စပိန္ နာမည္ျကီး ရီးရဲလ္ အသင္းဟာ ျပီးခဲ႔တဲ႔ရာသီ မွာ နည္းျပ အေျပာင္း အလဲ ၃ျကိမ္အထိ ျပဳလုပ္ထားခဲ႔ေပမယ့္ ျပိဳင္ပြဲစံုမွာ အေျခအေနဆိုးရြားခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္လည္း သူတို႔ကို ေအာင္ျမင္မွဳေတြ ရယူေပးထားႏိုင္ခဲ႔ဖူးတဲ့ နည္းျပျကီး ဇီဒန္းကို ျပန္လည္တာဝန္ေပးထားခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ ဇီဒန္း ရဲ႕ ဘာေနဗ်ဴး တေက်ာ့ျပန္ ခရီးကလည္းထင္သေလာက္အဆင္ေျပေခ်ာေမြ႕ မယ့္ပံုမွာ ရွိမေနပဲ အခက္အခဲေတြ ေမ်ွာ္လင့္ခ်က္ေတြကေစာင့္ျကိုေနတာျဖစ္ပါတယ္။ဒါ့အျပင္ ရာသီျကို ပြဲစဥ္ေတြ မွာရလဒ္ဆိုးေတြ ျကံုေတြ႔ေနခဲ႔ရတာေျကာင့္ လည္း ဖိအားေတြ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ရီးရဲလ္ အသင္းဟာ ေႏြရာသီ ေစ်းကြက္ အတြင္း မွာ ယူရို သန္း ၃၀၀ ေက်ာ္သံုးစြဲျပီး ကစားသမား သစ္ေတြ ေခၚယူအားျဖည့္ ထားခဲ႔ေပမယ့္ ရာသီျကို ပထမဆံုး၄ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနခဲ႕ရတာျဖစ္ပါတယ္။ဒါေပမယ့္ Audi Cup တတိယေနရာလုပြဲစဥ္ အျဖစ္ ဖီိနာဘာခ်ီ အသင္းနဲ႔ ကစားခဲ႔တဲ႔ ပြဲမွာ ႏိုင္ပြဲစတင္ရရွိခဲ႔တာျဖစ္ပါတယ္။

ဒါ့အျပင္ ယမန္ေန႔ ညမွာ ကစားခဲ႔တဲ႔ ေျခစမ္းပြဲမွာလည္း ဆဲလ္ဘာ့ခ်္ အသင္းကို၁-၀ ဂိုးနဲ႕ အႏိုင္ရခဲ႔သလို ကြင္းလယ္တိုက္စစ္ကစားသမား သစ္ ဟာဇက္ ကလည္း သူ႔ရဲ႕ ရီးရဲလ္ကစားသမားဘဝ အဖြင့္ဂိုး သြင္းယူလိုက္ႏိုင္ ခဲ႔လို႕ ဇီဒန္း တေယာက္ အနည္းငယ္ အသက္ရွဳ ေခ်ာင္သြားခဲ႔ရတာျဖစ္ပါတယ္။

ရီးရဲလ္ အသင္းဟာ ICC ဖိတ္ေခၚဖလားပြဲစဥ္အျဖစ္ ေအတီကို အသင္းကို ၇-၃ ဂိုးနဲ႕ အရွက္တကြဲ အေရးနိမ့္ခဲ႔ရအျပီး ေနာက္ပိုင္း ပြဲေတြ မွွာေျခစြမ္းေကာ၊ ရလဒ္ပိုင္း ပါ အနည္းငယ္ တိုးတက္ လာေနခဲ႔တာ လည္းျဖစ္ပါတယ္။ဇီဒန္းကေတာ့ယွဥ္ျပိဳင္တိုက္ပြဲဝင္သြားရမယ္လို႔ ဆိုပါတယ္။

Real TV နဲ႔ အင္တာဗ်ဴး မွာ ဇီဒန္းက- ” ဒီရာသီ မွာ က်ြန္ေတာ္တို႔ အလိုရွိတာကေတာ့ ယွဥ္ျပိဳင္တိုက္ပြဲဝင္သြားဖို႔ ျဖစ္ပါတယ္။ဒီလမ္းေျကာင္းေပၚကေန ေသြဖယ္ေနလို႕ မျဖစ္ပါဘူူး။ယွဥ္ျပိဳင္သြားႏိုင္ရင္ ေကာင္းမြန္တဲ႔ အရာေတြကို လုပ္ေဆာင္ သြားႏိုင္မွာျဖစ္ပါတယ္။

အခုဆိုရင္ လာလီဂါ ရာသီသစ္စတင္ဖို႔ တပြဲ ေလာက္ပဲ လိုပါေတာ့တယ္။က်ြန္ေတာ္တို႕ ရဲ႕ ေျခစြမ္းဟာ တရက္ျပီးတရက္ပိုေကာင္းလာေနပါတယ္။ဒီ ေန႔ ပြဲစဥ္ရဲ႕ ေျခစြမ္းက ဒါကို အတည္ျပဳလုိက္သလိုပါပဲ ” လို႕ေျပာခဲ႔ပါတယ္။

ဒဏ္ရာျပသနာေတြရွိေနခဲ႔တဲ႔အီဒါမီလီေတာ္၊ ေက့စ္မီယို တို႔ဟာ ဆဲလ္ဘာ့ခ်္ နဲ႕ ပြဲစဥ္ မွာ ျပန္လာပါဝင္သြားခဲ႔ျကပါတယ္။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ဇီဒန္းက –

” အဆံုးသတ္ မွာနည္းျပ ျဖစ္သူအလိုရွိတာ က အသင္းသားေတြ အကုန္လံုး ပြဲေတြ ပါဝင္ ကစားႏိုင္ဖို႕ျဖစ္ပါတယ္။အခ်ိဳ႔ကစားသမား ေတြကေတာ့ ပြဲတပြဲေလာက္ ကစားခြင့္ရဖို႔ လုိအပ္ေနခဲ႔ျကတာျဖစ္ပါတယ္။

ဒီေန႔ ပြဲမွာ ပါဝင္ခဲ႔ျကသူတိုင္းရဲ႕ျကိုးစားအား ထုတ္မွဳကုိ အသိအမွတ္ျပဳေလးစားပါတယ္။ဒီလိုခက္ခဲတဲ႔ျပိဳင္ဘက္ အသင္း နဲ႔ ကစားရတာဟာ လြယ္ကူတဲ႔ ပြဲမ်ိဳးေတာ့မဟုတ္ပါဘူး။ဒါေပမယ့္ က်ြန္ေတာ္တို႔ အသင္းဟာ ျပင္းျပတဲ႔ အားထုတ္မွဳေတြနဲ႔ ျကိုးစားကစားသြားခဲ႔ျကပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

Unicode

ရီးရဲလ်အသင်း ဒီရာသီမှာ မဖြစ်မနေ ဘာလုပ်သွားရမယ်ဆိုတာပြောပြလိုက်တဲ့ #ဇီဒန်း
================================

စပိန် နာမည်ကြီး ရီးရဲလ် အသင်းဟာ ပြီးခဲ့တဲ့ရာသီ မှာ နည်းပြ အပြောင်း အလဲ ၃ကြိမ်အထိ ပြုလုပ်ထားခဲ့ပေမယ့် ပြိုင်ပွဲစုံမှာ အခြေအနေဆိုးရွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း သူတို့ကို အောင်မြင်မှုတွေ ရယူပေးထားနိုင်ခဲ့ဖူးတဲ့ နည်းပြကြီး ဇီဒန်းကို ပြန်လည်တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဇီဒန်း ရဲ့ ဘာနေဗျူး တကျော့ပြန် ခရီးကလည်းထင်သလောက်အဆင်ပြေချောမွေ့ မယ့်ပုံမှာ ရှိမနေပဲ အခက်အခဲတွေ မျှော်လင့်ချက်တွေကစောင့်ကြိုနေတာဖြစ်ပါတယ်။ဒါ့အပြင် ရာသီကြို ပွဲစဉ်တွေ မှာရလဒ်ဆိုးတွေ ကြုံတွေ့နေခဲ့ရတာကြောင့် လည်း ဖိအားတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ရီးရဲလ် အသင်းဟာ နွေရာသီ စျေးကွက် အတွင်း မှာ ယူရို သန်း ၃၀၀ ကျော်သုံးစွဲပြီး ကစားသမား သစ်တွေ ခေါ်ယူအားဖြည့် ထားခဲ့ပေမယ့် ရာသီကြို ပထမဆုံး၄ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် Audi Cup တတိယနေရာလုပွဲစဉ် အဖြစ် ဖီိနာဘာချီ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ နိုင်ပွဲစတင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယမန်နေ့ ညမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဆဲလ်ဘာ့ချ် အသင်းကို၁-၀ ဂိုးနဲ့ အနိုင်ရခဲ့သလို ကွင်းလယ်တိုက်စစ်ကစားသမား သစ် ဟာဇက် ကလည်း သူ့ရဲ့ ရီးရဲလ်ကစားသမားဘဝ အဖွင့်ဂိုး သွင်းယူလိုက်နိုင် ခဲ့လို့ ဇီဒန်း တယောက် အနည်းငယ် အသက်ရှု ချောင်သွားခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ် အသင်းဟာ ICC ဖိတ်ခေါ်ဖလားပွဲစဉ်အဖြစ် အေတီကို အသင်းကို ရ-၃ ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရအပြီး နောက်ပိုင်း ပွဲတွေ မှှာခြေစွမ်းကော၊ ရလဒ်ပိုင်း ပါ အနည်းငယ် တိုးတက် လာနေခဲ့တာ လည်းဖြစ်ပါတယ်။ဇီဒန်းကတော့ယှဉ်ပြိုင်တိုက်ပွဲဝင်သွားရမယ်လို့ ဆိုပါတယ်။

Real TV နဲ့ အင်တာဗျူး မှာ ဇီဒန်းက- ” ဒီရာသီ မှာ ကျွန်တော်တို့ အလိုရှိတာကတော့ ယှဉ်ပြိုင်တိုက်ပွဲဝင်သွားဖို့ ဖြစ်ပါတယ်။ဒီလမ်းကြောင်းပေါ်ကနေ သွေဖယ်နေလို့ မဖြစ်ပါဘူူး။ယှဉ်ပြိုင်သွားနိုင်ရင် ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင် သွားနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် လာလီဂါ ရာသီသစ်စတင်ဖို့ တပွဲ လောက်ပဲ လိုပါတော့တယ်။ကျွန်တော်တို့ ရဲ့ ခြေစွမ်းဟာ တရက်ပြီးတရက်ပိုကောင်းလာနေပါတယ်။ဒီ နေ့ ပွဲစဉ်ရဲ့ ခြေစွမ်းက ဒါကို အတည်ပြုလိုက်သလိုပါပဲ ” လို့ပြောခဲ့ပါတယ်။

ဒဏ်ရာပြသနာတွေရှိနေခဲ့တဲ့အီဒါမီလီတော်၊ ကေ့စ်မီယို တို့ဟာ ဆဲလ်ဘာ့ချ် နဲ့ ပွဲစဉ် မှာ ပြန်လာပါဝင်သွားခဲ့ကြပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇီဒန်းက –

” အဆုံးသတ် မှာနည်းပြ ဖြစ်သူအလိုရှိတာ က အသင်းသားတွေ အကုန်လုံး ပွဲတွေ ပါဝင် ကစားနိုင်ဖို့ဖြစ်ပါတယ်။အချို့ကစားသမား တွေကတော့ ပွဲတပွဲလောက် ကစားခွင့်ရဖို့ လိုအပ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ ပွဲမှာ ပါဝင်ခဲ့ကြသူတိုင်းရဲ့ကြိုးစားအား ထုတ်မှုကို အသိအမှတ်ပြုလေးစားပါတယ်။ဒီလိုခက်ခဲတဲ့ပြိုင်ဘက် အသင်း နဲ့ ကစားရတာဟာ လွယ်ကူတဲ့ ပွဲမျိုးတော့မဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ အသင်းဟာ ပြင်းပြတဲ့ အားထုတ်မှုတွေနဲ့ ကြိုးစားကစားသွားခဲ့ကြပါတယ် ” လို့ပြောခဲ့ပါတယ်။