ေတာ့တင္ဟမ္ စတား ဒယ္လီအလီ က သူဟာ လီဗာပူး ဂႏၱ၀င္ စတီဗင္ဂ်ာရတ္ နဲ႕ ဘာစီလိုနာ ဂႏၱ၀င္ ေရာ္နယ္ဒင္ညိဳ တုိ႕ကို စံျပေတြ အျဖစ္ သတ္မွတ္ကာ ၾကီးပ်င္းလာခဲ့တာ ျဖစ္တယ္လို႕ ထုတ္ေဖာ္ သြားပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဘရာဇီး ဂႏၱ၀င္ ရဲ႕ ဗီဒီယုိေတြဟာ သူေလ့လာ အားထားရတဲ့ အရင္းအျမစ္ေတြလို႕ ၀န္ခံလိုက္ျပီး ေရာ္နယ္ဒင္ညိဳ ကစားတဲ့ ဗီဒီယုိေတြကို ၾကည့္ကာ သူ႕ရဲ႕ကစားဟန္မွာ အသက္သြင္းဖို႕ ၾကိဳးပမ္းတယ္လို႕ ဆုိသြားပါတယ္။

ဒယ္လီအလီဟာ ျပီးခဲ့တဲ့ ႏွစ္ေတြ အတြင္း ဥေရာပရဲ႕ အေတာက္ပဆံုး ကြင္းလယ္လူ ေတြထဲက တစ္ဦး အျဖစ္ ရပ္တည္ ႏုိင္ခဲ့ျပီး စပါး ကြင္းလယ္လူဟာ ၎ရဲ႕ အသင္း မ်ားစြာ တုိးတက္လာခဲ့ရာမွာ အဓိက အခန္းက႑ ကေန ပါ၀င္ကူညီ ေပးထားသူ ျဖစ္ပါတယ္။

အလီ က “ကၽြန္ေတာ္ ေက်ာင္းသား ဘ၀ မွာတုန္းက ေရာ္နယ္ဒင္ညိဳ ရဲ႕ ဗီဒီယို clips အမ်ားအျပား ကို YouTube မွာ ၾကည့္ေလ့ ရွိပါတယ္။ ကၽြန္ေတာ္ သူေဘာလံုး ကစားတဲ့ဟန္ ကို အရမ္းၾကိဳက္ျပီး သူၾကည့္ရတာ အျမဲတမ္း ေပ်ာ္ရႊင္ ေနတဲ့ ပံုပါပဲ။ ျပီးေတာ့ ဒါဟာ ကၽြန္ေတာ္ ေဘာလံုးကစားခ်င္တဲ့ ပံုစံလည္း ျဖစ္ပါတယ္။ ကၽြန္ေတာ္ဟာ street football ေတြ အမ်ားၾကီး ကစားကာ ၾကီးပ်င္းလာ ခဲ့သူပါ။ ဒါဟာ အရမ္းကို ေပ်ာ္ရႊင္ ၾကည္ႏူးစရာ ေကာင္းျပီး အဓိက က အကြက္ျပတာေတြ ဘာေတြေပါ့။

ဒါ့ေၾကာင့္ ကၽြန္ေတာ္ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမား တစ္ဦး အျဖစ္ စတင္ေျခခ်တဲ့ အခါ ကၽြန္ေတာ္ဟာ ဒီအားကစားကို ခ်စ္ခင္စိတ္ မပ်က္သြားခ်င္ ခဲ့ပါဘူး။ ကၽြန္ေတာ္ကို ေပ်ာ္ရႊင္ေစတဲ့ အရာကိုပဲ လုပ္ခ်င္ပါတယ္။ ဒါကို ေရာ္နယ္ဒင္ညိဳ ဆီမွာ ခင္ဗ်ားတုိ႕ ေတြ႕ျမင္ ႏုိင္ပါတယ္။ သူလုပ္သမွ် အရာအားလံုးကုိ သူဟာ ေပ်ာ္ရႊင္ ေက်နပ္ေနတဲ့ ပံုစံမ်ိဳး ျဖစ္ပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

အလီက စတီဗင္ဂ်ာရတ္ ရဲ႕ စရိုက္လကၡဏာ နဲ႕ ႏုိင္လိုစိတ္ ျပင္းထန္မွဳ ေတြကို အတုယူခဲ့ တယ္လို႕ ဆုိလိုက္ျပီး ဒါေတြဟာ ၂၀၁၅ မွာ MK Dons လို အသင္းေလး ကေန အဂၤလန္ ထိပ္တန္းလိဂ္ကို ေျပာင္းေရြ႕ ႏုိင္ခဲ့ရာမွာ အဓိက က်ခဲ့တယ္လို႕ ယံုၾကည္ ေနပါတယ္။

အလီက “ဂ်ာရတ္ဟာ အဲဒီတုန္းက အဂၤလန္ နဲ႕ လီဗာပူးရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္ေနခဲ့ျပီး ပြဲတုိင္းမွာ သူရဲ႕ ႏုိင္လိုစိတ္ ဘယ္ေလာက္ ျပင္းထန္ သလဲ ဆုိတာကို ခင္ဗ်ားတုိ႕ ေတြ႕ျမင္ ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္ဟာ ဒီကစားသမား ၂ ဦးနဲ႕ ဆက္စပ္မွဳ ရွိေနတယ္လို႕ ခံစား မိပါတယ္။” လုိ႕ ဆုိလိုက္ပါတယ္။

စပါး ၾကယ္ပြင့္က လိဂ္တူးကလပ္ မွာတုန္းက သူ႕ထက္ အသက္အရြယ္ၾကီးတဲ့ ျပိဳင္ဘက္ေတြနဲ႕ ရင္ဆုိင္ ခဲ့ရမွဳဟာ ေတာ့တင္ဟမ္ မွာ သူ႕ကို လွ်င္ျမန္စြာ အသားက်ဖို႕ အကူအညီ ျဖစ္ေစတယ္လို႕လည္း ယံုၾကည္ ထားပါတယ္။

ေတာ့တင္ဟမ္ ကြင္းလယ္လူ က “MK Dons မွာတုန္းက ၀ါရင့္ကစားသမားေတြနဲ႕ အၾကိမ္မ်ားစြာ ရင္ဆုိင္ ကစား ခဲ့ရမွဳဟာ အရမ္းကို အေရးပါခဲ့တယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္ ပရီးမီးယားလိဂ္ ကို ေျခခ်တဲ့ အခ်ိန္မွာ ဒါဟာ ကၽြန္ေတာ့္အတြက္ ျပင္ဆင္မွဳ ျဖစ္ေစ ခဲ့ပါတယ္။ ဒါဟာ ကၽြန္ေတာ့္ရဲ႕ အရည္အေသြးကို ပိုမို ျမင့္တက္ ေစခဲ့ျပီး ပိုမို သန္မာ ေစခဲ့ပါတယ္။ စပါးမွာ ကၽြန္ေတာ္ အမ်ားၾကီး တုိက္ပြဲ၀င္ရမယ္ ဆုိတာ သိခဲ့ျပီး ဒါဟာ အေရးပါခဲ့ ပါတယ္။

ပရီးမီးယားလိဂ္ဟာ ၾကီးၾကယ္တဲ့ လိဂ္တစ္ခု ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ ထိပ္တန္း ကစားသမားေတြ အမ်ားၾကီး ရွိေနတဲ့ လိဂ္ျပိဳင္ပြဲ တစ္ခုလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီကို စတင္ ေျခခ်တာနဲ႕ ဒီအေတြ႕အၾကံဳဟာ အဆင္သင့္ ျဖစ္ေစခဲ့ျပီး ကၽြန္ေတာ္ဟာ ကိုယ့္ရဲ႕ အရည္အေသြး နဲ႕ ျပိဳင္ဘက္ရဲ႕ ျဖိဳလွဲျခင္းကို မခံရေအာင္ ျပသႏုိင္ခဲ့ပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

အလီဟာ ျပီးခဲ့တဲ့ ရာသီက ေတာ့တင္ဟမ္ ရဲ႕ သမုိင္းမွာ ဂုဏ္ယူဖြယ္ရာ အမွတ္တရ အျဖစ္ ၎ရဲ႕အသင္းကို ခ်န္ပီယံလိဂ္ ဖိုင္နယ္ တက္လွမ္းႏုိ္င္ေအာင္ ကူညီ ေပးခဲ့ပါတယ္။

SM

Unicode

သူ့ရဲ့ ငယ်ဘဝ ဘောလုံး Idol နှစ်ဦး ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ တော့တင်ဟမ်စတား ဒယ်လီအလီ

တော့တင်ဟမ် စတား ဒယ်လီအလီ က သူဟာ လီဗာပူး ဂန္တဝင် စတီဗင်ဂျာရတ် နဲ့ ဘာစီလိုနာ ဂန္တဝင် ရော်နယ်ဒင်ညို တို့ကို စံပြတွေ အဖြစ် သတ်မှတ်ကာ ကြီးပျင်းလာခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် သွားပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီး ဂန္တဝင် ရဲ့ ဗီဒီယိုတွေဟာ သူလေ့လာ အားထားရတဲ့ အရင်းအမြစ်တွေလို့ ၀န်ခံလိုက်ပြီး ရော်နယ်ဒင်ညို ကစားတဲ့ ဗီဒီယိုတွေကို ကြည့်ကာ သူ့ရဲ့ကစားဟန်မှာ အသက်သွင်းဖို့ ကြိုးပမ်းတယ်လို့ ဆိုသွားပါတယ်။

ဒယ်လီအလီဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဥရောပရဲ့ အတောက်ပဆုံး ကွင်းလယ်လူ တွေထဲက တစ်ဦး အဖြစ် ရပ်တည် နိုင်ခဲ့ပြီး စပါး ကွင်းလယ်လူဟာ ၎င်းရဲ့ အသင်း များစွာ တိုးတက်လာခဲ့ရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါ၀င်ကူညီ ပေးထားသူ ဖြစ်ပါတယ်။

အလီ က “ကျွန်တော် ကျောင်းသား ဘဝ မှာတုန်းက ရော်နယ်ဒင်ညို ရဲ့ ဗီဒီယို clips အများအပြား ကို YouTube မှာ ကြည့်လေ့ ရှိပါတယ်။ ကျွန်တော် သူဘောလုံး ကစားတဲ့ဟန် ကို အရမ်းကြိုက်ပြီး သူကြည့်ရတာ အမြဲတမ်း ပျော်ရွှင် နေတဲ့ ပုံပါပဲ။ ပြီးတော့ ဒါဟာ ကျွန်တော် ဘောလုံးကစားချင်တဲ့ ပုံစံလည်း ဖြစ်ပါတယ်။ ကျွန်တော်ဟာ street football တွေ အများကြီး ကစားကာ ကြီးပျင်းလာ ခဲ့သူပါ။ ဒါဟာ အရမ်းကို ပျော်ရွှင် ကြည်နူးစရာ ကောင်းပြီး အဓိက က အကွက်ပြတာတွေ ဘာတွေပေါ့။

ဒါ့ကြောင့် ကျွန်တော် ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦး အဖြစ် စတင်ခြေချတဲ့ အခါ ကျွန်တော်ဟာ ဒီအားကစားကို ချစ်ခင်စိတ် မပျက်သွားချင် ခဲ့ပါဘူး။ ကျွန်တော်ကို ပျော်ရွှင်စေတဲ့ အရာကိုပဲ လုပ်ချင်ပါတယ်။ ဒါကို ရော်နယ်ဒင်ညို ဆီမှာ ခင်ဗျားတို့ တွေ့မြင် နိုင်ပါတယ်။ သူလုပ်သမျှ အရာအားလုံးကို သူဟာ ပျော်ရွှင် ကျေနပ်နေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အလီက စတီဗင်ဂျာရတ် ရဲ့ စရိုက်လက္ခဏာ နဲ့ နိုင်လိုစိတ် ပြင်းထန်မှု တွေကို အတုယူခဲ့ တယ်လို့ ဆိုလိုက်ပြီး ဒါတွေဟာ ၂၀၁၅ မှာ MK Dons လို အသင်းလေး ကနေ အင်္ဂလန် ထိပ်တန်းလိဂ်ကို ပြောင်းရွေ့ နိုင်ခဲ့ရာမှာ အဓိက ကျခဲ့တယ်လို့ ယုံကြည် နေပါတယ်။

အလီက “ဂျာရတ်ဟာ အဲဒီတုန်းက အင်္ဂလန် နဲ့ လီဗာပူးရဲ့ အသင်းခေါင်းဆောင် ဖြစ်နေခဲ့ပြီး ပွဲတိုင်းမှာ သူရဲ့ နိုင်လိုစိတ် ဘယ်လောက် ပြင်းထန် သလဲ ဆိုတာကို ခင်ဗျားတို့ တွေ့မြင် နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ဒီကစားသမား ၂ ဦးနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ခံစား မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

စပါး ကြယ်ပွင့်က လိဂ်တူးကလပ် မှာတုန်းက သူ့ထက် အသက်အရွယ်ကြီးတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင် ခဲ့ရမှုဟာ တော့တင်ဟမ် မှာ သူ့ကို လျှင်မြန်စွာ အသားကျဖို့ အကူအညီ ဖြစ်စေတယ်လို့လည်း ယုံကြည် ထားပါတယ်။

တော့တင်ဟမ် ကွင်းလယ်လူ က “MK Dons မှာတုန်းက ၀ါရင့်ကစားသမားတွေနဲ့ အကြိမ်များစွာ ရင်ဆိုင် ကစား ခဲ့ရမှုဟာ အရမ်းကို အရေးပါခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ် ကို ခြေချတဲ့ အချိန်မှာ ဒါဟာ ကျွန်တော့်အတွက် ပြင်ဆင်မှု ဖြစ်စေ ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အရည်အသွေးကို ပိုမို မြင့်တက် စေခဲ့ပြီး ပိုမို သန်မာ စေခဲ့ပါတယ်။ စပါးမှာ ကျွန်တော် အများကြီး တိုက်ပွဲဝင်ရမယ် ဆိုတာ သိခဲ့ပြီး ဒါဟာ အရေးပါခဲ့ ပါတယ်။

ပရီးမီးယားလိဂ်ဟာ ကြီးကြယ်တဲ့ လိဂ်တစ်ခု ဆိုတာ ကျွန်တော် သိပါတယ်။ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေတဲ့ လိဂ်ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကို စတင် ခြေချတာနဲ့ ဒီအတွေ့အကြုံဟာ အဆင်သင့် ဖြစ်စေခဲ့ပြီး ကျွန်တော်ဟာ ကိုယ့်ရဲ့ အရည်အသွေး နဲ့ ပြိုင်ဘက်ရဲ့ ဖြိုလှဲခြင်းကို မခံရအောင် ပြသနိုင်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အလီဟာ ပြီးခဲ့တဲ့ ရာသီက တော့တင်ဟမ် ရဲ့ သမိုင်းမှာ ဂုဏ်ယူဖွယ်ရာ အမှတ်တရ အဖြစ် ၎င်းရဲ့အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် တက်လှမ်းနို်င်အောင် ကူညီ ပေးခဲ့ပါတယ်။

SM