ဥရောပ ရဲ့ အခြား လိဂ် တွေဟာ အပြောင်း အရွှေ့ ပိတ်သိမ်း ဖို့ နောက်ထပ် ရက် သတ္တပါတ် တွေ ကျန်ရှိ နေသေး ပေမယ့် ပရီးမီးယား လိဂ်ရဲ့ ဒီနွေ အပြောင်း အရွှေ့ က ပိတ်သိမ်း သွားခဲ့ ရ ပါပြီ ။ အခုတော့ ပရီးမီးယား လိဂ် ကလပ် တွေဟာ ကစားသမားတွေ ကို ဇန်နဝါရီ လမှ ခေါ်ယူ နိုင်ကြ ပါ တော့မယ် ။

ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် ကလပ် တွေဟာ မက်ဂွားယား ၊ နီကိုလပ် ပီပီ ၊ ရိုဒရီ ၊ ယူရီ တိုင်လီမန်း ၊ တန်ဂိုင်း အန်ဒွန်ဘီလီ တို့လို တန်ကြေးမြင့် ကစားသမား တွေကို ခေါ်ယူ ခဲ့ပြီး နွေ အပြောင်း အရွှေ့ ကာလ အတွင်း ပေါင် 1.3 သန်း အထိ သုံးစွဲ ထားခဲ့ ကြ ပါတယ် ။

ဒါပေမယ့် ဒီနွေ အတွင်း ပရီးမီးယားလိဂ် ကလပ် တွေ ခေါ်ယူ လိုချင် ခဲ့ပေမယ့် ၊ ရရှိ ဖို့ နီးစပ် ခဲ့ပေမယ့် မပိုင်ဆိုင် နိုင် ခဲ့ ကြတဲ့ ကစားသမား တွေ များစွာ ရှိခဲ့ ကြပါတယ် ။ အဆိုပါ ကစားသမားတွေ ထဲမှ နာမည် ကြီးခဲ့ ကြတဲ့ ကစားသမား 5 ဦးကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ပေါ်လို ဒိုင်ဘာလား ( ယူနိုက်တက် ၊ တော့တင်ဟမ် )

ဂျူဗင်တပ် စတား ပေါ်လို ဒိုင်ဘာလား ဟာ ဒီနွေ အပြောင်း အရွှေ့ အတွင်း ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း တွေ ဆီကို ပြောင်းရွှေ့ ဖို့ အတော်လေး နီးစပ် ခဲ့ ပေမယ့် ဒီ အပြောင်း အရွှေ့ ဟာ မဖြစ်ပွား ခဲ့ရ ပါဘူး ။

အထူးသဖြင့် နည်းပြ သစ် ဆာရီ ရဲ့ လက်အောက် မှာ အာဂျင်တိုင်းသား ကစားသမား ရဲ့ အနာဂတ် ဟာ မရေရာ တဲ့ အနေအထား ကို ရောက်ရှိ ခဲ့တာ ကြောင့် ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေဟာ ဂျူဗင်တပ် အသင်း နဲ့ ကစားသမား ခေါ်ယူရေး အတွက် ညှိနှိုင်း ခဲ့ကြ ပါတယ် ။

သူတို့ တွေဟာ ဒိုင်ဘာလား အတွက် ဂျူဗင်တပ် နဲ့ သဘော တူညီမှု ရယူ နိုင်ခဲ့ ကြပေမယ့် အသင်း မပြောင်း လိုတဲ့ ကစား သမား နဲ့တော့ သဘော တူညီ မှု မရယူ နိုင်ခဲ့ ကြ ပါဘူး ။ ယူနိုက်တက်ဟာ ဒိုင်ဘာလား အတွက် လူကာကူ ကို ကစားသမား အလဲအထပ် ပေးလို ခဲ့ ပေမယ့် အေးဂျင့် ဖက်မှ တောင်းဆို တဲ့ လစာ ငွေ 350,000 ကို မပေးလို ခဲ့ ပါဘူး ။

တော့တင်ဟမ် ဟော့ စပါး အသင်း ဟာလည်း အပြောင်း အရွှေ့ နောက်ဆုံး ရက်မှာ ဒိုင်ဘာလား ကို ခေါ်ယူ ဖို့ ကြိုးစား ခဲ့ပေမယ့် သဘော တူညီ မှု မရယူ နိုင် ခဲ့တဲ့ အတွက် အပြောင်း အရွှေ့ ဟာ နီးစပ် ခဲ့ ပေမယ့် ပျက်ပြယ် ခဲ့ရ ပါတယ် ။

(2) ဘရူနို ဖာနန်ဒက်စ် ( တော့တင်ဟမ် )

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက စပို့တင်း လစ္စဘွန်း အသင်း အတွက် ဂိုး 20 သွင်းယူ ပေးနိုင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေရဲ့ အဓိက ပစ်မှတ် တစ်ဦး ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး ကို ပေါ်တူဂီ အခြေစိုက် ကလပ် မှ ပေါင် 64 သန်း အထိ အလို ရှိနေ ခဲ့ခြင်း က ပရီးမီးယား လိဂ် ကလပ် တွေ အတွက် စိတ်ပျက်ဖွယ် သတင်း ဖြစ်ခဲ့ ရပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ သတင်း တွေ များစွာ ထွက်ပေါ် ခဲ့ ပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်း ဖက်က သာ စိတ်ဝင်စား မှု ပိုမို ပြသ ခဲ့ပြီး စပို့တင်း လစ္စဘွန်း အသင်း နဲ့ ညှိနှိုင်း ခဲ့ ပါတယ် ။

ဒါပေမယ့် အဆိုပါ ဆွေးနွေးမှု ၊ ကမ်းလှမ်းမှု တွေကို စပို့တင်း ဖက်မှ ပယ်ချ ခဲ့တာ ကြောင့် ဒီ အပြောင်း အရွှေ့ ဟာ ကစား သမား ဖက်မှ အလိုရှိ နေခဲ့ ပေမယ့် တစ်ကယ်တမ်း မှာတော့ မဖြစ်မြောက် ခဲ့ရ ပါဘူး ။

(3) ဝီလ်ဖရိုက် ဇာဟာ ( အဲဗာတန် )

ဇာဟာ ကတော့ ဒီနွေ အပြောင်း အရွှေ့ အတွင်း အာဆင်နယ် အသင်း ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်ခဲ့ ပေမယ့် ပဲလေ့စ် အသင်း ဖက်မှ တောင်းဆို ခဲ့တဲ့ ပြောင်းရွှေ့ကြေး ဟာ များပြား နေခဲ့ တာကြောင့် လက်လျော့ ခဲ့ရ ပါတယ် ။

အဲဗာတန် အသင်း ဖက်က လည်း ဇာဟာ ကို ခေါ်ယူ နိုင်ဖို့ အတွက် နှစ်ကြိမ် တိုင်တိုင် ကမ်းလှမ်း ခဲ့ ပေမယ့် ပျက်ပြယ် ခဲ့ရ ပါတယ် ။ ဒုတိယ အကြိမ် ကမ်းလှမ်းမှု မှာတော့ အဲဗာတန်ဟာ ပေါင် သန်း 70 + မက္ကာသီ နဲ့ တိုဆန် တို့ကို ပေးလို ခဲ့တယ်လို့ သိရှိ ရ ပါတယ် ။

ဒါပေမယ့် ခရစ္စတယ် ပဲလေ့စ် ဟာ အဆိုပါ ကမ်းလှမ်းမှု တွေကို ငြင်းဆန် ပယ်ချ ခဲ့တာ ကြောင့် အပြောင်း အရွှေ့ ဟာ ပျက်ပြယ် ခဲ့ရ တာပဲ ဖြစ်ပါတယ် ။ ပဲလေ့စ် ဟာ နောက်ဆုံး မှာတော့ ကစားသမား အတွက် ပေါင် သန်း 100 အထိ အလို ရှိခဲ့ ပါတယ် ။

(4) ဒါယော့ အူပါမီကာနို ( အာဆင်နယ် )

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပေးဂိုး 51 ဂိုး အထိ ပေးခဲ့ ရတဲ့ နောက် အာဆင်နယ် အသင်း ရဲ့ နည်းပြ အူနိုင်း အမ်မရီ ဟာ အသင်း ရဲ့ ခံစစ် ကို ပြင်ဆင် ဖို့ အဓိက ဦးစားပေး ပစ်မှတ် အဖြစ် ထားရှိ ခဲ့ ပါတယ် ။

ဒါ့အပြင် အသင်း ခေါင်းဆောင် ကိုစီရယ်နီ ကို ဆုံးရှုံး ခဲ့ခြင်း က ခံစစ် ကို ပိုမို သတိထား ပြင်ဆင် ဖို့ ဖြစ်လာ စေခဲ့ ပါတယ် ။ ဒီ အတွက် အာဆင်နယ် ဟာ ဂျူဗင်တပ် မှ ရူဂါနီ နဲ့ RB လက်ပ်ဇစ် အသင်း မှ ဒါယော့ အူပါမီကာနို တို့ကို ပစ်မှတ် ထားခဲ့ ပါတယ် ။

ဒီအတွက် ဂန်နား တို့ဟာ ကမ်းလှမ်း မှု ပြုလုပ် ခဲ့ ပေမယ့် လက်ပ်ဇစ် အသင်း ဖက်မှ အသက် 20 သာ ရှိနေ သေးတဲ့ ခံစစ် ကစားသမား အတွက် ပေါင် သန်း 70 မှ ပေါင် သန်း 90 ထိ တောင်းဆို ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် အာဆင်နယ် တို့ သူ့ကို မခေါ်ယူ နိုင်ခဲ့ ပါဘူး ။

နောက်ဆုံး မှာတော့ ဂန်နား တို့ဟာ ဆဲလ်တစ် မှ တီယာနေး နဲ့ ချဲလ်ဆီး မှ ဒေးဗစ် လူးဝစ် တို့ကို ခေါ်ယူ အင်အား ဖြည့်တင်း နိုင်ခဲ့ ကြ ပါတယ် ။
(5) အဲရစ်ဆင် ( ယူနိုက်တက် )

အပြောင်းအရွှေ့ ရာသီ စတင်ပြီ ဆိုတာ နဲ့ အဲရစ်ဆင် ရဲ့ အနာဂတ် ဟာ သံသယ ဖြစ်ဖွယ် အနေအထား ကို ရောက်ရှိ ခဲ့ရ ပါတယ် ။ သူဟာ စာချုပ် သက်တမ်း ကုန်ဆုံး ကာနီး အနေအထား ကို ရောက်ရှိ နေတာ ကြောင့် စိန်ခေါ်မှု အသစ် တွေကို ရှာဖွေ လိုနေ ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အပြောင်း အရွှေ့ နောက်ဆုံး ရက်မှာ ဒိန်းမတ် နိုင်ငံသား ကို ခေါ်ယူ သွားဖို့ ဆွေးနွေး မှု ပြုလုပ် ခဲ့ပါ သေးတယ် ။ ဒါပေမယ့် အဲရစ်ဆင် ကို မခေါ်ယူ နိုင်ခဲ့ ပါဘူး ။ အဲရစ်ဆင် ကို ရီးယဲ မက်ဒရစ် အသင်း ကလည်း ပစ်မှတ် ထားနေ ခဲ့ပါ သေးတယ် ။

ဒါ့အပြင် အသက် 27 နှစ် အရွယ် ကစားသမား ကိုယ်တိုင် ကလည်း ယူနိုက်တက်ထက် စပိန် မြေကို ပြောင်းရွှေ့ ဖို့ ပိုမို အားသန် ခဲ့ ပါတယ် ။ ဥရောပ ရဲ့ အခြား ထိပ်သီး လိဂ် မှ ကလပ် တွေဟာ ကစားသမား သစ်တွေ ခေါ်ယူ နိုင်ခွင့် ရှိနေ သေးတာ ကြောင့် ဒီ အပြောင်း အရွှေ့ ဟာ ဖြစ်နိုင်ခြေ ရှိနေ ပါ သေးတယ် ။

#Sports_Myanmar