• အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် နဲ့ နောက်ခံလူ ကိုလာ ဆီနက် တို့ ဟာ နယူး ကာဆယ် နဲ့ ကစား မယ့် အဖွင့် ပွဲစဉ် ကို လွဲချော် ကြမယ် လို့ သိရ ပါတယ် ။ နယူး ကာဆယ် အသင်း ဘက် မှာ လည်း နောက်ခံလူ ယက်ဒ်လင် ကြံ့ခိုင်မှု မပြည့်ဝ သေးတာ ကြောင့် ပါဝင် နိုင်မှာ မဟုတ် ပေမယ့် အသစ် ခေါ်ယူ ထားတဲ့ အီမေးလ် ကရပ်ဖ် ဟာ အစားဝင် ကစား ဖို့ လုံလောက်တဲ့ အနေ အထား မှာ ရှိနေ ပါတယ် လို့ နည်းပြ စတိဗ် ဘရုစ် က ဆိုသွား ခဲ့ ပါတယ် ။

• အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ အာဖရိက ဖလား ပြိုင်ပွဲ ကို ၀င်ရောက် ကစား ထားတဲ့ တောင်ပံ ကစား သမားသစ် ပီပီ ရဲ့ ကြံ့ခိုင်မှု ကို သေချာ ဆန်းစစ် သွားဦး မှာ ဖြစ်ပြီး လာကာဇက်တီ ရဲ့ ဒဏ်ရာ သက်သာမှုကို ကြည့်ပြီး နယူးကာဆယ် နဲ့ ပွဲ အတွက် ထည့်သွင်း သင့် မသင့် ကို ဆုံးဖြတ် သွားမယ် လို့ သိရ ပါတယ် ။

• အာဆင်နယ် ကစား သမား သစ် ဆီဘယ်လော့ ကတော့ ဒဏ်ရာ သက်သာ နေပြီ ဖြစ်ပေမယ့် နောက်ခံလူသစ် တိုင်ယာနီ ကတော့ နယူးကာဆယ် နဲ့ ပွဲ အတွက် အဆင်သင့် မဖြစ်သေး ဘူးလို့ သိရ ပါတယ် ။

• ယူနိုက်တက် အသင်း မှာ တော့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ ချဲလ်ဆီး နဲ့ ပွဲ ကို ပြန် ကစား နိုင်ဖို့ အဆင် သင့် ဖြစ်နေပြီ လို့ နည်းပြ ဆိုးရှား က ဆိုခဲ့ ပါတယ် ။ ဒါပေမယ့် အဲရစ် ဘိုင်လီ ကတော့ ခရစ်စမတ် လောက်ထိ နားရ နိုင်သလို အလက်ဆစ် ဆန်းချက် ကလည်း နားရဖို့ ရှိနေ သေးတယ် လို့ သိရ ပါတယ်

Manchester United’s French midfielder Paul Pogba reacts during the English Premier League football match between Manchester United and Watford at Old Trafford in Manchester, north west England, on March 30, 2019. (Photo by Paul ELLIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

• စပါး အသင်း ဘက် မှာတော့ အဲရစ် ဒိုင်ယား နဲ့ ဗစ်တာ ၀မ်ယာမာ တို့ ဟာ လေ့ကျင့်ခန်း အပြည့် ပြန်ဆင်း နေပြီ ဖြစ်တာ ကြောင့် အဖွင့် ပွဲစဉ် ကို ပါဝင် နိုင်ဖို့ အလားအလာ ကောင်း နေပြီဖြစ် ပါတယ် ။ ဒါပေမယ့် နောက်ခံလူ သစ် ရိုင်ယန် ဆက်ဆဂ်နွန် ကတော့ တံကောက်ကြော ဒဏ်ရာ ကနေ သက်သာ လာစ ဖြစ်တဲ့ အတွက် ဗီလာ နဲ့ ပွဲ ကို ပါဝင် ကစားခိုင်း မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။

• ဒ့ါ အပြင် ဒယ်လီ အလီ ၊ ဟွမ်ဖွိုက် နဲ့ ဘန်ဒေဗီး တို့ ဟာလည်း စပါး ရဲ့ အဖွင့် ပွဲ ကို ဒဏ်ရာ ကြောင့် လွဲချော် ကြမှာ ဖြစ်သလို တောင်ပံ ကစား သမား ဆွန်ယောင်မင် ကလည်း မနှစ် က ကျန်သေးတဲ့ ပွဲပယ် အပြစ်ဒဏ် ကြောင့် ပွဲစဉ် ၂ အထိ ကစား ရဦးမှာ မဟုတ်သေးဘူး လို့ သိရ ပါတယ် ။

• အဲဗာတန် အသင်း ရဲ့ ကစား သမား သစ် ဖေဘီယံ ဒဲ့လ်ဖ် ဟာ ဒဏ်ရာ ရှိနေ သေးတာ ကြောင့် ပဲလေ့စ် နဲ့ ကစား မယ့် ပွဲ ကို လွဲချော် မယ် လို့ နည်းပြ မာကို ဆေးလ်ဗား က အတည်ပြု သွားခဲ့ ပါတယ် ။ အာဆင်နယ် ကနေ ရောက်လာ တဲ့ အီဝိုဘီ ကတော့ လန်ဒန် ခရီးစဉ် မှာ ပါဝင် လာမယ် လို့ ကြားသိရ ပါတယ် ။

• မနေ့ညက စတင် ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဂူး အဖွင့်ပွဲစဉ်မှာတော့ လီယွန် အသင်းဟာ အဝေးကွင်းမှာ မိုနာကို အသင်းကို 0-3 ရလာဒ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ လီယွန် အတွက် ဂိုးတွေကိုတော့ ဒီပေး ၊ ဒမ်ဘီလီ နဲ့ တူဆတ် တို့က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မိုနာကိုကွင်းလယ် ကစားသမား ဖာဘရီဂတ် ဟာ VAR အဆုံး အဖြတ်နဲ့ တိုက်ရိုတ် အနီကဒ် ပြသပြီး ထုတ်ပယ်ခံခဲ့ ရပါတယ်။

• နော့ဝှစ်ခ်ျ နဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ လီဗာပူး ဂိုးသမား အလီဆွန် ရဲ့ ဒဏ်ရာဟာ ခြေသလုံး ဒဏ်ရာဖြစ်တယ်လို့ သိရပြီး ၊ ဥရောပ စူပါ ဖလားပွဲစဉ်ကိုတော့ သေချာပေါက် လွဲချော်လိမ့်မယ်လို့ ကလော့ပ်က အတည်ပြု သွားခဲ့ ပါတယ်။

• ရိုမားအသင်းဟာ ယူနိုက်တက် မှာ ခြေစွမ်းပြ နိုင်ခြင်း မရှိပဲ ဖြစ်နေတဲ့ ချီလီ တိုက်စစ်မှုး ဆန်းချက်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သတင်းတွေ အရတော့ နှစ်သင်း စလုံးဟာ အပြောင်းအရွှေ့ ကိစ္စတွေ အတွက်တောင် ဆွေးနွေးနေပြီ ဖြစ်တယ်လို့ သိရပြီး ၊ နည်းပြ ဆိုးရှား ကလဲ လူကာကူ ပြောင်းသွားခဲ့ပေမယ့် သူ့အသင်းရဲ့ သွင်းဂိုး ပမာဏကို စိတ်ပူစရာ မရှိပါဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

• ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက်မှာ စပါး အသင်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ ဂျူဗင်တပ် ကွင်းလယ် ကစားသမား ဒီဘားလား ကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီ အသင်းက စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
• အပြောင်းအရွှေ့ ပိတ်သိမ်းသွားပြီ ဖြစ်သော်လဲ အာဆင်နယ် ဟာ အသင်းရဲ့ နောက်တန်း ကစားသမား မူစတာဖီ နဲ့ ကွင်းလယ် ကစားသမား အယ်နန်နေ တို့ အတွက် တရားဝင် ကမ်းလှမ်းလာမယ့် အသင်းတွေကို စောင့်မျှော်နေဆဲ ဖြစ်ပြီး ၊ အပြီးအပိုင် ရောင်းထုတ်နိုင်ဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

• ရိုးမား အသင်းဟာ မနေ့က လိုဗရန် ရဲ့ အေးဂျင့် ဖြစ်သူနဲ့ တွေ့ဆုံပြီး အပြောင်းအရွှေ့ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ အီတလီ သတင်းတွေ အရတော့ အသက် 30 အရွယ် လီဗာပူး နောက်တန်း ကစာသမားကို ကနဦး အငှား နဲ့ ကမ်းလှမ်းဖို့ ရည်ရွယ် ထားပြီး ၊ ယူရို သန်း 20 နဲ့ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီချက် ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

• ယူနိုက်တက် အသင်းရဲ့ နောက်တန်း ကစားသမား ရိုဟို ဟာ အဲဗာတန် အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ချင်ပေမယ့် ၊ ကလပ် ဖက်က အပြီးသတ် ပုံစံမျိုး နဲ့သာ ရောင်းချချင်တာကြောင့် ၊ နောက်ဆုံးရက်မှာ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တာလို့ လီဗာပူး အခြေစိုက် သတင်းတွေက ဖော်ပြလိုက်ပါတယ်။

• ဒေးဗစ် လူးဝစ် ထွက်သွားခဲ့တာကြောင့် တိုမိုရီကို အငှားချမယ့် အစီအစဉ် ဖျက်သိမ်းခဲ့တဲ့ ချဲဆီးဟာ ၊ လက်ရှိမှာတော့ ကစားသမားလေး ကို စာချုပ်သစ် ချုပ်ဆိုဖို့ တရားဝင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိ စာချုပ်ဟာ 2021 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်သော်လဲ ၊ မနှစ်က ဒါဘီမှာ အငှားနဲ့ သွားရောက် ကစားရင်း ပြသခဲ့တဲ့ ခြေစွမ်းကြောင့် အခုလို ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

• ပဲလေ့ ဥက္ကဌ ကတော့ သူတို့ ကစားသမား ဇာဟာ ဟာ အသင်းမှာ ဇန်န၀ါရီ ကာလ အထိ ဆက်ရှိသွားမှာ ဖြစ်သော်လဲ ၊ အသင်းပြောင်းခွင့် အနေအထားကို ပိတ်ပင်ထားခြင်း မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့ ပါတယ်။ ဒါကြောင့် ဇာဟာ ဟာ ဆောင်းရာသီ ဈေးကွက်မှာ ဟော့လာနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ထားရတော့မှာပါ။

• ရီးရဲ မက်ဒရစ် အသင်းရဲ့ ကစားသမားသစ် အီဒင် ဟာဇက်ဟာ ဂန္တ၀င် နံပါတ် 7 ကို ၀တ်ဆင် သွားမှာ ဖြစ်ကြောင်း အသင်းဘက်က တရားဝင် ကြေငြာလိုက်ပါတယ်။

• စပါး အသင်းဟာ သူတို့ရဲ့ ချန်ပီယံလိဂ် သူရဲကောင်း လူးကပ် မော်ရာကို 2024 ခုနှစ် အထိ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။

• လီဗာပူး ခံစစ်မှုးဟောင်းကြီး စကာတယ် ဟာ စီးရီးအေ ကလပ် အတ္တလန္တာ အသင်းနဲ့ 1 နှစ် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အတ္တလန္တာ အသင်းနဲ့ အတူ ပြန်လည် မြင်တွေ့ရတော့မှာပါ။

• အေဂျက် ကွင်းလယ် ကစားသမားကြီး ရှရိုနီ ကို ဂျီနိုအာ အသင်းက ယူရို 1.5 သန်း ၀န်းကျင်နဲ့ ခေါ်ယူသွားခဲ့ပါတယ်။ အေဂျက်ဟာ ဒီရာသီမှာ ဒီလစ် ၊ ဒီဂျောင် တို့လို လူငယ် ကစားသမားတွေ အပြင် ၊ ၀ါရင့် ကစားသမားကြီး ရှရိုနီ ကိုပါ ဆုံးရှုံးလိုက်ရတာပါ။ သို့သော် နီရက် နဲ့ ဇီယက် တို့ကိုတော့ စာချုပ်သစ် အသီးသီး ချုပ်ဆိုကာ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

• ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဗယ်ဗာဒီ ကတော့ သူ့အနေနဲ့ နေမာကို ခေါ်ယူလိမ့်မယ်လို့ တွေးမထားဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပြီး ၊ ရာကီတစ် ရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့လဲ မသေချာသေးဘူးလို့ ၀န်ခံ ပြောဆိုသွားခဲ့ ပါတယ်။

• ဇာရာဂိုဇာ အသင်းဟာ ဒေါ့မွန် အသင်းရဲ့ ဂျပန် ကွင်းလယ် ကစားသမား ကာဂါဝါ ကို ခေါ်ယူလိုက်ပြီ ဖြစ်ပြီး 2 နှစ် စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒုတိယ ရာသီဝက် က တူရကီ ကလပ် ဘက်ဆစ်တက် အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး 14 ပွဲပါဝင် ကစားကာ 4 ဂိုး သွင်း ၊ 2 ကြိမ် ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့သူ ဖြစ်ပါတယ်။

• မန်စီးတီး အသင်းဟာ ဂီရိုနာ အသင်းရဲ့ အသက် 19 နှစ် အရွယ် စပိန် လူငယ် ညာနောက်ခံလူ ကစားသမား ပေါ်ရို ကို ယူရို 12 သန်း နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပြီး ၊ ဗယ်လာဒိုးလစ် အသင်းထံ အငှား ပြန်ချသွားခဲ့ပါတယ်။