တော့တင် ဟမ် ဟော့စပါး အသင်း ဟာ ယူဗင်တပ် တိုက်စစ်မှုး ပေါ်လို ဒိုင်ဘားလား အတွက် ယူရို သန်း ၇၀ ၀န်းကျင် နဲ့ သဘောတူညီ မှု ရရှိ ခဲ့ ပေမယ့် ကစား သမား ရဲ့ လုပ်ခ လစာ ၊ ပုံရိပ် အသုံးပြု ခ နဲ့ အပိုဆု ကြေး တွေ အတွက် ညှိနှိုင်း ရာမှာ တော့ အဆင် မပြေ ဖြစ် နေခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ် ။ လက်ကျန် နာရီ အတွင်း မှာ ဆက်ဆဂ်နွန် နဲ့ လိုဆယ်ဆို တို့ စပါး ကစား သမား ဖြစ်လာ ဖို့ အလွန် အခြေအနေ ကောင်း နေကြတယ် လို့ လည်း ကြားသိရ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ဘေဆယ် တိုက်စစ်မှုး အေဂျီတီ ကို ပေါင် ၈ သန်း ဖြင့် ခေါ်ယူ ပြီး ၄ နှစ် စာချုပ် ချုပ်ဆို လိုက်တယ် လို့ ကြေညာ သွားခဲ့ ပါတယ် ။

စတီဗင် ဂျရတ် ရဲ့ ရိန်းဂျားစ် အသင်း ကတော့ မန်စီးတီး လူငယ် တောင်ပံ ကစား သမားလေး ဘရန်ဒွန် ဘက်ကာ ကို ခေါ်ယူ နိုင်ဖို့ အတွက် နီးစပ် နေပြီ ဖြစ်ကာ ကစား သမား ဟာ စကော့တလန် ကို ပင်ရောက်ရှိ လာတော့မယ် လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကတော့ အပြောင်း အရွှေ့ မပိတ်ခင် မှာ နယူး ကာဆယ် ကွင်းလယ်လူ လောင်းစတပ် ကို ပေါင် သန်း ၇၀ နဲ့ ခေါ်ယူ ဖို့ လုပ်ဆောင် နေတယ် လို့ ကြားသိရ ပါတယ် ။

ဘရိုက်တန် အသင်း ကတော့ ဟတ်ဒါဖီးလ် အသင်း ရဲ့ သြစတြေးလျ ကစား သမား အာရွန် မွိုင်း ကို ခေါ်ယူ ဖို့ အတွက် လုပ်ဆောင် နေပြီလို့ ကြားသိရ ပါတယ် ။

လက်စတာ စီးတီး ကတော့ ဆမ့်ဒိုးရီးယား ကစား သမား ဒင်းနရစ် ပရက် ကို ခေါ်ယူ နိုင်ပြီ ဖြစ်ကာ ကစား သမား ဟာ လက်စတာ မှာ ဆေးစစ်မှု ပြုလုပ် နေပြီလို့ ကြားသိရ ပါတယ် ။

အဲဗာတန် အသင်း ကတော့ ခံစစ် ကို အားဖြည့် ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မားးကိုစ့် ရိုဟို ကို ချဉ်းကပ် လာခဲ့တယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ အာနက်စ်တို ဗယ်ဗာဒီ ကတော့ ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ဟို ဟာ ဒီ အပြောင်း အရွှေ့ မှာ နူးကမ့် ကို စွန့်ခွာ ဖွယ် ရှိတော့ မှာ မဟုတ်ကြောင်း အရိပ် အမြွက် ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး နဲ့ လီဗာပူး တိုက်စစ်မှုး ဟောင်း မာရီယို ဘာလိုတယ်လီ ကတော့ ဘရာဇီး ကလပ် ဖလာမင်ဂို အသင်းထံ ပြောင်းရွှေ့ ကစားဖို့ ညှိနှိုင်း ပြောဆို နေတယ် လို့ သိရှိရ ပါတယ် ခင်ဗျာ

ဗြိတိန်ရဲ့ အပြောင်းအရွှေ့ ဈေးကွက် ဟာ မြန်မာ စံတော်ချိန် ည ၁၀း၃၀ နာရီ မှာ ပိတ်သိမ်း မှာ ဖြစ်ပါတယ် ။ လက်ကျန် နာရီ အနည်းငယ် အတွင်းမှာ မြောက်မြားစွာ သော အပြောင်းအရွှေ့တွေ ဖြစ်ပေါ် လာနိုင်ချေ ရှိ တာမို့ Sports Myanmar ကို မျက်ခြေမပျက် စောင့်ကြည့် ဖို့တိုက်တွန်း နှိုးဆော် လိုက်ရပါတယ် ခင်ဗျာ . . .

SPORTS MYANMAR