မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး လူကာကူ ဟာ ပရီးမီးယား လိဂ်ရဲ့ အပြောင်း အရွှေ့ နောက်ဆုံး ရက်စွဲ မှာ အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ ပြီး အီတလီ ထိပ်သီး အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် တိုက်စစ်မှူး ဟောင်း ဒီမစ်တာ ဘာဘာတော့ဗ် က လူကာကူ ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ရှိနေ ခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်း မျှတ မှု မရှိ တဲ့ ဝေဖန်ချက် တွေကို ခံခဲ့ ရတယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် လူကာကူ ဟာ အင်တာ မီလန် အသင်း ဆီ ဘာကြောင့် ပြောင်းရွှေ့ ဖို့ ဆုံးဖြတ် သွားခဲ့ သလဲ ဆိုတာ သိရှိ ကြောင်း ၊ မီဒီယာ တွေနဲ့ ပရိသတ် တွေက လူကာကူ အသင်း ပြောင်းရွှေ့ ရေးမှာ တွန်းအား ပေး သွားခဲ့ ကြတဲ့ အဓိက တရားခံတွေ ဖြစ်ကြ ကြောင်း ဘာဘာတော့ဗ် က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” လူကာကူ ထွက်သွား တာကို ကြည့်ပြီး ကျွန်တော် စိတ် မကောင်း ဖြစ်မိ ပါတယ် ။ ဒါပေမယ့် သူဟာ ဘာ့ကြောင့် အသင်း ပြောင်း သွားလဲ ဆိုတာ ကိုတော့ ကျွန်တော် ကောင်းကောင်း နားလည် ပါတယ် ။ သူဟာ မီဒီယာ နဲ့ ပရိသတ် တွေရဲ့ မျှတ မှု မရှိ တဲ့ ဝေဖန် မှုတွေ ကို ခံခဲ့ ရ ပါတယ် ”

” ကျွန်တော် တို့ အားလုံး က လူသား တွေပါ ။ ဒါ့ကြောင့် ပွဲစဉ် တစ်ပွဲ ပြီးဆုံး သွားတဲ့ အချိန် မှာ ဆိုရှယ် မီဒီယာ အထက် ဒါမှ မဟုတ် သတင်းစာ ရှင်းလင်း ပွဲမှာ ခင်ဗျား ကို ထုတ်ပယ် ဖို့ ဝေဖန် နေတဲ့ စာသား တွေကို ဖတ်ရှု လိုက် ရခြင်း က ပျော်စရာ မဟုတ် ပါဘူး ”

” ခင်ဗျား ဟာ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ၊ ပွဲစဉ် ထဲ ရောက်ရှိ သွားတဲ့ အချိန် မှာ အကောင်းဆုံး ကြိုးစား ပေမယ့် တစ်ကယ် တမ်း အလုပ် မဖြစ်ဘူး ဆိုရင် ‘ အိုကေ လေ ၊ ငါ အခြား နေရာ ( အသင်း ) မှာပဲ ကြိုးစား ပြီး သက်သေ ပြ တော့မယ် ‘ လို့ တစ်ကိုယ်တည်း ပြောလိုက် မိမှာ ပါပဲ ”

” လူကာကူ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ နှစ် ရာသီ ပဲ ကစား ခဲ့လိုက် ရ ပါတယ် ။ ဒါပေမယ့် ကျွန်တော့် ရဲ့ ယူနိုက်တက် ကစားသမား ဘဝ အကောင်းဆုံး ဘောလုံး ရာသီ က တတိယ ရာသီ ဖြစ်ခဲ့ ပါတယ် ”

” အဲ့ဒီ တုန်းက 2010 – 11 ရာသီ မှာ ကျွန်တော် တို့ အမှတ်ပေး ဖလား ကို ရယူ ဆွတ်ခူး နိုင်ခဲ့ ကြ သလို ကျွန်တော် ဟာလည်း လိဂ် ဂိုးသွင်း အများဆုံး ရွှေ ဖိနပ် ဆုကို ရယူ နိုင် ခဲ့တယ် လေ ”

” ကျွန်တော် ဝမ်းနည်း မိတာ တစ်ခု က လူကာကူ ဟာ အဲ့ဒီလို အခွင့်အရေး မရ နိုင် တော့တာ ပါပဲ ” လို့ ဘာဘာတော့ဗ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ လူကာကူ ဟာ အင်တာ မီလန် အသင်း မှာ အီကာဒီ ရဲ့ နံပါတ် 9 ဂျာစီ ကို ဝတ်ဆင် ရ လိမ့်မယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar