Mancity

ပက် ဂွာဒီယိုလာ ရဲ့ မန်ချက် စတာ စီးတီး အသင်း ကတော့ ၃ နှစ်ဆက် ချန်ပီယံ ဆု အတွက် ထိပ်ဆုံး က ရေပန်းစား အလေး ပေးခံ ရမှု နဲ့ ထိုက်တန် ကြောင်း ကို တရပ်စပ် တိုက်စစ်တွေ ၊ ဟက်ထရစ် တွေ ၊ သွင်းဂိုး တွေ ၊ ဖန်တီးမှု တွေ နဲ့ သက်သေ ပြသွား ခဲ့ ပါတယ် ။ အဂွေရို ရဲ့ ပင်နယ်တီ ကလွဲရင် ကျန် ဂိုးတွေ ဟာ ဖန်တီးမှု တွေ ၊ တိုက်စစ် တွဲလုံး တွေ ကနေ စတင် ခဲ့တာပါ ။ စီးတီး ရဲ့ အဖွင့် ခြေစွမ်း ကတော့ အပျံစား လို့ ပြောရ မှာပါ ။

ဂွာဒီယိုလာ ဟာ ကွင်းလယ်မျာ လူသစ် ရော့ဒရီ ကို ဖာနန်ဒင်ဟို ရဲ့ နေရာမှာ ထားခဲ့ ပြီး ကျန်တဲ့ လူတွေ ကတော့ မနှစ် က အတိုင်းပဲ ပွဲထွက် လာခဲ့ ပါတယ် ။ ၀က်စ်ဟမ်း ဟာ အစောပိုင်း မိနစ် အနည်းငယ် လောက် သာ စီးတီး ကို ယှဉ် ကစား နိုင် ခဲ့ ပြီး ဒုတိယ ပိုင်း မှာတော့ လုံးဝ ကွာဟ သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဘက် မှာ အားထားရ သူ အချို့ ဒဏ်ရာ ရနေ ခဲ့သလို ပင်နယ်တီ အခွင့် အရေး ၂ ကြိမ် ကိုလည်း ကွင်းလယ်ဒိုင် က ငြင်းပယ် ခဲ့တဲ့ အတွက် စီးတီး ကို တုပ နိုင်ဖို့ ခက်ခဲ ခဲ့ရ ပါတယ် ။ ပထမ ပိုင်း မှာ စီးတီး ဘက် က ဂျေဆူး ရဲ့ ဂိုး နဲ့ ဦးဆောင် နေခဲ့ ပြီး ၀က်စ်ဟမ်း ရဲ့ အားထုတ်မှု က သိပ် မဆိုးခဲ့ ပါဘူး ။

ဒုတိယပိုင်း မိနစ် ၅၀ ကျော် မှာ တော့ စီးတီး တို့ ဒုတိယ ဂိုး ရခဲ့ ပါတယ် ။ ဒီဂိုး ဟာ ၀က်စ်ဟမ်း ကို အလံဖြူ ပြစေ တဲ့ ဂိုး ဖြစ်ခဲ့ ပြီး နောက်ထပ် ၂ မိနစ် အကြာမှာပဲ နောက်တစ်ဂိုး ကို လွယ်လွယ် ကူကူ ခွင့်ပြု ခဲ့ရ ပြန် ပါတယ် ။ ဒီ တစ်ခါ မှာတော့ ဂျေဆူး ရဲ့ ဂိုး မှာ စတာလင် လက်ကျွံ နေခဲ့တာ ကြောင့် VAR အရ ပယ်ဖျက် ခဲ့ ပါတယ် ။

ဒီနှစ် မှာ စပြီး သုံးခဲ့တဲ့ VAR ဟာ လီဗာပူး ပွဲမှာ သိပ်ပြီး အသံ မထွက် ခဲ့ ပေမယ့် ဒီည ပွဲမှာတော့ အလုပ်များ ခဲ့ ရ ပါတယ် ။ ဂျေဆူး ရဲ့ ဂိုး ကို ပယ်ဖျက်တယ် ၊ စတာလင် ရဲ့ ဂိုး ကို ခွင့်ပြု ခဲ့တယ် ၊ အဂွေရို ရဲ့ ပင်နယ်တီ မ၀င် ခဲ့ ပေမယ့် ၀က်စ်ဟမ်း ကစား သမား ဧရိယာ ထဲ ကို အ၀င်စောခဲ့တာ ကြောင့် ပြန်ကန် စေခဲ့ ပါတယ် ။ ဒီနှစ် ပရီးမီးယားလိဂ် ဝေဖန်သူတွေ နဲ့ VAR ထိပ်တိုက် တွေ့ ကြမှာ အသေ အချာ ပါပဲ ။

စီးတီး ရဲ့ ခြေစွမ်း ကတော့ ပြောစရာ မရှိ ခဲ့ ပါဘူး ။ ၀က်စ်ဟမ်း ဘက်က ကာယပိုင်း အားကောင်းပြီး အမြင့် ဘော မှာ အသာ ရပေမယ့် စီးတီး ရဲ့ မျှောထိုး ၊ မြေလိမ့်ဘော တွေ ကို ကာကွယ် ရာမှာ တော့ လျှင်မြန်မှု လိုအပ် နေခဲ့ ပါတယ် ။ တည်ကန် ဘော ကနေ အခွင့် အရေး ၁ ကြိမ် ရခဲ့ ပေမယ့် စီးတီး ဂိုး သမား အီဒါဆင် က ကာကွယ် နိုင်ခဲ့ ပါတယ် ။ ထိပ်သီး အသင်းက ဂိုး သမားတွေ ဟာ မိနစ် ၉၀ အတွင်း မှာ များများ စားစား ဖမ်းရတယ်လို့ မရှိ ပါဘူး ။ ဒါပေမယ့် လိုအပ် တဲ့ အချိန် မှာ လိုအပ်တဲ့ ကာကွယ်မှု ကို လုပ်ပြနိုင် ဖို့တော့ လိုပါတယ် ။ အီဒါဆင် က ဒီလို ဂိုး သမားမျိုးပါ ။

စတာလင် ကတော့ ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ အတောက်ပ ဆုံး ကစား သမား ဖြစ်လာ မယ်လို့ ခံစားမိ နေပါတယ် ။ ဒီ ခံစားချက် ဟာ ရာသီကြို ပွဲတွေ ကို ကြည့် ကတည်းက ရနေ ခဲ့တာပါ ။ ဒီနေ့ ပွဲမှာ ဆိုရင် ပင်နယ်တီ ကို မကန် ခဲ့ရ ပေမယ့် ဟက်ထရစ်တော့ ရအောင် သွင်းပြ နိုင် ခဲ့ ပါတယ် ။

ဂျေဆူး ရဲ့ ဒုတိယ ဂိုး ကို လည်း လျှင်မြန်တဲ့ ရုန်းထွက်မှု နဲ့ ဖန်တီးပေး ခဲ့ပေမယ့် VAR က စတာလင် ရဲ့ လက် ကို ကျွံ နေတယ်လို့ သတ်မှတ် ခဲ့ ပါတယ် ။ ဒဏ်ရာ ကင်းစင် နေမယ် ဆိုရင် လက်ကျန် ပွဲတွေ မှာ စတာလင် ဆီက သွင်းဂိုးတွေ ကို ထပ်ပြီး မြင်တွေ့ ရဦးမှာ အသေ အချာ ပါပဲ ။

စီးတီး လူသစ် ရော့ဒရီ ကတော့ အရမ်း မကောင်း သလို ဆိုးလည်း မဆိုးလှ ပါဘူး ။ သူ့ အတွက် အဖွင့်ပွဲ မှာ ဒီလောက် ကစားနိုင်တာ လုံလောက် ပြီလို့ ပြောနိုင်ပါတယ် ။ ဒီဘရိုင်း ၊ ဆေးလ်ဗား တို့ လည်း ကောင်းခဲ့ ကြပြီး ကိုင်းလ် ဝေါ်ကာ ကတော့ ကန်ဆယ်လို ကို လွယ်လွယ် နဲ့ နေရာ မရနိုင်ကြောင်း သတိပေး သွားခဲ့ ပါတယ် ။

ခြုံပြီး ပြောရရင်တော့ စီးတီး ရဲ့ ခြေစွမ်း ဟာ ချန်ပီယံ ဖြစ်ဖို့ ထိုက်တန် နေပါတယ် ။ Big Six ပြင်ပ အသင်းတွေ ထဲ မှာ စီးတီး ကို အနိုင်ယူဖို့ ဆိုတာ ခက်ခဲတာ ထက် ပိုမယ့် ကိစ္စ ဆိုတာ ထပ်ပြိး သေချာ စေခဲ့ ပါတယ် ။ စတာလင် ကတော့ ၂၀၁၀-၁၁ ရာသီ အဖွင့် ပွဲ တုန်းက ဒီဒီယာ ဒရော့ဘာ အပြီး အဖွင့် ပွဲစဉ် မှာ ဟက်ထရစ် ပြန်သွင်း နိုင်သူ ဖြစ် လာခဲ့ ပါတယ် ။ ဒီရာသီ မှာ ကျိန်းသေ တောက်ပ မှာပါ ။

SPORTS MYANMAR