပေးစွမ်း သွားမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

၆ ။ ချယ်လ်ဆီး မှာ ကစားခွင့် ရဖို့ ထိုက်တန်ကြောင်း ပြသဖို့ အခွင့်အရေး ရခဲ့တဲ့ အေဘရာဟမ်

ချယ်လ်ဆီး အသင်း ဟာ ဒီယေဂို ကော်စတာ နောက်ပိုင်း မှာ အထောင် တိုက်စစ်မှူး တွေဆီက သွင်းဂိုး ရရှိမှုနှုန်း နည်းပါး လာခဲ့ပြီး ဒါကို နည်းပြသစ် လမ်းပတ် အနေနဲ့ ပြင်ဆင်ဖို့ ကြိုးစား ရမှာ ဖြစ်ပါတယ် ။ လောလောဆယ် မှာတော့ ဦးစားပေး တိုက်စစ်မှူး က အကယ်ဒမီ ထွက် လူငယ် တိုက်စစ်မှူး ဖြစ်တဲ့ အေဘရာဟမ် ဖြစ်လာဖို့ ရှိနေပြီး သူ ကိုယ်တိုင် လည်း ကစားခွင့် ရတဲ့ အချိန် တွေမှာ အကောင်းဆုံး ကြိုးစား ခဲ့ပါတယ် ။ ဒါ့အပြင် ဂျရူး ၊ ဘတ်ရှူဝါရီ တို့ ရှိနေတဲ့ အတွက် လမ်းပတ် အနေနဲ့ တိုက်စစ် ကို ဘယ်လို ပုံဖော် သွားမလဲ ဆိုတာ စိတ်ဝင်စား စရာ ဖြစ်လာပါတယ် ။

၇ ။ အဆုံးသတ်ပိုင်း ကောင်းမွန် နေတဲ့ ပူလီဆစ်

အမေရိကန် လက်ရွေးစင် အသင်း နဲ့ Gold Cup ဆင်နွှဲ ခဲ့ပြီး အသင်းသစ် ချယ်လ်ဆီး အသင်း နဲ့ ပူးပေါင်းဖို့ အားလပ်ရက်အနည်းငယ် သာ ယူခဲ့တဲ့ ပူလီဆစ် ဟာ ဆဲလ်ဇ်ဘာ့ဂ် အသင်း နဲ့ ပွဲစဉ် မှာတော့ ကိုယ်တိုင် ၂ဂိုး သွင်းယူပြီး ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။ ပူလီဆစ် ဟာ ရီးရဲလ် မက်ဒရစ် အသင်း ကို ပြောင်းရွှေ့ သွားခဲ့တဲ့ အီဒင် ဟာဇတ် နေရာ မှာ အစားထိုး ပေးနိုင်မှာ မဟုတ်ပေမယ့် သူ့နည်းသူ့ဟန် နဲ့ ချယ်လ်ဆီး အသင်း ကို အကျိုးပြု နေဦးမှာ ဖြစ်ပါတယ် ။ ထို့အပြင် ပူလီဆစ် ဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံ ၂ဖက်လုံး ကစား ပေးနိုင်သူ လည်း ဖြစ်ပါတယ် ။

၈ ။ ယူရို ၂၀၂၀ ကစားခွင့် ရဖို့ ပစ်မှတ် ထားနေတဲ့ ဇူးမား

အဲဗာတန် အသင်း ရဲ့ အနီးကပ် စောင့်ကြည့်မှု ကို ခံနေရ ပေမယ့် နည်းပြ ဖြစ်သူ လမ်းပတ် က ဆက်ထိန်း ထားလိုနေတဲ့ ဇူးမား ဟာ ယခုနှစ် ဘောလုံး ရာသီ အကုန် မှာ ကစားမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ ကို ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင် လိုနေပါတယ် ။ လက်ရှိ အချိန် မှာ ဇူးမား ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဦးစားပေး ခံစစ်မှူး ဖြစ်လာ နိုင်ပေမယ့် အသင်း ရဲ့ အမာခံ ခံစစ်မှူး ရူဒီဂါ ပြန်ကစား ပေးနိုင်ခဲ့ရင်တော့ ဇူးမား ရဲ့ ပွဲထွက်ခွင့် လည်း ပျောက်ဆုံး လာနိုင်ပါတယ် ။

၉ ။ လမ်းပတ် ရဲ့ ထောက်ခံမှု အပြည့်အဝ ရထားတဲ့ ဂျော်ဂျင်ဟို

ပြီးခဲ့တဲ့ ရာသီ က ဆာရီ လက်ထက် မှာ ကွင်းလယ် အထိုင် နေရာ ကနေ ပွဲတိုင်း နီးပါး ပွဲထွက်ခွင့် ရရှိ ခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ ယခုနှစ် ဘောလုံး ရာသီ မှာလည်း လမ်းပတ် လက်အောက် မှာ အဓိက ကွင်းလယ်လူ တဦး ဖြစ်လာ နိုင်ပါတယ် ။ ဆာရီ လက်ထက် က နည်းစနစ် နဲ့ အနည်းငယ် ကွဲပြား ပေမယ့် ဂျော်ဂျင်ဟို ဟာ နည်းစနစ်ပိုင်း နိုင်နင်း တဲ့ ကစားသမား တယောက် လို့ လမ်းပတ် က ချီးကျူး ထားခဲ့ပါတယ် ။

၁၀ ။ လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း ကို ထောက်ခံမှု အပြည့်အဝ ပေးဖို့ လိုနေတဲ့ ချယ်လ်ဆီး ပရိသတ် များ

ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်း က နည်းပြဟောင်း ဆာရီ ဟာ ချယ်လ်ဆီး ပရိသတ် တွေရဲ့ ထောက်ခံမှု ကို မရရှိ ခဲ့တာကြောင့် အသင်း ကို ဆက်လက် ကိုင်တွယ်ဖို့ မပျော်မွေ့ တော့သလို ဂျူဗင်တပ် အသင်း ရဲ့ ကမ်းလှမ်းမှု ကိုလည်း လက်ခံ ခဲ့ပါတယ် ။ ယခု နည်းပြသစ် လမ်းပတ် ဟာ ၄င်း ကစားသမား ဘဝတုန်း က ချယ်လ်ဆီး ပရိသတ် တွေရဲ့ အချစ်တော် ဖြစ်ခဲ့ပေမယ့် နည်းပြ သက်တမ်း နုနယ် သေးတာကြောင့် ရလဒ်ဆိုး တချို့ နဲ့ ကြုံတွေ့ ခဲ့မယ် ဆိုရင် ပရိသတ် တွေ အနေနဲ့ လမ်းပတ် အပေါ် ထောက်ခံမှု အပြည့်အဝ ပေးဖို့ လိုနေဆဲ ဖြစ်ပါတယ် ။

SPORTS MYANMAR