အာဆင္နယ္ အသင္း ဂႏၲဝင္ ကစားသမားေဟာင္း အီယန္ရုိက္ က ေဘာ္ဒုိး အသင္း ကစားသမား အျဖစ္ မိတ္ဆက္စဥ္ လုပ္ေဆာင္ခဲ့သည့္ ေကာ့စီရယ္နီ ရဲ႕ အျပဳ အမႈ အေပၚ ရႈတ္ခ် သြားခဲ့ျပီး အသင္းေဟာင္း အေပၚ ေလးစားမႈ မရွိသည့္ လုပ္ရပ္ဟု ေဝဖန္ ျပစ္တင္ သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း ေခါင္းေဆာင္ ေကာ့စီရယ္နီ ဟာ ျပင္သစ္ လီဂူး ကလပ္ ေဘာ္ဒုိး အသင္းကုိ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄.၅ သန္း နဲ႔ ေျပာင္းေရႊ႕သြားခဲ့ျပီလည္း ျဖစ္ပါတယ္ ။ ျပင္သစ္ ေနာက္ခံလူ ေကာ့စီရယ္နီ ဟာ အာဆင္နယ္ အသင္းမွာ ကုိးႏွစ္ၾကာ ကစားျပီးေနာက္ ေမြးရပ္ေျမကုိ ျပန္လည္ ေျပာင္းေရႊ႕သြားခဲ့တာပါ ။

အသက္ ၃၃ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ေကာ့စီရယ္နီ ဟာ အာဆင္နယ္ အသင္း ရဲ႕ ရာသီၾကိဳ အေမရိက ေျခစမ္းပြဲ ခရီးစဥ္ကုိ လုိက္ပါဖုိ႔ ျငင္းဆန္ ခဲ့ျပီး ကလပ္ အသင္းတာဝန္ရွိသူေတြရဲ႕ အမ်က္ ေဒါသ နဲ႔ ရင္ဆုိင္ ခဲ့ရပါတယ္ ။ ဒါေၾကာင့္ ေကာ့စီရယ္နီ နဲ႔ အာဆင္နယ္ အသင္းတုိ႔ရဲ႕အဆုံးသတ္ လမ္းခြဲဟာ သိပ္ေတာ့ ေကာင္းမြန္ လွပ ခဲ့ျခင္းေတာ့ မရွိပါဘူး ။

ေကာ့စီရယ္နီ ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့ ေဘာ္ဒုိး ကစားသမား အျဖစ္ မိတ္ဆက္ပြဲမွာ အာဆင္နယ္ အသင္း အက်ီီ ခ်ြတ္ကာ ေအာက္မွာ ခံဝတ္ထားတဲ့ အသင္းသစ္ ေဘာ္ဒုိးအသင္း အက်ီၤအား မိတ္ဆက္ ျပသခဲ့ျခင္း ျဖစ္ျပီး အဆုိပါ အျပဳအမႈ အေပၚ အာဆင္နယ္ အသင္း ပရိသတ္မ်ားကလည္း အျပင္းအထန္ ေဝဖန္ ေနၾကပါတယ္ ။

ဂန္းနားတုိ႔ရဲ႕ တုိက္စစ္မွဴ းေဟာင္း အီယန္ရုိက္ က သူ႔ရဲ႕တြစ္တာ အေကာင့္မွာ ေကာ့စီရယ္နီ ရဲ႕ အျပဳအမႈ အေပၚ ” တကယ့္ကုိ ရင္နာဖုိ႔ ေကာင္းပါတယ္ ။ ေလးစားမႈ မရွိတဲ့ လုပ္ရပ္ ပါပဲ ။ ကုိးႏွစ္ၾကာ ကစားခဲ့တဲ့ အသင္းကုိ ဒီလုိ ရွက္စရာေကာင္းတဲ့ ပုံစံနဲ႔ ႏႈတ္ဆက္တာက မင္း ျဖစ္ခ်င္တဲ့ ဆႏၵလား ။ ဒီေလာက္ ႏွစ္ေတြ အၾကာၾကီး ကစားခဲ့တဲ့ အသင္းအေပၚ အခုလုိလုပ္တာ တန္တယ္ထင္ရင္ ျပီးတာပါပဲေလ ။ ” လုိ႔ ေရးသား သြားခဲ့ပါတယ္ ။

ေကာ့စီရယ္နီ က အင္စတာဂရမ္ အေကာင့္မွာ အာဆင္နယ္ အသင္း ကေန ထြက္ခြာဖုိ႔ ေသခ်ာ စဥ္းစားျပီးမွ ဆုံးျဖတ္ခဲ့တာ ျဖစ္တဲ့ အတြက္ ပရိသတ္ေတြအေနနဲ႔ သူ႕ကုိ နားလည္ ေပးဖုိ႔ နဲ႔ ကုိးႏွစ္တာ ကာလလုံး အားေပးခဲ့တဲ့ အတြက္ ေက်းဇူးတင္ စကား ေျပာၾကား သြားခဲ့ပါတယ္ ။

ေကာ့စီရယ္နီ ဟာ ၂၀၁၀ ခုႏွစ္တုန္းက ျပင္သစ္ လီဂူး ကလပ္ ေလာ္ရီယန္႔ ကေန အာဆင္နယ္ အသင္းကုိ ေျပာင္းေရႊ႕ လာတာ ျဖစ္ျပီး ျပင္သစ္ ကလပ္ ေတြျဖစ္တဲ့ ဂူနီဂမ့္ ၊ တုိးစ္ တုိ႔မွာလည္း ကစားခဲ့ဖူး ပါတယ္ ။

ေကာ့စီရယ္နီ ဟာ အာဆင္နယ္ အသင္းမွာ ကစားလာတာ ကုိးႏွစ္ေက်ာ္ၾကာ ရွိျပီ ျဖစ္ျပီး ပြဲေပါင္း ၄၀၀ ေက်ာ္ ကစားထားကာ အက္ဖ္ေအ ဖလား သုံးလုံး ဆြတ္ခူး ရရွိ ထားပါတယ္ ။ ဒါ့အျပင္ ေကာ့စီရယ္နီ ဟာ ျပင္သစ္ လက္ေရြးစင္ အသင္းအတြက္လည္း ပြဲေပါင္း ၅၁ ပြဲေက်ာ္ ပါဝင္ ကစားေပးထားကာ မႏွစ္တုန္းကမွ နုိင္ငံလက္ေရြးစင္ ကစားသမား ဘဝကေန အနားယူျပီ ျဖစ္ေၾကာင္း ေၾကညာ ထားသူပါ ။

SPORTS MYANMAR

Unicode

ဘော်ဒိုး အသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်စဉ် ကော့စီရယ်နီ ရဲ့ အပြုအမှုအပေါ် ဝေဖန် ပြစ်တင်လိုက်တဲ့ #အီယန်ရိုက်
============================

အာဆင်နယ် အသင်း ဂန္တဝင် ကစားသမားဟောင်း အီယန်ရိုက် က ဘော်ဒိုး အသင်း ကစားသမား အဖြစ် မိတ်ဆက်စဉ် လုပ်ဆောင်ခဲ့သည့် ကော့စီရယ်နီ ရဲ့ အပြု အမှု အပေါ် ရှုတ်ချ သွားခဲ့ပြီး အသင်းဟောင်း အပေါ် လေးစားမှု မရှိသည့် လုပ်ရပ်ဟု ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ခေါင်းဆောင် ကော့စီရယ်နီ ဟာ ပြင်သစ် လီဂူး ကလပ် ဘော်ဒိုး အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်း နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ် ။ ပြင်သစ် နောက်ခံလူ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းမှာ ကိုးနှစ်ကြာ ကစားပြီးနောက် မွေးရပ်မြေကို ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပါ ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်း ရဲ့ ရာသီကြို အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့ပြီး ကလပ် အသင်းတာဝန်ရှိသူတွေရဲ့ အမျက် ဒေါသ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ ဒါကြောင့် ကော့စီရယ်နီ နဲ့ အာဆင်နယ် အသင်းတို့ရဲ့အဆုံးသတ် လမ်းခွဲဟာ သိပ်တော့ ကောင်းမွန် လှပ ခဲ့ခြင်းတော့ မရှိပါဘူး ။

ကော့စီရယ်နီ ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ဘော်ဒိုး ကစားသမား အဖြစ် မိတ်ဆက်ပွဲမှာ အာဆင်နယ် အသင်း အကျီီ ချွတ်ကာ အောက်မှာ ခံဝတ်ထားတဲ့ အသင်းသစ် ဘော်ဒိုးအသင်း အကျီင်္အား မိတ်ဆက် ပြသခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အပြုအမှု အပေါ် အာဆင်နယ် အသင်း ပရိသတ်များကလည်း အပြင်းအထန် ဝေဖန် နေကြပါတယ် ။

ဂန်းနားတို့ရဲ့ တိုက်စစ်မှူ းဟောင်း အီယန်ရိုက် က သူ့ရဲ့တွစ်တာ အကောင့်မှာ ကော့စီရယ်နီ ရဲ့ အပြုအမှု အပေါ် ” တကယ့်ကို ရင်နာဖို့ ကောင်းပါတယ် ။ လေးစားမှု မရှိတဲ့ လုပ်ရပ် ပါပဲ ။ ကိုးနှစ်ကြာ ကစားခဲ့တဲ့ အသင်းကို ဒီလို ရှက်စရာကောင်းတဲ့ ပုံစံနဲ့ နှုတ်ဆက်တာက မင်း ဖြစ်ချင်တဲ့ ဆန္ဒလား ။ ဒီလောက် နှစ်တွေ အကြာကြီး ကစားခဲ့တဲ့ အသင်းအပေါ် အခုလိုလုပ်တာ တန်တယ်ထင်ရင် ပြီးတာပါပဲလေ ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

ကော့စီရယ်နီ က အင်စတာဂရမ် အကောင့်မှာ အာဆင်နယ် အသင်း ကနေ ထွက်ခွာဖို့ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့ အတွက် ပရိသတ်တွေအနေနဲ့ သူ့ကို နားလည် ပေးဖို့ နဲ့ ကိုးနှစ်တာ ကာလလုံး အားပေးခဲ့တဲ့ အတွက် ကျေးဇူးတင် စကား ပြောကြား သွားခဲ့ပါတယ် ။

ကော့စီရယ်နီ ဟာ ၂၀၁၀ ခုနှစ်တုန်းက ပြင်သစ် လီဂူး ကလပ် လော်ရီယန့် ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ လာတာ ဖြစ်ပြီး ပြင်သစ် ကလပ် တွေဖြစ်တဲ့ ဂူနီဂမ့် ၊ တိုးစ် တို့မှာလည်း ကစားခဲ့ဖူး ပါတယ် ။

ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းမှာ ကစားလာတာ ကိုးနှစ်ကျော်ကြာ ရှိပြီ ဖြစ်ပြီး ပွဲပေါင်း ၄၀၀ ကျော် ကစားထားကာ အက်ဖ်အေ ဖလား သုံးလုံး ဆွတ်ခူး ရရှိ ထားပါတယ် ။ ဒါ့အပြင် ကော့စီရယ်နီ ဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက်လည်း ပွဲပေါင်း ၅၁ ပွဲကျော် ပါဝင် ကစားပေးထားကာ မနှစ်တုန်းကမှ နိုင်ငံလက်ရွေးစင် ကစားသမား ဘဝကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ ထားသူပါ ။

SPORTS MYANMAR