SPORTS MYANMAR
Unicode
အာဆင်နယ် ကို ရောက်တော့မယ်လို့ သတင်းကြီးနေတဲ့ တီယာနေး ရဲ့ ခြေစွမ်းအပေါ် မှတ်ချက်ပေးလိုက်တဲ့ #ဆဲလ်တစ် ဂန္တဝင် ဂျွန်ဟန်ဆန်
============================
အာဆင်နယ် အသင်းဟာ ဆဲလ်တစ် အသင်း ဘယ်နောက်ခံလူ ကီရန် တီယာနေး ကို ပေါင် ၂၅ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူ နိုင်ခဲ့ပြီလို့ Sky Sports က ဖော်ပြချက် အရ သိရပါတယ် ။ တီယာနေး ဟာ ဆေးစစ်ဖို့ အတွက် လန်ဒန်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ် ။
အာဆင်နယ် အသင်းဟာ တီယာနေး ကို တစ်ပတ် လုပ်ခ ပေါင် ရ၅၀၀၀ ပေးချေ သွားမှာ ဖြစ်ပြီး ငါးနှစ် စာချူ ပ် ချူ ပ်ဆို သွားမှာလည်း ဖြစ်ပါတယ် ။ တီယာနေး ဟာ ယခု လက်ရှိ အချိန်မှာ ဒဏ်ရာ ပြဿ နာ အနည်းငယ် ရှိနေပြီး လာမယ့် နှစ်ပတ်လောက်ကျရင်တော့ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်မယ်လို့ သိရပါတယ် ။
ဆဲလ်တစ် ဂန္တဝင် ကစားသမား ဂျွန်ဟတ်ဆန် ကတော့ တီယာနေး ဟာ ခြေစွမ်းပိုင်း တစ်ဟုန်ထိုး တိုးတကက်လာတဲ့ ကစားသမားကောင်းတစ်ဦး ဖြစ်ကြောင်း နဲ့ အာဆင်နယ် အသင်းမှာ အောင်မြင်မှုတွေ ရယူ နိုင်ပါစေလို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ဆုတောင်း ပေးသွားခဲ့ပါတယ် ။
” အာဆင်နယ် အသင်းက တကယ်ကောင်းတဲ့ ကစားသမားတစ်ဦးကု် ခေါ်ယူ လိုက်နိုင်တာပါ ။ နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်း တစ်ဟုန်ထိုး တိုးတက်လာတဲ့သူပါ ။ သူ့ကစားသမား ဘဝ ရှေ့လျှောက် အောင်မြင်ပါစေ လို့ ကျနော် ဆုတောင်း ပေးပါတယ် ။ ဆဲလ်တစ်အသင်း အတွက်လည်း သိပ်ကို တာဝန် ကျေခဲ့ပါတယ် ။ ကံကောင်းပါစေကွာ ။ ” ရေးသား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၁ ဂိုး အထိ ခွင့်ပြု ထားရပြီး အဝေးကွင်း ပွဲစဉ်တွေမှာ Clean-sheet တစ်ပွဲသာ ရယူနိုင်ခဲ့တဲ့ အထိ အခြေအနေ ဆိုးရွား ခဲ့ပါတယ် ။ ဒါ့အပြင်အာဆင်နယ် အသင်းခေါင်းဆောင် နောက်ခံလူ ကေ့ာစီရယ်နီ ကလည်း အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် နည်းပြ အမ်မရီ အနေနဲ့ နောက်တန်း ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာပါ ။
ဂန်းနားတို့ဟာ စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာ ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချူ ပ်နဲ့ ခေါ်ယူထားပေမယ့်လည်း တစ်ရာသီ အငှား ပြန်ချ ပေးရမှာ ဖြစ်တာကြောင့် လာမယ့် ရာသီသစ် အာဆင်နယ် အသင်း နောက်တန်းမှာ မြင်တွေ့ ရမှာတော့ မဟုတ်ပါဘူး ။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နောက်ခံလူ ဒေးဗစ်လုဇ် ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း ၊ နှစ်နှစ် စာချူ ပ် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့လည်း သိရပါတယ် ။
စကော့တလန် နောက်ခံလူ တီယားနေး ဟာ ပြီးခဲ့တဲ့ ရာသီက ဆဲလ်တစ် အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပေးခဲ့ကာ ၁ ဂိုး သွင်း ၊ ၆ ဂိုး ဖန်တီး ပေးထားနိုင်ပါတယ် ။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ တီယာနေး ဟာ ဆဲလ်တစ် အသင်း အတွက် ပွဲပေါင်း ၁၇၀ ကျော် ကစားပေးထားပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဆဲလ်တစ် အသင်းနဲ့ အတူ တစ်ရာသီတည်း ဖလား သုံးလုံး ရယူ နိုင်ခဲ့ပါတယ် ။
SPORTS MYANMAR