ဂန္းနားတုိ႔ရဲ႕ ဂႏၲဝင္ ကစားသမားေဟာင္း မာတင္ကီယြန္ က အာဆင္နယ္ အသင္းဟာ နည္းျပ အမ္မရီ ရဲ႕ အေတြ႕အၾကံဳ ေကာင္းေတြေၾကာင့္ မန္ယူႏုိက္တက္ ၊ ခ်ဲလ္ဆီး တုိ႕ထက္ စာရင္ ထိပ္ဆုံး ေလးသင္းထဲ ဝင္ဖုိ႔ အေျခအေနေကာင္းေၾကာင္း သုံးသပ္ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ႏွစ္ရာသီဆက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ ခဲ့တာေၾကာင့္ နည္းျပၾကီး အာဆင္ဝင္းဂါးနဲ႔ လမ္းခြဲ ခဲ့ျပီး အူနုိင္း အမ္မရီ ကုိ နည္းျပ အျဖစ္ ခန္႔အပ္ ခဲ့ပါတယ္ ။ ဒါေပမယ့္လည္း အမ္မရီ ရဲ႕ ပထမဆုံး ရာသီမွာ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ ေနရာမွာသာ ရပ္တည္ နုိင္ခဲ့သလုိ ယူရုိပါလိဂ္ ဗုိလ္လုပြဲ တက္ေရာက္ နုိင္ခဲ့ေပမယ့္လည္း ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ ခဲ့ရပါတယ္ ။

အာဆင္နယ္ အသင္းဟာ သုံးရာသီဆက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ ခဲ့တာေၾကာင့္ ဒီေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ ကစားသမားေကာင္းေတြကုိ အင္အား ျဖည့္တင္း ေခၚယူထားပါတယ္ ။ ဒါေၾကာင့္ နည္းျပ အမ္မရီ ရဲ႕ ဒုတိယ ရာသီမွာ အာဆင္နယ္ အသင္းဟာဘယ္ေလာက္အထိ တုိးတက္ ေကာင္းမြန္လာမလဲဆုိတာ ေစာင့္ၾကည့္ခ်င္ စရာပါ ။

မာတင္ကီယြန္ ကေတာ့ အာဆင္နယ္ အသင္း နည္းျပ အမ္မရီ ဟာ မန္ယူႏုိက္တက္ နည္းျပ ဆုိးလ္ရွား ၊ ခ်ဲလဆီး နည္းျပ လမ္းပတ္ တုိ႔ထက္ နည္းျပ အေတြ႕အၾကံဳ ပုိမ်ားတာေၾကာင့္ ထိပ္ဆုံး ေလးသင္းထဲ ဝင္ဖုိ႔ အေျခအေန ေကာင္းေၾကာင္း ဆုိပါတယ္ ။

ခ်ဲလ္ဆီး အသင္းဟာ ဂ်ဴ ဗင္တပ္စ္ အသင္းကုိ ေျပာင္းေရႊ႕သြားတဲ့ ဆာရီ ေနရာမွာ ဂႏၲဝင္ ကစားသမား လမ္းပတ္ကုိ အစားထုိး ခန္႔အပ္ ခဲ့သလုိ မန္ယူႏုိက္တက္ နည္းျပ ဆုိးလ္ရွား အတြက္လည္း လာမယ့္ရာသီဟာ သူ႔အတြက္ ရာသီအစတည္းက စတင္ကုိင္တြယ္ရမယ့္ ပထမဆုံးႏွစ္လည္း ျဖစ္ပါတယ္ ။

ကီယြန္ က ” ျပီးခဲ့တဲ့ ရာသီတုန္းက နည္းျပ အမ္မရီ အေနနဲ႔ အာဆင္နယ္ အသင္းကုိ အဆင့္ အနည္းငယ္ တက္လာေအာင္ ဆြဲတင္ႏုိင္ခဲ့ပါတယ္ ။ အဆင့္ေလး အတြင္း ဝင္ဖုိ႔ေတာင္ အေတာ္ေလး အေျခအေန ေကာင္းခဲ့ပါေသးတယ္ ၊ ဒီႏွစ္မွာေတာ့ ထိပ္ဆုံးေလးသင္းက မႏွစ္ကလုိ မဟုတ္ဘဲ အေျပာင္းအလဲ ရွိလာႏုိင္ပါတယ္ ။ ”

” အဆင့္ေလး ေနရာကေတာ့ ေသခ်ာေပါက္ ေျပာင္းလဲ ႏုိင္ပါတယ္ ။ ခ်ဲလ္ဆီး အသင္းမွာ လမ္းပတ္လုိ ေတာ္တဲ့ နည္းျပ တစ္ဦး ရွိေနေပမယ့္ ဘာေတြ ဆက္ျဖစ္လာမလဲ ဆုိတာ က်ြန္ေတာ္တုိ႔ မသိႏုိင္ပါဘူး ။ လမ္းပတ္က အခုမွ တက္သစ္စ နည္းျပ တစ္ဦးပါ ။ ဆုိးလ္ရွ ားလည္း ဒီလုိပါပဲ ၊ ေရာက္ခါစက ရလဒ္ေကာင္းေပမယ့္ ေနာက္ပုိင္း ကစားသမားေတြရဲ႕ တည္ျငိမ္မႈ ပ်က္ျပား သြားပါတယ္ ။ ”

” အာဆင္နယ္ နည္းျပ အမ္မရီ ကေတာ့ သူတုိ႔ထက္ အေတြ႕အၾကံဳ ပုိမ်ားတဲ့ နည္းျပ တစ္ဦးပါ ။ ခ်ဲလ္ဆီး အသင္းကလည္း ကစားသမား တစ္ဦး ၊ ႏွစ္ဦးေလာက္ ဆုံးရႈံးထားရပါတယ္ ။ ယူႏုိက္တက္ ဘက္ကုိၾကည့္ရင္လည္း သူတုိ႔ ရင္ဆုိင္ေနရတဲ့ ဖိအားေတြက အၾကီးၾကီးပါ ။ ” လုိ႔ ဆုိပါတယ္ ။

SPORTS MYANMAR

Unicode

ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ အာဆင်နယ် ဟာ ချဲလ်ဆီး၊ မန်ယူနိုက်တက်တို့ထက် အလေးသာနေတဲ့ အကြောင်းအရင်း တစ်ခုကို ပြောပြလိုက်တဲ့ #မာတင်ကီယွန်
============================

ဂန်းနားတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း မာတင်ကီယွန် က အာဆင်နယ် အသင်းဟာ နည်းပြ အမ်မရီ ရဲ့ အတွေ့အကြုံ ကောင်းတွေကြောင့် မန်ယူနိုက်တက် ၊ ချဲလ်ဆီး တို့ထက် စာရင် ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ အခြေအနေကောင်းကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နှစ်ရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ လမ်းခွဲ ခဲ့ပြီး အူနိုင်း အမ်မရီ ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အမ်မရီ ရဲ့ ပထမဆုံး ရာသီမှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာသာ ရပ်တည် နိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံဆုနဲ့ လွဲချော် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ သုံးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားကောင်းတွေကို အင်အား ဖြည့်တင်း ခေါ်ယူထားပါတယ် ။ ဒါကြောင့် နည်းပြ အမ်မရီ ရဲ့ ဒုတိယ ရာသီမှာ အာဆင်နယ် အသင်းဟာဘယ်လောက်အထိ တိုးတက် ကောင်းမွန်လာမလဲဆိုတာ စောင့်ကြည့်ချင် စရာပါ ။

မာတင်ကီယွန် ကတော့ အာဆင်နယ် အသင်း နည်းပြ အမ်မရီ ဟာ မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ၊ ချဲလဆီး နည်းပြ လမ်းပတ် တို့ထက် နည်းပြ အတွေ့အကြံု ပိုများတာကြောင့် ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ အခြေအနေ ကောင်းကြောင်း ဆိုပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဂျူ ဗင်တပ်စ် အသင်းကို ပြောင်းရွှေ့သွားတဲ့ ဆာရီ နေရာမှာ ဂန္တဝင် ကစားသမား လမ်းပတ်ကို အစားထိုး ခန့်အပ် ခဲ့သလို မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အတွက်လည်း လာမယ့်ရာသီဟာ သူ့အတွက် ရာသီအစတည်းက စတင်ကိုင်တွယ်ရမယ့် ပထမဆုံးနှစ်လည်း ဖြစ်ပါတယ် ။

ကီယွန် က ” ပြီးခဲ့တဲ့ ရာသီတုန်းက နည်းပြ အမ်မရီ အနေနဲ့ အာဆင်နယ် အသင်းကို အဆင့် အနည်းငယ် တက်လာအောင် ဆွဲတင်နိုင်ခဲ့ပါတယ် ။ အဆင့်လေး အတွင်း ဝင်ဖို့တောင် အတော်လေး အခြေအနေ ကောင်းခဲ့ပါသေးတယ် ၊ ဒီနှစ်မှာတော့ ထိပ်ဆုံးလေးသင်းက မနှစ်ကလို မဟုတ်ဘဲ အပြောင်းအလဲ ရှိလာနိုင်ပါတယ် ။ ”

” အဆင့်လေး နေရာကတော့ သေချာပေါက် ပြောင်းလဲ နိုင်ပါတယ် ။ ချဲလ်ဆီး အသင်းမှာ လမ်းပတ်လို တော်တဲ့ နည်းပြ တစ်ဦး ရှိနေပေမယ့် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး ။ လမ်းပတ်က အခုမှ တက်သစ်စ နည်းပြ တစ်ဦးပါ ။ ဆိုးလ်ရှ ားလည်း ဒီလိုပါပဲ ၊ ရောက်ခါစက ရလဒ်ကောင်းပေမယ့် နောက်ပိုင်း ကစားသမားတွေရဲ့ တည်ငြိမ်မှု ပျက်ပြား သွားပါတယ် ။ ”

” အာဆင်နယ် နည်းပြ အမ်မရီ ကတော့ သူတို့ထက် အတွေ့အကြံု ပိုများတဲ့ နည်းပြ တစ်ဦးပါ ။ ချဲလ်ဆီး အသင်းကလည်း ကစားသမား တစ်ဦး ၊ နှစ်ဦးလောက် ဆုံးရှုံးထားရပါတယ် ။ ယူနိုက်တက် ဘက်ကိုကြည့်ရင်လည်း သူတို့ ရင်ဆိုင်နေရတဲ့ ဖိအားတွေက အကြီးကြီးပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR