လာလီဂါ ပြိုင်ပွဲ ကျင်းပ
ရေး ကော်မတီဟာ သူတို့ရဲ့ ပြိုင်ပွဲကို အမေရိက တိုက်မှာ ပါ နာမည်
ကျော်ကြားလာဖို့ ခြေလှမ်းသစ် တရပ် အနေနဲ့ လာလီဂါ ပွဲစဉ်အချို့ ကို အမေရိကန် သို့မဟုတ် ကနေဒါ နိုင်ငံမှာ ကျင်းပသွားဖို့ ၁၅နှစ်စာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရီးရဲလ် နဲ့ ဘာကာတို့ရဲ့ နာမည်ကျော် အယ်ကလက်စီကို
ဒါဘီ ပွဲစဉ် ဟာ သမိုင်း တလျှောက်
ပထမဆုံး အဖြစ် စပိန်နိုင်ငံ ပြင်
ပမှာ ကစားသွားကြတော့မှာဖြစ်ပါတယ်။

အခုလိုနိုင်ငံရပ်ခြား မှာ ကျင်းပသွားဖို့ ရှိနေတဲ့ ပွဲစဉ်တွေဟာ လာဂီဂါ အဖွဲ့ချုပ် နဲ့ အမေရိကန် အခြေစိုက် Relevent Sports တို့ရဲ့
ပူးပေါင်း မှုရဲ့ အစိတ်အပိုင်း တခု
အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

Relevent Sports လုပ်ငန်းစုကို
ကျောထောက်နောက်ခံ လုပ်ပေးထားသူကတော့ NFL ကလပ် အသင်းတသင်း ဖြစ်တဲ့ Miami Dolphins အသင်းပိုင်ရှင် ဘီလျံနာစတီဖင်ရော့စ်ဖြစ်တယ် လို့သိရပါတယ်။

လာလီဂါ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ခဲ့တာ နဲ့ ပတ်သက်ပြီး ရော့စ်က
– – – – -” အခုလို သာမန်ထက် ထူး
ကဲ တဲ့ ပူးပေါင်းဆောင်ရွက် မှု ဟာ
မြောက်အမေရိက တိုက်မှာ ဘောလုံး အားကစား ရေပန်းစားမှု တဟုန်ထိုး တိုးတက်လာဖို့ပဲဖြစ်ပါတယ်။အခု လို ပူးပေါင်း မှုကြောင့်
လည်း မြောက်အမေရိက တိုက်မှာ
ရှိ တဲ့ ဘောလုံး ဖန် တွေဟာ ကမ္ဘာ့
ဘောလုံး လောကရဲ့ အမြင့်ဆုံး
အဆင့် အတန်းမျိုး မှာ ရှိနေတဲ့
ဘောလုံးပွဲတွေကို မျက်ဝါး ထင်ထင်
အားပေးခွင့် ရတော့မှာ ဖြစ်ပါတယ်”လို့ ပြောကြား သွား ခဲ့ပါတယ်။

ဘယ် အချိန်၊ ဘယ်နေရာ တွေ မှာ
ဘယ် အသင်း တွေပါဝင် မယ့် ပွဲတွေ ကို ထုတ်ပြန် ကြေညာတာမျိုး
မရှိသေး ပေမယ့် ပူးပေါင်း ဆောင်
ရွက် မှု ကိစ္စကို Relevent Sports ဘက်က အတည်ပြု လိုက်တာလည်းဖြစ်ပါတယ်။

အခုလို ပူးပေါင်း မှုဟာ ၅၀-၅၀
ခွဲဝေရင်းနှီးမြုပ်နှံမှု ဖြစ်တယ်လို့ သိရပြီး၊ Relevent Sports ဟာ ICC ပွဲစဉ် တွေကို လည်း ကျောထောက်နောက် ခံပြု လုပ် ပေးခဲ့တဲ့ စီးပွားရေး လုပ်ငန်းစု တခု လည်းဖြစ်ပါတယ်။

လာလီဂါ ပြိုင်ပွဲ ရဲ့ ပထမဆုံး နိုင်ငံ
ရပ်ခြားပွဲစဉ်ကို အခုရာသီမှာ စတင် ကျင်းပသွားမှာ ဖြစ်ပြီး ရီးရဲလ်
နဲ့ ဘာကာတို့ က ဦးစားပေး စေလွှတ် ခံရမယ့် စာရင်းမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။

ပူးပေါင်းမှု နဲ့ပတ်သက်ပြီး လာလီဂါ ဥက္ကဌ ဖြစ်သူ တီဘတ်စ်က
– – – – – ” မြောက်အမေရိက တိုက်
မှာ ဘောလုံးအားကစား ချစ်မြတ်နိး
စိတ် ပိုမိုကြီးထွားလာဖို့ ကျွန်တော်
တို့ ရင်းနှီးလိုက်တာဖြစ်ပါတယ်။Relevent အဖွဲ့အစည်း ဟာ ICC
ပြိုင်ပွဲ မှာ အမေရိကန် တလွှားက ဘော လုံးကွင်း တွေကို ပရိသတ်
တွေနဲ့ ပြည့်လျှံသွားစေခဲ့ပါတယ်။
ဒါကြောင့် မြောက်အမေရိက မှာ
ဘောလုံးအားကစား တိုးတက်လာဖို့
မိတ်ဖက်အဖြစ်သူတို့ကိုရွေးလိုက်တာဖြစ်ပါတယ်”လို့ပြောခဲ့ပါတယ်။

လာလီဂါ အဖွဲ့ချုပ် ဟာ စပိန်စူပါ
ဖလား ပြိုင်ပွဲကို မူလက လာလီဂါ
ချန်ပီယံ အသင်း နဲ့ ကိုပါဒယ်ရေး
ချန်ပီယံ အသင်းတို့ရဲ့ အိမ်ကွင်း
အဝေးကွင်း ၂ကျော့ကျင်းပလေ့ရှိတာ ဖြစ်ပေမယ့် အခုနှစ်ပြိုင်ပွဲကို တော့ မော်ရိုကိုနိုင်ငံ တန်ဂီယာ ဒေသမှာ ကျင်းပသွား ခဲ့ပါတယ်။