လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမား တဦးဖြစ်တဲ့ ဖီးလ်သွန်မ်ဆင် က သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီး ကို မန်စီးတီးအသင်းကို တေ့ဖြုတ်ပြီရယူသွားလိမ့်မယ်လို့ ဟောကိန်းထုတ်
လိုက်ပါတယ်။ဒါ့အပြင် ယူနိုက်တက်၊ အာဆင်နယ်၊ ချဲဆီးလ်နဲ့ စပါး အသင်းတွေဘယ်လိုရာသီသိမ်းမယ်ဆိုတာကိုလည်း ခန့်မှန်းပေးသွားခဲ့ပါတယ်။

လီဗာပူး အသင်းယာ ပြီးခဲ့တဲ့ ရာသီမှာရမှတ် ၉၇ မှတ် အထိရရှိခဲ့ပြီး ချန်ပီယံ မန်စီးတီး အသင်းရဲ့နောက် ရမှတ်တမှတ်အကွာနဲ့ ကပ်လွဲထားခဲ့ရတာဖြစ်ပါတယ်။ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းက ၃နှစ်ဆက် ချန်ပီယံဆုကြီးအတွက်ကြိုးစားလာမှာဖြစ်ပေမယ့်လီဗာပူး အသင်းက ပဲ အခုနှစ်ရာသီကုန်ချိန်မှာ ထိပ်ဆုံးကနေ ပန်းဝင်မှာဖြစ်တယ်လို့ သွန်မ်ဆင်က ဆိုပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ သွန်မ်ဆင်က – ” ဒီနှစ်က လီဗာပူးရဲ့ နှစ်လို့ ကျွန်တော်ယူဆပါတယ်။ပြီးခဲ့တဲ့ နှစ် ဒီအချိန်တုန်းကလည်း ကျန်တော်ဒီလို မေးခွန်း အမေးခံရပါတယ်။မန်စီးတီးအသင်းကို ကျွန်တော်ရွေးချယ်ခဲ့ပြီး လီဗာပူး အသင်းက နည်းနည်းပိုနီးစပ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

သူတို့ ယမန်နှစ်က ချန်ပီယံမဖြစ်ခဲ့ရင်ဒီနှစ်ဖြစ်လာလိမ့်မယ် ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။အခုလည်း ကျွန်တော့်စိတ်ကိုမပြောင်းသေးပါဘူး။မန်စီးတီးမှာဆိုရင်၊ဒေးဗစ်ဆေးလ်ဗား နဲ့ ဖာနန်ဒင်ဟိုတို့က
အသက် အရွယ်ရလာနေပြီး ဒဏ်ရာပြသနာတွေလည်း ရှိနေပါတယ်။ဒါကြောင့်လည်း လီဗာပူး အတွက် အခွင့်အရေး တခုဖြစ်ပါတယ်။သူတို့အနေနဲ့လိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်ပါတယ်။မန်စီးတီးအတွက်လည်း ကောင်းမွန်တဲ့ ရာသီ ဖြစ်လာနိုင်သေးလို့ ဒုတိယနေရာမှာ ရပ်တည်သွားနိုင်မယ်ထင်ပါတယ်။စပါး အသင်းက တတိယနေရာ နဲ့ ချဲဆီးလ် အသင်းက အဆင့်လေး နေရာရရှိသွားပါလိမ့်မယ် ” လို့ပြောဆိုသွားခဲ့တာ
ဖြစ်ပါတယ်။

ချဲဆီးလ်နဲ့စပါး တို့ဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ အဆင့် ၃ နဲ့ ၄ ရရှိထားခဲ့တာဖြစ်ပြီး အခုရာသီကုန်မှာတော့ ဆန့်ကျင်ဘက် အနေအထားဖြစ်သွားမယ်လို့ သွန်မ်ဆင် က ခန့်မှန်းလိုက်တာဖြစ်ပါတယ်။အာဆင်နယ် နဲ့ ယူနိုက်တက် အသင်းတွေအတွက် နောက်ထပ်စိတ်ပျက်စရာ ရာသီတခုဖြစ်လာနိုင်တယ်လို့ လည်း သူက ယူဆနေတာဖြစ်ပါတယ်။သွန်မ်ဆင်က ဆက်လက်ပြီး- ” ချဲဆီးလ်
အသင်းကို လမ်းပတ်ရောက်လာတာဟာစောလွန်းနေသေးပေမယ့် မဖြစ်မနေ လိုအပ်ခဲ့တာဖြစ်ပါတယ်။သူနဲ့ တွဲလုပ်မယ့် ကစားသမား အစုအဖွဲ့တွေလည်း အဲ့ဒီမှာရှိနေသေးတာဖြစ်ပါတယ်။

အပြောင်း အရွှေ့ပိတ်ပြစ်ဒဏ်၊ အသင်းကနေ ထွက်သွားတဲ့ ယာဇက် တို့ကြောင့် ပျက်ပြားနေတဲ့ အသင်းက သူကစုစည်းပေးထားတာဖြစ်ပါတယ်။ဒီကစားသမား တွေ ဟာ လမ်းပတ်ထက် ပိုပြီး ဝါရင့်တဲ့ နည်းပြကိုတောင် အခက်တွေ့အောင်လုပ်နိုင်တယ်ဆိုတာ ပြထားပြီးပါပြီ။

ယူနိုက်တက် ကွင်းလယ်ကတော့ မတောင့်တင်းတော့ပါဘူး။ဒီဂီယာကပဲ သူတို့ရဲ့ အဓိက တွန်းအားတခုအဖြစ်ရှိနေတာပါ။ချန်ပီယံဆုအတွက်၊ ထိပ်ဆုံး လေးသင့် ဝင်ဖို့ အတွက် တော့ အခုထက်ပိုပြီးလို
အပ်နေပါသေးတယ်။အာဆင်နယ် အသင်းအနေနဲ့ ဇာဟာ ကိုဘာကြောင့် မယုံကြည်ခဲ့တာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်။သူက ပရီးမီးယားလိဂ်အကြောင်းကိုနောကြော
သူဖြစ်ပြီး ပေါင် ၇၂ သန်းတန် ပီပီကတော့ မသိကျွမ်းပါဘူး။အဲ့ဒီပိုက်ဆံတွေ သူတို့ဘယ်လိုရလဲတောင် မသိပါဘူးဗျာ ” လို့ပြောသွားခဲ့ပါတယ်။

တန်းဆင်းရမယ့် အသင်းတွေအဖြစ်တော့ ရှက်ဖီးယူနိုက်တက်၊ နော့ဝှစ်ခ်ျ နဲ့ ဘရိုက်တန် တို့ကို သွန်မ်ဆင်က ရွေးချယ်သွားခဲ့ပါတယ်။အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ယနေ့ နံနက်အစောမှာ
စတင် ဖွင့်လှစ်သွားခဲ့ပြီး လီဗာပူး အသင်းက နော့ဝှစ်ခ်ျကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။