အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် နယူးကာဆယ် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ် ။ နည်းပြ အမ်မရီ ကတော့ နယူးကာဆယ် အသင်း နဲ့ ပွဲမှာ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေကို ပွဲထွက် အသုံးပြုဖွယ် မရှိသေးကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခြောက်ဦး အထိ ခေါ်ယူ ခဲ့ပြီး ချဲလ်ဆီး အသင်း ဝါရင့် နောက်ခံလူ ဒေးဗစ်လူးဝဇ် ကိုလည်း နှစ်နှစ် စာချူ ပ် နဲ့ ခေါ်ယူထားပါတယ် ။ ဒေးဗစ်လူးဝဇ် ဟာ ဒီနေ့မှ အာဆင်နယ် အသင်း နဲ့ လေ့ကျင့်ခန်း စဆင်းမှာလည်း ဖြစ်ပါတယ် ။

အမ်မရီ က နယူးကာဆယ် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်း အတွက် ရာနှုန်းပြည့် ကစားပေးနိုင်မယ့် ကစားသမား မျိုးကိုသာ အသုံးပြု သွားမှာ ဖြစ်ကြောင်း နဲ့ ဒဏ်ရာ ပြဿ နာ ကနေ သက်သာခါစ ကစားသမားကို အသုံးပြု ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။

” တနင်္ဂနွေနေ့ ကစားမယ့် ပွဲမှာ အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ် ကစား ပေးနိုင်မယ့် သူကိုပဲ ပွဲထွက် အသုံးပြု သွားမှာပါ ။ တစ်ချို့  ကစားသမားတွေ အတွက်တော့ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားဖို့ ဆိုတာ မဖြစ် နိုင်ပါဘူး ။ အသင်းကို နောက်မှ ရောက်လာတဲ့ ကစားသမားတွေ နဲ့ ဒဏ်ရာက သက်သာခါစ လေ့ကျင့်ခန်း ပြန်ဆင်းတဲ့သူတွေကိုတော့ ကစားခိုင်းဦးမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အမ်မရီ ရဲ့အဆိုအရ ဒေးဗစ်လူးဝဇ် ၊ နီကိုလပ်စ် ပီပီ ၊ လာကာဇက် တို့ဟာ နယူးကာဆယ် အသင်း နဲ့ ပွဲမှာ ပွဲထွက် ကစားနိုင်ဖွယ် မရှိသေးပါဘူး ။ ဒါ့အပြင် အာဆင်နယ် အသင်းဘက်ကလည်း နယူးကာဆယ် အသင်း နဲ့ ပွဲကို ကိုလာစီနက် နဲ့ အိုဇေးလ် တို့ လွဲချော်မှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းက ဓားကိုင် လုယက်သူ နှစ်ဦးရဲ့ အန္တရယ် နဲ့ ရင်ဆိုင် ခဲ့ရတဲ့ ကိုလာစီနက် နဲ့ အိုဇေးလ် တို့နှစ်ဦးကို ရဲတပ်ဖွဲ့ ရဲ့ စုံစမ်း စစ်ဆေးမှုတွေ မပြီးဆုံးခင် လုံခြုံ ရေး အရ မကစားခိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း အာဆင်နယ် အသင်း တာဝန် ရှိသူတွေဘက်က ထုတ်ပြန် ကြေညာ ထားပါတယ် ။

” ကစားသမားတွေရဲ့ လူမှုဖုလုံရေး နဲ့ သူတို့ရဲ့ မိသားစု ကိစ္စတွေက အသင်းရဲ့ ဦးစားပေး ကိစ္စတွေပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်ကို ကစားသမားတွေ ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ပြီးမှ ချမှတ် ခဲ့တာပါ ။ ”

” ကျွန်တော်တို့တွေ အနေနဲ့ ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်း လုပ်ဆောင် နေပြီး သူတို့ရဲ့ မိသားစု တွေကိုလည်း လိုအပ်တဲ့ ကူညီ အားပေးမှုတွေ ပြု လုပ် သွားမှာပါ ။ သူတို့ နှစ်ဦး အမြန်ဆုံး ပြန်လည် ကစားနိုင်စေဖို့ ကြိုးစား သွားမှာလည်း ဖြစ်ပါတယ် ။ ” လို့ ဆိုပါတယ် ။