ဥရုေဂြး သားျကီး ဒီေယဂို ေဖာ္လန္ ဟာ ကစားသမားဘဝတေလ်ွာက္ အေအာင္ျမင္ဆံုး အခိုက္အတန္႔ အပိုင္း အျခားေတြကို ေအတီကို အသင္းနဲ႔ အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းထားခဲ႔ ေပမယ့္ အသင္းပရိသတ္ေတြရဲ႕ အျမင္ မွာေတာ့ သူက အိုင္ကြန္ ကစားသမားတဦး မဟုတ္ေလာက္ဘူးလို႕ ခံစားေနရပံုပါပဲ။

ကစားသမား ဘဝမွာ ယူႏိုက္တက္ ၊ဗီလာရီးရဲလ္ ၊ အင္တာမီလန္ အစရွိတဲ႔ဥေရာပ ထိပ္သီး အသင္းေတြ မွာလည္းကစားခဲ႔ဖူးတဲ႔ေဖာ္လန္ဟာ ေဘာလံုးကစားျခင္းကေန အနားယူျပီျဖစ္ေျကာင္း ယမန္ေန႔ ကေျကျငာခဲ႔ပါတယ္။သူဟာ ပေရာဖက္ရွင္နယ္ေလာကမွာ စုစုေပါင္း ၂၂ ႏွစ္ျကာ ျဖတ္သန္းခဲ႔တာျဖစ္ျပီး အနားယူခ်ိန္မွာေတာ့ အသက္ ၄၀အရြယ္ရွိေနျပီ လည္းျဖစ္ပါတယ္။

ေဖာ္လန္ဟာ ကစားသမား ဘဝကေနအနားမယူမီမွာ အိႏၵိယ ကလပ္ မြန္ဘိုင္းစီးတီး အသင္း နဲ႔ ေဟာင္ေကာင္ကလပ္ကစ္ခ်ီး အသင္းေတြ မွာ ကစားခဲ႔ေသးတာျဖစ္ပါတယ္။အခုလို ဆံုးျဖတ္ခ်က္ခ်ဖို႔ ကို အရင္ကတည္းက ေတြးထားခဲ႔ဖူးေပမယ့္ ေနာက္ဆံုးမွာေတာ့ ခက္ခက္ခဲခဲဆံုးျဖတ္လိုက္ရတာျဖစ္တယ္လို႔ ေဖာ္လန္ က ဝန္ခံသြားခဲ႔ပါတယ္။

MARCA သတင္းေထာက္ ဟြမ္ကတ္စ္ထရို နဲ႔ အင္တာဗ်ဴး မွာ ေဖာ္လန္က- ” က်ြန္ေတာ္ဟာ ဒီလို ဆံုးျဖတ္ဖို႔ကို အျပန္အျပန္ အလွန္လွန္သံုးသပ္စဥ္းစားေနခဲ႔တာျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့ အခုလို ဆံုးျဖတ္ခ်က္တခုကို လုပ္လိုက္ရတာျဖစ္ပါတယ္။

က်ြန္ေတာ္ဟာ ေဘာလံုး ဆက္ကစားဖို႕ ကမ္းလွမ္း မွဳကို ရရွိခဲ႔ပါတယ္။ဒါေပမယ့္ အမွန္အတိုင္းေျပာရရင္ အဲ႔ဒီကမ္းလွမ္း မွဳဟာ က်ြန္ေတာ့္ စိတ္ကို လွံဳ႔ေဆာ္မွဳ မျဖစ္ေစခဲ႕ပါဘူး။က်ြန္ေတာ္ကေတာ့ မိသားစုအတြက္ အခ်ိန္ေပးအနားယူျပီးသူတို႔ နဲ႕ ပဲ အခ်ိန္ကုန္သြားခ်င္ပါေတာ့တယ္ ” လို႔ေျပာျပသြားခဲ႔တာျဖစ္ပါတယ္။

ေဖာ္လန္ ဟာ ယူႏိုက္တက္ အသင္းမွာ၃ ရာသီျဖတ္သန္းခဲ႕ေပမယ့္ ေျခစြမ္းျပသႏိုင္ျခင္း မရွိခဲ႔လို႔ စပိန္ေျမကိုေျပာင္းေရႊ႕ခဲ႔ရတာျဖစ္ပါတယ္။ဗီလာရီးရဲယ္ အသင္း မွာ ေျခစြမ္းျပသေနခဲ႔တဲ႔ သူ႕ကို ေအတီကို အသင္းကေခၚယူခဲ႔တာျဖစ္ျပီးသူကလည္း လာလီဂါ ၁၃၄ ပြဲကစား ၇၄ ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။

GALA FIFA THE BEST FIFA FOOTBALL AWARDS

ဒါေပမယ့္ ေအတီကို သမိုင္းတေလ်ွာက္ ပရိသတ္အားေပးမွဳအခံရဆံုး ကစားသမားေတြ ထဲမွာေတာ့ သူမပါဝင္ဘူးလို႔ေဖာ္လန္က ယူဆေနတာျဖစ္ပါတယ္။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ေဖာ္လန္က- ” က်ြန္ေတာ္ဟာ ေအတီကို အသင္းရဲ႕ အိုင္ကြန္ တဦးလို မခံစားရပါဘူး။

က်ြန္ေတာ္ဟာ က်ြန္ေတာ္ ကစားခဲ႔ဖူးတဲ႔အသင္းတိုင္း ရဲ႕ ပရိသတ္ေတြ အလြန္အမင္း ခ်စ္ခင္အားေပးမွဳကို ခံရသူျဖစ္ပါတယ္။ဗီလာရီးရဲလ္ နဲ႔ ေအတီကို ပရိသတ္ေတြဟာ က်ြန္ေတာ့္အေပၚ ခ်စ္ျဖင္းေမတၲာေတြ အမ်ားျကီးျပသခဲ႔ျကပါတယ္။ဒါ့အျပင္ ျပိဳင္ဘက္ပရိသတ္ ေတြကက်ြန္ေတာ့္ အေပၚ ျပသခဲ့တဲ့ ေလးစားမွဳ နဲ႔ ခ်ီးက်ဴးဂုဏ္ျပဳမွဳေတြကိုလည္းက်ြန္ေတာ္ ေက်နပ္မိပါတယ္ ” လို႔ေျပာျပသြားခဲ႔တာျဖစ္ပါတယ္။

Unicode

မိမိကိုယ်ကိုယ် အေတီကို အသင်းရဲ့ အိုက်ကွန်တယောက်လို့ မခံစားရပါဘူးလို့ဆိုလာတဲ့ #ဒီယေဂိုဖော်လန်
==================================

ဥရုဂွေး သားကြီး ဒီယေဂို ဖော်လန် ဟာ ကစားသမားဘဝတလျှောက် အအောင်မြင်ဆုံး အခိုက်အတန့် အပိုင်း အခြားတွေကို အေတီကို အသင်းနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းထား
ခဲ့ ပေမယ့် အသင်းပရိသတ်တွေရဲ့ အမြင် မှာတော့ သူက အိုင်ကွန် ကစားသမားတဦး မဟုတ်လောက်ဘူးလို့ ခံစားနေရပုံပါပဲ။

ကစားသမား ဘဝမှာ ယူနိုက်တက် ၊ဗီလာရီးရဲလ် ၊ အင်တာမီလန် အစရှိတဲ့ဥရောပ ထိပ်သီး အသင်းတွေ မှာလည်းကစားခဲ့ဖူးတဲ့ဖော်လန်ဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီဖြစ်ကြောင်း ယမန်နေ့ ကကြေငြာခဲ့ပါတယ်။သူဟာ ပရောဖက်ရှင်နယ်လောကမှာ စုစုပေါင်း ၂၂ နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပြီး အနားယူချိန်မှာတော့ အသက် ၄၀အရွယ်ရှိနေပြီ လည်းဖြစ်ပါတယ်။

ဖော်လန်ဟာ ကစားသမား ဘဝကနေအနားမယူမီမှာ အိန္ဒိယ ကလပ် မွန်ဘိုင်းစီးတီး အသင်း နဲ့ ဟောင်ကောင်ကလပ်ကစ်ချီး အသင်းတွေ မှာ ကစားခဲ့သေးတာဖြစ်ပါတယ်။အခုလို ဆုံးဖြတ်ချက်ချဖို့ ကို အရင်ကတည်းက တွေးထားခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ဖော်လန် က ဝန်ခံသွားခဲ့ပါတယ်။

MARCA သတင်းထောက် ဟွမ်ကတ်စ်ထရို နဲ့ အင်တာဗျူး မှာ ဖော်လန်က- ” ကျွန်တော်ဟာ ဒီလို ဆုံးဖြတ်ဖို့ကို အပြန်အပြန် အလှန်လှန်သုံးသပ်စဉ်းစားနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အခုလို ဆုံးဖြတ်ချက်တခုကို လုပ်လိုက်ရတာဖြစ်ပါတယ်။

ကျွန်တော်ဟာ ဘောလုံး ဆက်ကစားဖို့ ကမ်းလှမ်း မှုကို ရရှိခဲ့ပါတယ်။ဒါပေမယ့် အမှန်အတိုင်းပြောရရင် အဲ့ဒီကမ်းလှမ်း မှုဟာ ကျွန်တော့် စိတ်ကို လှုံ့ဆော်မှု မဖြစ်စေခဲ့ပါဘူး။ကျွန်တော်ကတော့ မိသားစုအတွက် အချိန်ပေးအနားယူပြီးသူတို့ နဲ့ ပဲ အချိန်ကုန်သွားချင်ပါတော့တယ် ” လို့ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဖော်လန် ဟာ ယူနိုက်တက် အသင်းမှာ၃ ရာသီဖြတ်သန်းခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့လို့ စပိန်မြေကိုပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ဗီလာရီးရဲယ် အသင်း မှာ ခြေစွမ်းပြသနေခဲ့တဲ့ သူ့ကို အေတီကို အသင်းကခေါ်ယူခဲ့တာဖြစ်ပြီးသူကလည်း လာလီဂါ ၁၃၄ ပွဲကစား ရ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အေတီကို သမိုင်းတလျှောက် ပရိသတ်အားပေးမှုအခံရဆုံး ကစားသမားတွေ ထဲမှာတော့ သူမပါဝင်ဘူးလို့ဖော်လန်က ယူဆနေတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖော်လန်က- ” ကျွန်တော်ဟာ အေတီကို အသင်းရဲ့ အိုင်ကွန် တဦးလို မခံစားရပါဘူး။

ကျွန်တော်ဟာ ကျွန်တော် ကစားခဲ့ဖူးတဲ့အသင်းတိုင်း ရဲ့ ပရိသတ်တွေ အလွန်အမင်း ချစ်ခင်အားပေးမှုကို ခံရသူဖြစ်ပါတယ်။ဗီလာရီးရဲလ် နဲ့ အေတီကို ပရိသတ်တွေဟာ ကျွန်တော့်အပေါ် ချစ်ဖြင်းမေတ္တာတွေ အများကြီးပြသခဲ့ကြပါတယ်။ဒါ့အပြင် ပြိုင်ဘက်ပရိသတ် တွေကကျွန်တော့် အပေါ် ပြသခဲ့တဲ့ လေးစားမှု နဲ့ ချီးကျူးဂုဏ်ပြုမှုတွေကိုလည်းကျွန်တော် ကျေနပ်မိပါတယ် ” လို့ပြောပြသွားခဲ့တာဖြစ်ပါတယ်။