ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှ လက်တွဲ ခဲ့ဖူးတဲ့ အီတလီ လူမျိုး နည်းပြ မော်ရစ်ဇီယို ဆာရီ ကို ဂျူဗင်တပ် အသင်း သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် ကစားသမားသစ် ခေါ်ယူခွင့် မရှိတဲ့ အတွက် ၄င်းတို့ကို တာဝန်ယူ ကိုင်တွယ်ဖို့ နည်းပြ များများစားစား မရှိနေခဲ့တာကို တွေ့ခဲ့ ရပါတယ် ။

ထို့ အတွက်ကြောင့် လူငယ် ကစားသမား တွေ အကြောင်း ကောင်းစွာ နားလည် သဘောပေါက် ထားတဲ့ ဖရန့် လမ်းပတ် ကို ချယ်လ်ဆီး အသင်း ဖက်က နည်းပြ အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ် ။ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ နည်းပြ လောက ထဲသို့ ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း နဲ့ အတူ ဝင်ရောက် လာခဲ့တာ ဖြစ်ပြီး ဒါဘီ အသင်း ကို ရာသီကုန် မှာ အဆင့် ၆ နေရာ မှာ ရပ်တည် စေခဲ့ပါတယ် ။

ထို့အပြင် လမ်းပတ် ဟာ ဒါဘီ အသင်း ကို ပရီးမီးယားလိဂ် သို့ နောက်ဆုံး တန်းတက်ခွင့် ဖြစ်တဲ့ play-off ဗိုလ်လုပွဲ အထိ ရောက်အောင် ပို့ဆောင် နိုင်ခဲ့ပါတယ် ။ ဒါဟာ ပထမဆုံး နည်းပြ အဖြစ် စတင် လုပ်ဆောင် ခဲ့တဲ့ နှစ်မှာပဲ ရရှိ ခဲ့တာ ဖြစ်လို့ လမ်းပတ် ဟာ လူ အများရဲ့ ချီးကျူးမှု ကို ရရှိ ခဲ့ပါတယ် ။

လမ်းပတ် ဟာ ဒါဘီ အသင်း ကို လူငယ် ကစားသမား အများစု နဲ့ စုဖွဲ့ ခဲ့တာကြောင့် ချယ်လ်ဆီး အသင်း မှာလည်း အရည်အသွေး နဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကစားသမား တွေကို မွေးထုတ် နိုင်ဖို့ ကြိုးစားလျက် ရှိနေပါတယ် ။ လောလောဆယ် ခြေစမ်း ခရီးစဉ် တွေ ပြီးမြောက် ပြီ ဖြစ်လို့ လာမယ့် တနင်္ဂနွေ နေ့မှာတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ် ။

ဒါဟာ လမ်းပတ် အတွက် ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်နိုင်သလို ၊ သူ့ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အသင်း အတွက် ဘယ်လောက် ထိ စွမ်းဆောင် ပေးနိုင်မယ် ဆိုတဲ့ ခြေလှမ်းရဲ့ အစလည်း ဖြစ်လာမှာ သေချာ ပါတယ် ။

ကစားသမား ဘဝတုန်းက ချယ်လ်ဆီး အသင်း မှာ လမ်းပတ် နဲ့ အတူ လက်တွဲ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ် အက်ဆီယန် ကတော့ လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကစားသမား တွေကို အရောင်တင် ပေးနိုင်မယ့် နည်းပြ ဖြစ်သလို ၊ ပရိသတ် တွေရဲ့ ထောက်ခံမှု ကိုလည်း အပြည့်အဝ ရရှိနိုင်တဲ့ နည်းပြ တယောက်လည်း ဖြစ်ကြောင်း Iono FM နဲ့ အင်တာဗျူး မှာ သုံးသပ် ပြောဆို သွားခဲ့ပါတယ် ။

အက်ဆီယန် က ” ဖရန့် ကို အခုလို နည်းပြ အဖြစ် ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ဆုံးဖြတ်ချက် က အရမ်း ကောင်းပါတယ် ။ သူဟာ ချယ်လ်ဆီး ကစားသမားဟောင်း ၊ ချယ်လ်ဆီး ဂန္တဝင် တဦးပါ ။ ဒီ အသင်း မှာပဲ သူဟာ နှစ်ပေါင်း များစွာ ကျင်လည် ခဲ့ဖူးပါတယ် ။ ဒီ ကလပ် က လူတိုင်း ၊ နေရာတိုင်း နဲ့လည်း ရင်းနှီးပြီးသား ဖြစ်ပါတယ် ။ သူဟာ ဒီ ကလပ် ကနေ လိုအပ်တဲ့ အကူအညီ မှန်သမျှ ကို ရနိုင်ပါတယ် ။ ”

” နောက်ပြီး ဖရန့် ဟာ လူငယ် ကစားသမား တွေကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ် ။ သူ့ လက်အောက် မှာ လူငယ် ကစားသမား တွေ အဖို့ ပွဲထွက်ခွင့် ပိုရလာနိုင်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော် တို့ အားလုံး က သူ့ကို တထစ်ချ ယုံကြည် ပုံအပ် ထားပြီး ဖြစ်တာကြောင့် အရာရာ သူနဲ့ အဆင်ပြေ ပါစေလို့ပဲ မျှော်လင့် ထားပါတယ် ။ ပရိသတ် တွေကလည်း သူ့ အတွက် အောင်မြင်မှု တွေ ရရှိဖို့ ဆုတောင်း ပေးနေမှာပါ ။ ”

” နည်းပြ တယောက် အနေနဲ့လည်း ဖရန့် အောင်မြင်မှု ရရှိဖို့ အတွက် ကျွန်တော် တို့ အားလုံး သူ့ နောက်ကနေ ထောက်ခံ အားပေးမှု အပြည့်အဝ ပြုလုပ် ပေးသွားဖို့လည်း လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ အက်ဆီယန် ဟာ အခုအချိန် အထိ ကစားသမား ဘဝ က အနားယူခြင်း မရှိသေးပဲ အဇာဘိုင်ဂျန် ကလပ် ဆာဘေးလ် အသင်း မှာ ကစားသမား အနေနဲ့ရော ၊ နည်းပြ အနေနဲ့ပါ တာဝန်ယူလျက် ရှိနေပါတယ် ။

SPORTS MYANMAR