ပရီးမီးယားလိဂ္ရဲ႕ ေႏြရာသီ ကစားသမား ေခၚယူခြင့္ ေစ်းကြက္ဟာျကာသပေတးေန႔ ညမွာ တရားဝင္ပိတ္သိမ္းသြားေတာ့ မွာ လည္း ျဖစ္ပါတယ္။ ဒါေျကာင့္ လည္း ထူးထူးျခားျခားအေျပာင္း အေရႊ႕ အခ်ိဳ႕ ကို ေစ်းကြက္မပိသိမ္းမီ မွာျမင္ေတြ႔သြားရဖြယ္ရွိေနတာျဖစိပါတယ္။

လတ္တေလာ ေစ်းကြက္ အတြင္း ထြက္ေနခဲ႔တဲ႕ ထူးထူးျခားျခား ေကာလာဟလတခုအျဖစ္ေတာ့ ခ်ဲဆီးလ္အသင္းရဲ႕ ေနာက္ခံလူ ေဒးဗစ္လုဇ္ တေယာက္ျမိဳ႔ခံျပိဳင္ဘက္အာဆင္နယ္ အသင္းကိုေျပာင္းေရႊ႕ဖို႔ သူ႔အသင္းရဲ႕ ေလက်င့္ခန္းအစီအစဥ္ေတြကိုေတာင္ ပ်က္ကြက္ထားခဲ႔တယ္လို႔ သိရပါတယ္။

ဒီဘရာဇီးလ္သား ဟာေမလအတြင္းကမွ ၂ႏွစ္ စာခ်ဳပ္သက္တမ္းတိုး ထားခဲ႔တာျဖစ္ျပီး ခ်ဲဆီးလ္အသင္း ဘက္က အသက္ ၃၀ ေက်ာ္ေနတဲ႔ ကစားသမားေတြကိုတႏွစ္ခ်င္းစီးစာ သက္တမ္းတိုးေပးေလ့ရွိတဲ႔ အခ်က္ကို ေဖာက္ဖ်က္ေပးထားခဲ႔တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အခုေႏြရာသီ ေစ်းကြက္ ပိတ္သိမ္းခ်ိန္ေရာက္ဖို႕ ေနာက္ဆံုး၂၄နာရီအတြင္းမွာပဲ ေဒးဗစ္လုဇ္က အသင္းေျပာင္းဖို႔ တာဆူေနတာျဖစ္ပါတယ္။လုဇ္ဟာ နည္းျပသစ္ လမ္းပတ္လက္ထက္ မွာ ဇူးမား + ခရစ္တန္ဆန္ အတြဲ ရဲ႕ေနာက္မွာသာပြဲထြက္ခြင့္ရေနျပီး ရူဒီီဂါ ျကံ့ခိုင္မွဳျပန္ေကာင္းလာပါက စတုတၲဦးစားေပးေနရာသာရဖြယ္ရွိေနတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း PSG မွာ ကာလတို လက္တြဲခဲ႔ဖူးတဲ႕ အမ္မရီနဲ႔ ျပန္ျပီးပူးေပါင္းခြင့္ ရဖို႔ကို လုဇ္က ဆႏၵရွိေနပံုရတာျဖစ္ပါတယ္။ျပီးခဲ႔တဲ႔ ရာသီ ယူရိုပါလိဂ္ဖိုင္နယ္ ပြဲမတိုင္မီ အင္တာဗ်ဴးတခုမွာလုဇ္က – ” အမ္မီရီဟာ အာဆင္နယ္ အသင္းကို အေတြးအေခၚသစ္ေတြနဲ႕ တည္ေဆာက္ေနျပီး ၊ ပရိသတ္ေတြရဲ႕ ယံုျကည္မွဳရဖို႕ ျကိုးစားေနပါတယ္။

က်ြန္ေတာ္ဟာ သူ႔လက္ေအာက္မွာ ေခတၲ အလုပ္လုပ္ခြင့္ရခဲ႔ဖူးပါတယ္။သူဟာျကီးက်ယ္တဲ႔ နည္းျပေကာင္းတေယာက္လူေကာင္းတေယာက္ျဖစ္ပါတယ္။သူဟာအလုပ္ကို စိတ္ပါျပီး ခ်စ္ျမတ္ႏိုးသူျဖစ္ပါတယ္။သူဟာ လူငယ္ အမ်ားအျပားနဲ႔လည္း အလုပ္တြဲလုပ္ခြင့္ ရေနတာျဖစ္ျပီး အားလံုးကလည္း သူ႔ရဲ႕ အေတြးအေခၚကို နားလည္လက္ခံျကပါတယ္ ” လို႔ေျပာသြားခဲ႔ဖူးတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သူ ကိုစီရယ္နီဟာ ေဘာ္ဒိုး အသင္းကို ေျပာင္းေရႊ႕သြားခဲ႔ျပီျဖစ္လို႔ ဝါရင့္ ဗဟိုခံစစ္မွဴးတဦးကို အမ္မရီက ျပန္လည္ရွာေဖြေနတာျဖစ္ပါတယ္။အေျကာင္းနဲ႔ပတ္သက္ျပီး အမ္မရီက –

” က်ြန္ေတာ္တို႔ကို ကူညီႏိုင္စြမ္းရွိတဲ႔ ဗဟိုခံစစ္မွဴး တဦးကို ေစ်းကြက္ေနာက္ဆံုးေန႔မွာ ေခၚလို႔ရရင္ ေခၚသြားမွာျဖစ္ပါတယ္။ဒီလိုသာဆိုရင္ က်ြန္ေတာ္တို႔ အသင္းဟာ တိုက္စစ္နဲ႔ခံစစ္ ကစားသမားေတြ မ်ွေျခရွိသြားမွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

Unicode

အူနိုင်းအမ်မရီကို ချီးကျူးပြောဆိုထားခဲ့ဖူးတဲ့ ချဲဆီးလ်အသင်းနဲ့အနာဂတ်မတည်မငြိမ်ဖြစ်နေသူ #ဒေးဗစ်လုဇ်
==================================

ပရီးမီးယားလိဂ်ရဲ့ နွေရာသီ ကစားသမား ခေါ်ယူခွင့် စျေးကွက်ဟာကြာသပတေးနေ့ ညမှာ တရားဝင်ပိတ်သိမ်းသွားတော့ မှာ လည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း ထူးထူးခြားခြား
အပြောင်း အရွှေ့ အချို့ ကို စျေးကွက်မပိသိမ်းမီ မှာမြင်တွေ့သွားရဖွယ်ရှိနေတာဖြစိပါတယ်။

လတ်တလော စျေးကွက် အတွင်း ထွက်နေခဲ့တဲ့ ထူးထူးခြားခြား ကောလာဟလတခုအဖြစ်တော့ ချဲဆီးလ်အသင်းရဲ့ နောက်ခံလူ ဒေးဗစ်လုဇ် တယောက်မြို့ခံပြိုင်ဘက်အာဆင်နယ် အသင်းကိုပြောင်းရွှေ့ဖို့ သူ့အသင်းရဲ့ လေကျင့်ခန်းအစီအစဉ်တွေကိုတောင် ပျက်ကွက်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီဘရာဇီးလ်သား ဟာမေလအတွင်းကမှ ၂နှစ် စာချုပ်သက်တမ်းတိုး ထားခဲ့တာဖြစ်ပြီး ချဲဆီးလ်အသင်း ဘက်က အသက် ၃၀ ကျော်နေတဲ့ ကစားသမားတွေကိုတနှစ်ချင်းစီးစာ သက်တမ်းတိုးပေးလေ့ရှိတဲ့ အချက်ကို ဖောက်ဖျက်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုနွေရာသီ စျေးကွက် ပိတ်သိမ်းချိန်ရောက်ဖို့ နောက်ဆုံး၂၄နာရီအတွင်းမှာပဲ ဒေးဗစ်လုဇ်က အသင်းပြောင်းဖို့ တာဆူနေတာဖြစ်ပါတယ်။လုဇ်ဟာ နည်းပြသစ် လမ်းပတ်လက်ထက် မှာ ဇူးမား + ခရစ်တန်ဆန် အတွဲ ရဲ့နောက်မှာသာပွဲထွက်ခွင့်ရနေပြီး ရူဒီီဂါ ကြံ့ခိုင်မှုပြန်ကောင်းလာပါက စတုတ္တဦးစားပေးနေရာသာရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် လည်း PSG မှာ ကာလတို လက်တွဲခဲ့ဖူးတဲ့ အမ်မရီနဲ့ ပြန်ပြီးပူးပေါင်းခွင့် ရဖို့ကို လုဇ်က ဆန္ဒရှိနေပုံရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီ ယူရိုပါလိဂ်ဖိုင်နယ် ပွဲမတိုင်မီ အင်တာဗျူးတခုမှာလုဇ်က – ” အမ်မီရီဟာ အာဆင်နယ် အသင်းကို အတွေးအခေါ်သစ်တွေနဲ့ တည်ဆောက်နေပြီး ၊ ပရိသတ်တွေရဲ့ ယုံကြည်မှုရဖို့ ကြိုးစားနေပါတယ်။

ကျွန်တော်ဟာ သူ့လက်အောက်မှာ ခေတ္တ အလုပ်လုပ်ခွင့်ရခဲ့ဖူးပါတယ်။သူဟာကြီးကျယ်တဲ့ နည်းပြကောင်းတယောက်လူကောင်းတယောက်ဖြစ်ပါတယ်။သူဟာအလုပ်ကို စိတ်ပါပြီး ချစ်မြတ်နိုးသူဖြစ်ပါတယ်။သူဟာ လူငယ် အများအပြားနဲ့လည်း အလုပ်တွဲလုပ်ခွင့် ရနေတာဖြစ်ပြီး အားလုံးကလည်း သူ့ရဲ့ အတွေးအခေါ်ကို နားလည်လက်ခံကြပါတယ် ” လို့ပြောသွားခဲ့ဖူးတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ကိုစီရယ်နီဟာ ဘော်ဒိုး အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်လို့ ဝါရင့် ဗဟိုခံစစ်မှူးတဦးကို အမ်မရီက ပြန်လည်ရှာဖွေနေတာဖြစ်ပါတယ်။အကြောင်းနဲ့ပတ်သက်ပြီး အမ်မရီက –

” ကျွန်တော်တို့ကို ကူညီနိုင်စွမ်းရှိတဲ့ ဗဟိုခံစစ်မှူး တဦးကို စျေးကွက်နောက်ဆုံးနေ့မှာ ခေါ်လို့ရရင် ခေါ်သွားမှာဖြစ်ပါတယ်။ဒီလိုသာဆိုရင် ကျွန်တော်တို့ အသင်းဟာ တိုက်စစ်နဲ့ခံစစ် ကစားသမားတွေ မျှခြေရှိသွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။