အင်္ဂလိပ် အပြောင်း အရွှေ့ ဈေးကွက် ကတော့ တရားဝင် ပိတ်သိမ်း သွားခဲ့ ပြီဖြစ် ပါတယ် ။ နောက်ဆုံး နေ့ မှာ ယူနိုက်တက် တို့ တိတ်ဆိတ် နေခဲ့ ပြီး လူကာကူ ရဲ့ အင်တာ မီလန် သို့ ပြောင်းရွှေ့ မှု သာ ဖြစ်ပွားခဲ့ ပါတယ် ။ မားကိုစ့် ရိုဟို ကတော့ အဲဗာတန် ကို ပြောင်းရွှေ့ ဖို့ ပြင်ဆင် ခဲ့ ပေမယ့် အဆင် မပြေဖြစ် ပြီး ပျက်ပြယ် သွားခဲ့ ရ ပါတယ် ။ နောက်ဆုံး မှာတော့ ယူနိုက်တက် ဟာ ကစား သမား သစ် ၃ ဦး နဲ့ အပြောင်း အရွှေ့ ကို ပိတ်သိမ်း သွားခဲ့ ပါတယ်

အသင်း ပရိသတ်တွေ ကတော့ အသင်း ရဲ့ အပြောင်း အရွှေ့ လုပ်ဆောင် မှု တွေ ကို အားမရ ခဲ့ကြ ဘဲ ဆိုရှယ် မီဒီယာ တွေ ပေါ် မှာ ရေးသား ပြောဆို ခဲ့ကြ ပါတယ် ။ အထူး သဖြင့် အသင်း အမှုဆောင် ၀ုဝက်ဒ် နဲ့ ဘုတ် အဖွဲ့ ကို အပြစ်တင် ပြောဆို ခဲ့ကြပြီး ပရိသတ် တစ်ဦး ဆိုရင် ယူနိုက်တက် ဂျာစီ ကို မီးရှို့ကာ ဆိုရှယ် မီဒီယာ ပေါ် ကို တင်သွား ခဲ့ ပါတယ် ။

ယူနိုက်တက် ကစား သမား ဟောင်းတွေ ကတော့ အသင်းရဲ့ အပြောင်း အရွှေ့ အပေါ် အသီးသီး မှတ်ချက် ပြု ခဲ့ကြ ပါတယ် ။ လူးဝစ် ဆာဟာ ကတော့ ယူနိုက်တက် ဟာ အယ်ဒါ ၀ီရယ် ကို ပေါင် ၂၅ သန်း နဲ့ ရနေချိန် မှာ မခေါ် ခဲ့တဲ့ အတွက် အံ့သြ မိတယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ယူနိုက်တက် ဂန္ထ၀င် ရိုင်ယန်ဂစ် ကတော့ လူကာကူ ကို ရောင်းထုတ် ပြီး လူသစ် မ၀ယ် ခဲ့ ပေမယ့် အသင်း ရဲ့ တိုက်စစ် အင်အား ဟာ တောင့်တင်း နေတယ် လို့ ယုံကြည် ခဲ့သလို လူငယ်တွေ နေရာ ပိုရ လာမယ့် အရေး အတွက် လည်း ၀မ်းမြောက် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

တိုက်စစ်မှုး ဟောင်း ဘာဘာတော့ဗ် ကတော့ ကွင်းလယ် အဖျက် နေရာ ကို ယူနိုက်တက် တို့ အားဖြည့်ဖို့ လိုအပ် နေကြောင်း ထောက်ပြ ခဲ့ပြီး ကစား သမား သစ် ၃ ဦး ရောက်လာမှု အပေါ် အားရ မိပါတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

ဖိလစ် နဗီးလ် ကတော့ လူကာကူ ရဲ့ ကြံ့ခိုင်မှု အနေ အထား နဲ့ ကစားပုံ ဟာ ဆိုးရှား အတွက် အဆင် မပြေ ဖြစ်လာ ခဲ့တာ ကြောင့် အခုလို ရောင်းထုတ် ခဲ့တာ ဖြစ်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။ ဂယ်ရီ နဗီးလ် ကလည်း လူကာကူ ထွက်သွား မှု ကို ၀မ်းမြောက် ခဲ့ပြိး ပရော်ဖက်ရှင်နယ် မဆန် တဲ့ အပြုအမူ တွေ ကတော့ ဘယ်တော့မှ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။

ယူနိုက်တက် ကစား သမားတွေ ဟာ ရာသီသစ် အကြို နေ့လည်စာ စုဝေး စားသောက် ခဲ့ကြပြီး ဒီဂီယာ ၊ ပေါ့ဘာ တို့လည်း ပါဝင် ခဲ့ကြတယ် လို့ သိရ ပါတယ် ။ အပြောင်း အရွှေ့ ကိစ္စ တွေ လုပ်ဆောင် နေတဲ့ ရိုဟို ကတော့ ပါဝင် မလာခဲ့ဘဲ ရိုဟို နဲ့ ဒါမီယန် တို့ ဟာ ဥရောပ အပြောင်း အရွှေ့ မပိတ်သေးတာ ကြောင့် အင်္ဂလန် ပြင်ပ အသင်းတွေ ဆီ ပြောင်းရွှေ့ ခွင့် ရှိနေ ပါသေးတယ် ။

လူကာကူ ရဲ့ ပေါင် ၇၃ သန်း တန် အပြောင်း အရွှေ့ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း သမိုင်း တစ်လျောက် ၂၀၀၉ ခုနှစ် တုန်းက ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ ခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ပြီးပါက လူကာကူ ဟာ ဒုတိယ မြောက် ကြေးအများဆုံး ရရှိ ခဲ့သူ ဖြစ်လာ ခဲ့ ပါတယ် ။

ယူနိုက်တက် အမျိုးသမီး အသင်း ရဲ့ ကပ္ပတိန် အဲလက်စ် ဂရင်းဝုဒ် ဟာလည်း ပြင်သစ် ကလပ် လိုင်ယွန် အသင်းဆီ ကို ယမန်နေ့ က ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ တယ်လို့ သိရှိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် တနင်္ဂနွေ နေ့ မှာ ပရီးမီးယားလိဂ် ရာသီသစ် ရဲ့ အဖွင့်ပွဲ အဖြစ် ချဲလ်ဆီး အသင်း ကို အိမ်ကွင်း မှာ စတင် လက်ခံ ကစား ရတော့ မှာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ရဲ့ ၂၀၁၉ နွေရာသီ အပြောင်း အရွှေ့ အနှစ်ချုပ် ( စီနီယာ အသင်း ) ကတော့ –

အ၀င်
ဘစ်ဆာကာ – ပဲလေ့စ်မှ
ဒန်နီရယ် ဂျိမ်းစ် – ဆွမ်းဆိ မှ
ဟယ်ရီ မက်ဂွဲယား – လက်စတာ စီးတီးမှ

အထွက်
ဗလင်စီယာ – LDU ကွီတို ( စာချုပ်ကုန် ၊ အလွတ်ထွက် )
လူကာကူ – အင်တာ မီလန် ( ပေါင် ၇၃ သန်း )
ဟာရဲရား – PSG ( စာချုပ်ကုန် ၊ အလွတ်ထွက် ) တို့ ဖြစ်ကြပါတယ် ခင်ဗျာ ။

SPORTS MYANMAR