ရီးရဲမက္ဒရစ္အသင္းဟာ မၾကာခင္ အခ်ိန္ပိုင္းအတြင္းကပဲ ခ်ဲဆီးအသင္းရဲ႕ အသက္ 26 ႏွစ္အရြယ္ ဘယ္လ္ဂ်ီယံ လက္ေရြးစင္ ဂိုးသမား ေကာ့တြိဳက္စကို တရား၀င္ ေခၚယူႏိုင္ခဲ့ျပီ ျဖစ္ေၾကာင္း ေၾကျငာသြားခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ ဥကၠၾကီး ပီရက္နဲ႔ ကစားသမားဟာ မီဒီယာေတြရဲ႕ ေရွ႕ေမွာက္မွာပဲ 6 ႏွစ္ စာခ်ဳပ္သက္တမ္းကို လက္မွတ္ ေရးထိုးခဲ့ၾကပါတယ္။

မက္ဒရစ္အေျခစိုက္ သတင္းေတြအရေတာ့ ေကာ့တြိဳက္စ္အတြက္ ေျပာင္းေရႊ႕ေၾကး ယူရုိ သန္း 40 အပါအ၀င္၊ ကိုဗာဆစ္ကို တစ္ရာသီ အငွားခ်ေပးလိုက္ရတာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

လက္မွတ္ေရးထိုးပြဲမွာေတာ့ ေကာ့တြိဳက္စ္က “ ကမၻာ့အေကာင္းဆံုး ကလပ္ကို ေရာက္ေအာင္ ၾကိဳးစားရတာ လြယ္ကူတာ မဟုတ္ပါဘူး။ က်ေနာ္ျဖင့္ အခက္အခဲေတြကို ေတာ္ေတာ္ေလး ေက်ာ္ျဖတ္ခဲ့ရပါတယ္။ ဒီလို အခိုက္အတန္႔မ်ိဳး ျဖစ္ေပၚလာဖို႔အတြက္ ငယ္ငယ္ေလးကတည္းက အိပ္မက္ မက္ခဲ့ရတာေလ။

ဒီကို ေျပာင္းလာရတဲ့ အဓိက အေၾကာင္းအရင္းေတြထဲမွာ က်ေနာ့္ရဲ႕ ကေလးငယ္ေတြနဲ႔ အနီးကပ္ ေနခ်င္တာေၾကာင့္လဲ ပါ ပါတယ္။ အဲဒီ စိတ္ကူးေတြကို တကယ္ျဖစ္ေအာင္ ကူညီေပးခဲ့ၾကတဲ့သူေတြ အားလံုးကိုလဲ ေက်းဇူးတင္ပါတယ္။ အထူးသျဖင့္ က်ေနာ့္ ကေလးေတြရဲ႕ အေမျဖစ္သူကိုလဲ ေက်းဇူးအထူးတင္တဲ့ အေၾကာင္း ဒီေနရာကေန ေျပာပါရေစ၊ က်ေနာ္တို႔ႏွစ္ေယာက္ဟာ ဘာပတ္သက္မႈမွ မရွိေတာ့ေပမယ့္ သူမဟာ က်ေနာ့္အတြက္ အေရးပါတဲ့ သူတစ္ေယာက္အျဖစ္ ဆက္ရွိေနမွာပါ။

ဒီကေန႔မွာေတာ့ က်ေနာ္ မက္ဒရစ္စီတာ တစ္ေယာက္ အမွန္တကယ္ ျဖစ္ခဲ့ျပီဗ်ာ….Hala Madrid” လို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ခ်ဲဆီးကလပ္က ေကာ့တြိဳက္စ္ရဲ႕ အေျပာင္းအေရႊ႕ကို အသင္းရဲ႕ ၀ဘ္ဆိုဒ္ကေန ေၾကျငာလိုက္ျပီး၊ အသင္းအတြက္ စြမ္းေဆာင္ေပးခဲ့မႈေတြအတြက္ ေက်းဇူးတင္ေၾကာင္း ေရးသားသြားခဲ့သလို၊ အနာဂတ္မွာလဲ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးသြားခဲ့ပါတယ္။

ေကာ့တြိဳက္စ္ရဲ႕ ကစားသမား အက်ဥ္းခ်ဳပ္မွတ္တမ္း
ဂ်န္႔ (2008-2011)
ေအတီကို (2011-2014)
ခ်ဲဆီး (2014-2018)
ရီးရဲမက္ဒရစ္ ( 2018-)

ရရွိခဲ့ဖူးေသာ္ ဆုမ်ား
ကမၻာ့ဖလား ေရႊလက္အိတ္ဆု
ဇာမိုရာဆု 2 ဆု
ပရီးမီးယားလိဂ္ ေရႊလက္အိ္တ္ဆု
ပရီးမီးယားလိဂ္ ခ်န္ပီယံ 2 ၾကိမ္
လာလီဂါ ခ်န္ပီယံ 1 ၾကိမ္
ဘယ္လ္ဂ်ီယံ အမွတ္ေပးဖလား 1 ၾကိမ္
ယူရိုပါလိဂ္ ဖလား 1 ၾကိမ္
ဥေရာပ စူပါဖလား 1 ၾကိမ္
ကိုပါဒယ္ေရး ဖလား 1 ၾကိမ္
အက္ဖ္ေအဖလား 1 ၾကိမ္
အီအက္ဖ္အယ္ ဖလား 1 ၾကိမ္

ေကာ့တြိဳက္စ္ရဲ႕ စပိန္မွာ စြမ္းေဆာင္မႈ မွတ္တမ္းမ်ား
Apps: 154
Goals Conceded: 124
Clean Sheets: 75
Trophies: 4

Official : ရီးရဲမက်ဒရစ် ဂိုးသမား တရားဝင် ဖြစ်လာခဲ့တဲ့ ကော့တွိုက်စ်

ရီးရဲမက်ဒရစ်အသင်းဟာ မကြာခင် အချိန်ပိုင်းအတွင်းကပဲ ချဲဆီးအသင်းရဲ့ အသက် 26 နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော့တွိုက်စကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဥက္ကကြီး ပီရက်နဲ့ ကစားသမားဟာ မီဒီယာတွေရဲ့ ရှေ့မှောက်မှာပဲ 6 နှစ် စာချုပ်သက်တမ်းကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

မက်ဒရစ်အခြေစိုက် သတင်းတွေအရတော့ ကော့တွိုက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 40 အပါအဝင်၊ ကိုဗာဆစ်ကို တစ်ရာသီ အငှားချပေးလိုက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်မှတ်ရေးထိုးပွဲမှာတော့ ကော့တွိုက်စ်က “ ကမ္ဘာ့အကောင်းဆုံး ကလပ်ကို ရောက်အောင် ကြိုးစားရတာ လွယ်ကူတာ မဟုတ်ပါဘူး။ ကျနော်ဖြင့် အခက်အခဲတွေကို တော်တော်လေး ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီလို အခိုက်အတန့်မျိုး ဖြစ်ပေါ်လာဖို့အတွက် ငယ်ငယ်လေးကတည်းက အိပ်မက် မက်ခဲ့ရတာလေ။

ဒီကို ပြောင်းလာရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ကျနော့်ရဲ့ ကလေးငယ်တွေနဲ့ အနီးကပ် နေချင်တာကြောင့်လဲ ပါ ပါတယ်။ အဲဒီ စိတ်ကူးတွေကို တကယ်ဖြစ်အောင် ကူညီပေးခဲ့ကြတဲ့သူတွေ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျနော့် ကလေးတွေရဲ့ အမေဖြစ်သူကိုလဲ ကျေးဇူးအထူးတင်တဲ့ အကြောင်း ဒီနေရာကနေ ပြောပါရစေ၊ ကျနော်တို့နှစ်ယောက်ဟာ ဘာပတ်သက်မှုမှ မရှိတော့ပေမယ့် သူမဟာ ကျနော့်အတွက် အရေးပါတဲ့ သူတစ်ယောက်အဖြစ် ဆက်ရှိနေမှာပါ။

ဒီကနေ့မှာတော့ ကျနော် မက်ဒရစ်စီတာ တစ်ယောက် အမှန်တကယ် ဖြစ်ခဲ့ပြီဗျာ….Hala Madrid” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲဆီးကလပ်က ကော့တွိုက်စ်ရဲ့ အပြောင်းအရွှေ့ကို အသင်းရဲ့ ဝဘ်ဆိုဒ်ကနေ ကြေငြာလိုက်ပြီး၊ အသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ရေးသားသွားခဲ့သလို၊ အနာဂတ်မှာလဲ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးသွားခဲ့ပါတယ်။

ကော့တွိုက်စ်ရဲ့ ကစားသမား အကျဉ်းချုပ်မှတ်တမ်း
ဂျန့် (2008-2011)
အေတီကို (2011-2014)
ချဲဆီး (2014-2018)
ရီးရဲမက်ဒရစ် ( 2018-)

ရရှိခဲ့ဖူးသော် ဆုများ
ကမ္ဘာ့ဖလား ရွှေလက်အိတ်ဆု
ဇာမိုရာဆု 2 ဆု
ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု
ပရီးမီးယားလိဂ် ချန်ပီယံ 2 ကြိမ်
လာလီဂါ ချန်ပီယံ 1 ကြိမ်
ဘယ်လ်ဂျီယံ အမှတ်ပေးဖလား 1 ကြိမ်
ယူရိုပါလိဂ် ဖလား 1 ကြိမ်
ဥရောပ စူပါဖလား 1 ကြိမ်
ကိုပါဒယ်ရေး ဖလား 1 ကြိမ်
အက်ဖ်အေဖလား 1 ကြိမ်
အီအက်ဖ်အယ် ဖလား 1 ကြိမ်

ကော့တွိုက်စ်ရဲ့ စပိန်မှာ စွမ်းဆောင်မှု မှတ်တမ်းများ
Apps: 154
Goals Conceded: 124
Clean Sheets: 75
Trophies: 4