တနလၤာ ေန့က ယူနုိက္တက္ အသင္း နဲ့ ေဆးစစ္ ၊ သေဘာ တူညီမွဳ ေတြ ရရွိ ခဲ့ျပီး ေနာက္ လက္စတာ စီးတီး အသင္း ရဲ့ ေနာက္ခံလူ ဟယ္ရီ မက္ဂြားယား ဟာ သရဲနီ တို့ရဲ့ ဒီေႏြ အေျပာင္း အေရႊ့ အတြက္ တတိယ ေျမာက္ ကစားသမား သစ္ ေခၚယူ မွဳ ျဖစ္ခဲ့ ပါတယ္ ။

ယူနုိက္တက္ ဖက္က ေတာ့ အသင္း ရဲ့ အဓိက အားနည္း ခ်က္ တစ္ခု ျဖစ္တဲ့ ဗဟုိ ခံစစ္ ပိုင္းကို အင္အား ျဖည့္တင္း နုိင္ေရး အတြက္ ၊ မက္ဂြားယား ကို ေခၚယူ နုိင္ဖုိ့ အတြက္ ေပါင္ သန္း 80 အထိ အသံုး ျပဳခဲ့ ရ ပါတယ္ ။

ဒါ့ေၾကာင့္ အခုေတာ့ မက္ဂြားယား ဟာ 6 နွစ္ ( + တစ္နွစ္ သက္တမ္း တုိးခြင့္ ) စာခ်ဳပ္ နဲ့ အတူ လီဗာပူး အသင္း ရဲ့ ေပါင္ 75 သန္းတန္ ခံစစ္မွဴး ဗန္ဒိုက္ ကို ေက်ာ္လြန္ ျပီး ကမ႓ာ့ စံခ်ိန္တင္ ေျပာင္းေရႊ့ေၾကး နဲ့ ယူနုိက္တက္ ဆီ ေရာက္ရွိ လာ ခဲ့တဲ့ ခံစစ္ ကစားသမား ျဖစ္လာ ခဲ့ ပါျပီ ။

အခုေတာ့ မက္ဂြားယား က ဒီ တစ္ပါတ္ ယူနိုက္တက္ ရဲ့ ျပိဳင္ဖက္ ေကာင္း ျဖစ္တဲ့ ခ်ဲလ္ဆီး အသင္း နဲ့ ရင္ဆုိင္ ကစား ရမယ့္ ပရီးမီးယား လိဂ္ အဖြင့္ ပြဲစဥ္ မွာ ပါဝင္ နုိင္ မလား ဆုိတဲ့ ေမးခြန္း ကို အေမး ခံလိုက္ ရတဲ့ အခ်ိန္ …

” က်ြန္ေတာ္ ကေတာ့ နွိမ့္နိွမ့္ ခ်ခ် ေနတက္ ဖုိ့ပဲ ဂရုစိုက္ ေနသူ တစ္ဦး ပါ ။ က်ြန္ေတာ္ ဟာ အလုပ္ ၾကိဳးစား လုပ္ေဆာင္ ခဲ့ျပီး လက္စတာ ရဲ့ ပြဲစဥ္ အားလံုး နီးပါး ကို ပါဝင္ ကစား ေပး နုိင္ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္ က်ြန္ေတာ့္ ရဲ့ ၾကံ့ခိုင္ မွဳ အေနအထား က အဆင္ ေျပလွ ပါတယ္ ”

” ဒါဟာ ပြဲစဥ္ ေတြကုိ ကစား နုိင္ဖုိ့ က်ြန္ေတာ့္ အတြက္ အေရးပါ တဲ့ အရာ တစ္ခု ပါပဲ ။ က်ြန္ေတာ္ ဟာ စိတ္ရွိ သလို ေရြူလ်ား နုိင္မယ္ ဆုိရင္ ၊ က်ြန္ေတာ္ ၾက့ံခိုင္ မွဳေတြ ျပည့္ဝ ေနမယ္ ဆုိရင္ ပရီးမီးယား လိဂ္ရဲ့ ပထမဆံုး ပြဲစဥ္ ကို ပါဝင္ ကစားေပး နုိင္မွာ ပါ ”

” က်ြန္ေတာ္ ကေတာ့ ဒီ ပြဲစဥ္ မွာ ပါဝင္ ကစား ေပး သြားဖုိ့ အတြက္ လံုးဝ ကို အဆင္သင့္ ပါပဲ ။ ဒါေပမယ့္ အဲ့တာ ေတြက နည္းျပ ရဲ့ ဆံုးျဖတ္ခ်က္ အေပၚ မွာလည္း မူတည္ ေနပါ ေသးတယ္ ” လို့ မက္ဂြားယား က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ရာသီ ၾကိဳ ပြဲစဥ္ ေတြကို ကစား ခဲ့ျပီး ျဖစ္တ့ဲ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ၾသဂုတ္ လ 11 ရက္ ေန့မွာ ရာသီ သစ္ရဲ့ အဖြင့္ ပြဲစဥ္ အျဖစ္ လမ္းပတ္ ဦးေဆာင္ တဲ့ ခ်ဲလ္ဆီး အသင္း ကို အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ဧည့္ခံ ကစား သြား ရမွာ ပဲ ျဖစ္ပါတယ္ ။

#Sports_Myanmar

Unicode

ချဲလ်ဆီးနဲ့ ကစားရမယ့် ပွဲစဉ် အတွက် အဆင့်သင့် ဖြစ်ပြီလား ဆိုတာ ဖြေကြားသွားတဲ့ ယူနိုက်တက် ကစားသမားသစ် #မက်ဂွားယား

================

တနင်္လာ နေ့က ယူနိုက်တက် အသင်း နဲ့ ဆေးစစ် ၊ သဘော တူညီမှု တွေ ရရှိ ခဲ့ပြီး နောက် လက်စတာ စီးတီး အသင်း ရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွားယား ဟာ သရဲနီ တို့ရဲ့ ဒီနွေ အပြောင်း အရွှေ့ အတွက် တတိယ မြောက် ကစားသမား သစ် ခေါ်ယူ မှု ဖြစ်ခဲ့ ပါတယ် ။

ယူနိုက်တက် ဖက်က တော့ အသင်း ရဲ့ အဓိက အားနည်း ချက် တစ်ခု ဖြစ်တဲ့ ဗဟို ခံစစ် ပိုင်းကို အင်အား ဖြည့်တင်း နိုင်ရေး အတွက် ၊ မက်ဂွားယား ကို ခေါ်ယူ နိုင်ဖို့ အတွက် ပေါင် သန်း 80 အထိ အသုံး ပြုခဲ့ ရ ပါတယ် ။

ဒါ့ကြောင့် အခုတော့ မက်ဂွားယား ဟာ 6 နှစ် ( + တစ်နှစ် သက်တမ်း တိုးခွင့် ) စာချုပ် နဲ့ အတူ လီဗာပူး အသင်း ရဲ့ ပေါင် 75 သန်းတန် ခံစစ်မှူး ဗန်ဒိုက် ကို ကျော်လွန် ပြီး ကမ႓ာ့ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ယူနိုက်တက် ဆီ ရောက်ရှိ လာ ခဲ့တဲ့ ခံစစ် ကစားသမား ဖြစ်လာ ခဲ့ ပါပြီ ။

အခုတော့ မက်ဂွားယား က ဒီ တစ်ပါတ် ယူနိုက်တက် ရဲ့ ပြိုင်ဖက် ကောင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပရီးမီးယား လိဂ် အဖွင့် ပွဲစဉ် မှာ ပါဝင် နိုင် မလား ဆိုတဲ့ မေးခွန်း ကို အမေး ခံလိုက် ရတဲ့ အချိန် …

” ကျွန်တော် ကတော့ နှိမ့်နှိမ့် ချချ နေတက် ဖို့ပဲ ဂရုစိုက် နေသူ တစ်ဦး ပါ ။ ကျွန်တော် ဟာ အလုပ် ကြိုးစား လုပ်ဆောင် ခဲ့ပြီး လက်စတာ ရဲ့ ပွဲစဉ် အားလုံး နီးပါး ကို ပါဝင် ကစား ပေး နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော့် ရဲ့ ကြံ့ခိုင် မှု အနေအထား က အဆင် ပြေလှ ပါတယ် ”

” ဒါဟာ ပွဲစဉ် တွေကို ကစား နိုင်ဖို့ ကျွန်တော့် အတွက် အရေးပါ တဲ့ အရာ တစ်ခု ပါပဲ ။ ကျွန်တော် ဟာ စိတ်ရှိ သလို ရွေူလျား နိုင်မယ် ဆိုရင် ၊ ကျွန်တော် ကြ့ံခိုင် မှုတွေ ပြည့်ဝ နေမယ် ဆိုရင် ပရီးမီးယား လိဂ်ရဲ့ ပထမဆုံး ပွဲစဉ် ကို ပါဝင် ကစားပေး နိုင်မှာ ပါ ”

” ကျွန်တော် ကတော့ ဒီ ပွဲစဉ် မှာ ပါဝင် ကစား ပေး သွားဖို့ အတွက် လုံးဝ ကို အဆင်သင့် ပါပဲ ။ ဒါပေမယ့် အဲ့တာ တွေက နည်းပြ ရဲ့ ဆုံးဖြတ်ချက် အပေါ် မှာလည်း မူတည် နေပါ သေးတယ် ” လို့ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရာသီ ကြို ပွဲစဉ် တွေကို ကစား ခဲ့ပြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ သြဂုတ် လ 11 ရက် နေ့မှာ ရာသီ သစ်ရဲ့ အဖွင့် ပွဲစဉ် အဖြစ် လမ်းပတ် ဦးဆောင် တဲ့ ချဲလ်ဆီး အသင်း ကို အိုးလ် ထရပ်ဖို့ဒ် မှာ ဧည့်ခံ ကစား သွား ရမှာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar