မန်စီးတီး အသင်း ကတော့ ရာသီ သစ် စတင် တာနဲ့ အဖွင့် ပွဲစဉ် မှာပဲ ဝက်စ်ဟမ်း အသင်း ကို 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ချေမှုန်း သွားခဲ့ ပါပြီ ။ အထူးသဖြင့် အသင်း ရဲ့ အားထား ရဆုံး ကစားသမား ဖြစ်သူ စတာလင်း ဟာ ဒီနေ့ ပွဲစဉ် မှာ ဟတ်ထရစ် သွင်းယူ နိုင်ခဲ့ ခြင်းက ဂွာဒီယိုလာ ရဲ့ အပျော် ကို ပိုပြီး တိုးပွား စေခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ မန်စီးတီး အတွက် ဂျီးဆပ် ၊ စတာလင်း ( ဟတ်ထရစ် ) နဲ့ အဂူရို ( pen ) တို့က ကိုယ်စီ သွင်းယူ ပေးနိုင် ခဲ့ကြ ပါတယ် ။ ဒါ့အပြင် မာရက်ဟာ လည်း အသင်း အတွက် 2 ဂိုး ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒီပွဲ အတွက် တော့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ စတာလင်း က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သွား ခဲ့ ပါတယ် ။
မန်စီးတီး တို့ အမှတ်ပေး ဇယား ကို ဦးဆောင် နိုင်ခဲ့ ကြတဲ့ ဒီနေ့ ပွဲစဉ် မှ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

အီဒါဆန် ( 7 )
အသင်း အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဂိုးပေါက် ကာကွယ် မှု အချို့ ပြုလုပ် ပေးသွား နိုင်ခဲ့ ပြီး ခံစစ် မှ ကစား ကွက်ကို တည် ကစား ပေးရာ မှာ ကောင်းမွန် တဲ့ အရည်အသွေး တွေကို ပြသ သွားနိုင် ခဲ့ ပါတယ် ။
ကိုင်လီ ဝေါ်လ်ကာ ( 7 )
အသင်း အတွက် အရေး ပါတဲ့ အဖွင့် ဂိုးကို ဖန်တီး ပေးသွား ခဲ့ ပါတယ် ။ ဒါဟာ ကစားသမား သစ် ကန်ဆယ်လို အတွက် ပွဲထွက် ခွင့်ဟာ အလွယ်တကူ ရရှိ မှာ မဟုတ် ကြောင်း သတိပေး လိုက်ခြင်း ပါပဲ ။ အဝါကဒ် ပြသ ခံခဲ့ ရ ပါတယ် ။
ဂျွန်စတုန်း ( 7 )
အသင်းဖော် တွေနဲ့ အချိတ်အဆက် မိစွာ ကစား ရင်း ပျော်ရွှင် ဖွယ် ကောင်းတဲ့ ပွဲ တစ်ပွဲ ပိုင်ဆိုင် သွားခဲ့ ပါတယ် ။ ဒါ့အပြင် ကောင်းမွန် တဲ့ ဘောလုံး ပေးပို့ မှုတွေ ပြုလုပ် နိုင်ခဲ့ သလို အသင်း ရဲ့ ဂိုး ဧရိယာ အတွင်း လည်း အထူး ကောင်းမွန် ခဲ့ ပါတယ်။
လာပေါ်တေး ( 8 )
ဂွာဒီယိုလာ ရဲ့ နံပါတ် တစ် ဦးစားပေး ဗဟို ခံစစ် ကစားသမား ဖြစ်ကြောင်း ခြေစွမ်း ကောင်းတွေ နဲ့ သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။ အန်တိုနီယို ကို အကောင်းဆုံး ဟန့်တား သွားနိုင် ခဲ့သလို ဘောလုံး ယှဉ်လု မှု ၊ ဖျက်ထုတ် မှု တွေကို လည်း သေသေ သပ်သပ် လုပ်ဆောင် ပြသွား နိုင်ခဲ့ ပါတယ် ။
ဇင်ချန်ကို ( 7 )
မန်စီးတီး အသင်း မှာ တစ်စ ထက် တစ်စ နေရာ ရလာ တဲ့ ကစားသမား ဖြစ်ပြီး ခြေစွမ်း လျော့ကျ သွားခြင်း မရှိတဲ့ ကစား သမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ လာပေါ်တေး နဲ့ စတုန်း တို့ကို တစ်ကယ့် အထောက်အပံ့ ကောင်းတွေ ပေးနိုင် ခဲ့ ပါတယ် ။
ရိုဒရီ ( 8 )
ကစားသမား သစ် ဖြစ်နေ ပေမယ့် အသင်း အတွက် တစ်ကယ့် ကို ကောင်းမွန်စွာ ကစား ပြသွား နိုင်ခဲ့ ပါတယ် ။ အသင်း မှာ အထိုင်ကျ လာတာ နဲ့ အမျှ ပိုကောင်း လာမဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဘောလုံး ပေးပို့ ရာမှာ အမှား အနည်းငယ် ရှိခဲ့ ပါတယ် ။
ဒေးဗစ် ဆေးလ်ဗား ( 6 )
အသင်း ခေါင်းဆောင် ဆေးလ်ဗား ကတော့ ခံစစ် ပိုင်းဖက် ဦးစားပေး ကစား ခဲ့ပြီး အသင်းဖော် ဒီဘရိုင်း ကို တိုက်စစ် တက် ကစား ဖို့ ကူညီပေး နိုင်ခဲ့ ပါတယ် ။
ကယ်ဗင် ဒီဘရိုင်း ( 7 )
ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒဏ်ရာ တွေ အကြား ရုန်းကန် နေခဲ့ ရတဲ့ ဒီဘရိုင်း ဟာ အကောင်းဆုံး ခြေစွမ်း တွေနဲ့ ပြန်လာ နိုင်ခဲ့ ပါတယ် ။ စတာလင်း အတွက် ဂိုး ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

မာရက်ဇ် ( 8 )
ညာ တောင်ပံ တစ်လျောက် မှာ အထင် ကြီးဖွယ် ခြေစွမ်း ကောင်းတွေ ပြသ သွားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် ဖေဘယန်စကီး ကိုလည်း ဒုက္ခ တွေ ပေးသွား နိုင်ခဲ့ ပါတယ် ။ အသင်း အတွက် သွင်းဂိုး 2 ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။
စတာလင်း ( 10 )
ချွင်းချက် မရှိ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။ သူဟာ ပွဲ ကစား ချိန် တစ်လျောက် အထူး ခြေစွမ်း ကောင်းတွေ ပြသ နိုင် ခဲ့ပြီး ဒီ ရာသီ ပရီးမီးယား လိဂ်ရဲ့ ပထမဆုံး ဟတ်ထရစ် ဂိုးသွင်းရှင် ဖြစ်ခဲ့ ပါတယ် ။ အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။
ဂျီးဆပ် ( 9 )
တစ်ကယ့် ကို ကောင်းမွန် တဲ့ အဖွင့်ဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ သူဟာ ပွဲချိန် တစ်လျောက် တိုက်စစ် ပိုင်းတွေ သာ မက လိုအပ် တဲ့ အချိန် ကောင်းမွန် တဲ့ လုပ်အား တွေနဲ့ အတူ ခံစစ် အထိ ပါ ဆင်းကူ ကစားပေး သွားနိုင် ခဲ့ ပါတယ် ။
လူစားဝင် ကစားသမား များ …
အဂူရို ( 6 )
ဂန်ဒိုဂမ် ( 6 )
ဖိုဒန် ( 6 ) တို့ပဲ ဖြစ်ကြ ပါတယ် ။
#Sports_Myanmar